လူသစ္မေခၚဘဲ ဆယ္ေက်ာ္သက္ လူငယ္ခံစစ္မွဴးေလးကို အသင္းၾကီးထံ ဆြဲစိလိုက္တဲ့ ယူနိုက္တက္

မန္ခ်က္စတာ ယူနုိက္တက္ဟာ အေျပာင္းအေရႊ႕ ေစ်းကြက္မွာ ထူးျခားမႈ မရွိတဲ့ အခုိက္အတန္႔မွာပဲ အကယ္ဒမီမွ ဆယ္ေက်ာ္သက္ ေနာက္ခံကစားသမားေလး တန္ဒန္မန္ဂ်ီကို လူငယ္အသင္းကေန ယူႏိုက္တက္ စီနီယာအသင္းရဲ႕လူစာရင္းအတြင္းမွာ ထည့္သြင္းလိုက္ၿပီ ျဖစ္ပါတယ္။

အသက္(၁၈)ႏွစ္ အ႐ြယ္ရွိ မန္ခ်က္စတာၿမိဳ႕သားမန္ဂ်ီက ယူႏိုက္တက္အကယ္ဒမီကေန ေပၚထြက္လာခဲ့သူျဖစ္ၿပီး ယူ-၁၆ ယူ-၁၈နဲ႔ ယူ-၂၃အသင္းေတြမွာ ဆက္တိုက္ပါဝင္ကစားခဲ့ရသူျဖစ္ပါတယ္။ ၂၀၁၉ခုႏွစ္ ကမွ ယူႏိုက္တက္နဲ႔ ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ခ်ဳပ္ဆိုျဖစ္ခဲ့တဲ့ မန္ဂ်ီဟာ ယူႏိုက္တက္နဲ႔ အက္စတာနာအသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ အသင္းရဲ႕အရန္စာရင္းထဲ ပါဝင္ခဲ့ၿပီး LASK အသင္းနဲ႔ ရင္ဆိုင္ကစားခဲ့ရတဲ့ ယူ႐ိုပါလိဂ္ပြဲမွသာ အသင္းႀကီးအတြက္ ပထမဆုံးပြဲထြက္ကစားခဲ့ရတာျဖစ္ပါတယ္။

ဒီနွစ္မွာေတာ့ မန္ဂ်ီဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီအတြက္ ယူႏိုက္တက္စီနီယာအသင္းႀကီးရဲ႕ လူစာရင္းထဲမွာ ထည့္သြင္းခံလိုက္ရတာေၾကာင့္ မၾကာခင္မွာပဲ သူရဲ႕စီနီယာကစားသမားႀကီးေတြနဲ႔ တြဲဖက္ကစားရေတာ့မွာျဖစ္ပါတယ္။

မန္ဂ်ီဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက အက္စတြန္ဗီလာအသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ တစ္ပြဲတည္းေသာ ရာသီႀကိဳေျခစမ္းပြဲမွာ ယူႏိုက္တက္အသင္းအတြက္ မိနစ္(၃၀)ခန႔္ ပါဝင္ကစားေပးသြားခဲ့ၿပီး သူ႔ကိုလည္း နည္းျပဆိုးလ္ရွားကိုယ္တိုင္ကပါ ယူႏိုက္တက္အသင္းႀကီးအတြက္ ပါဝင္ကစားႏိုင္မယ့္ အရည္အေသြးမ်ိဳးရွိသူလို႔ပါ ခ်ီးမြမ္းသြားခဲ့ပါတယ္။

ဒါ့အျပင္ မန္ဂ်ီဟာ ဆဲလ္ဖိုဒ့္အသင္းနဲ႔ ကစားသြားခဲ့ရတဲ့ EFL Trophy ရွံးထြက္ပြဲစဥ္မွာလည္း ယူႏိုက္တက္ယူ-၂၁အသင္းအတြက္ ပါဝင္ခဲ့ၿပီး အသင္းကို Clean Sheet ႏိုင္ပြဲရေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့ပါတယ္။

အဂၤလန္-အန္ဂိုလာႏြယ္ဖြား မန္ဂ်ီဟာ ဗဟိုေနာက္ခံေနရာမွာ အဓိက ကစားတတ္သူျဖစ္ၿပီး ယူႏိုက္တက္မွာကလည္း ဗဟိုေနာက္ခံ ေနရာအတြက္ အရည္အေသြးေကာင္းတဲ့ ကစားသမားတစ္ေယာက္ကို လိုအပ္ေနတာျဖစ္ကာ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားနဲ႔ တြဲဖက္ဖို႔အတြက္ ကစားသမားလိုအပ္ေနတာမို႔ ဒီေနရာကို မန္ဂ်ီက ဝင္ေရာက္လာႏိုင္မလားဆိုတာ စိတ္ဝင္စားစရာေကာင္းေနပါတယ္။ ဒါ့အျပင္ ဆိုးလ္ရွားအေနနဲ႔ကလည္း အကယ္ဒမီက လူငယ္ ၃၊ ၄ ေယာက္ေလာက္ထိကိုလည္း အသင္းႀကီးထံ ေခၚေဆာင္သြားဖြယ္ ရွိေနပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ ထူးခြားမှု မရှိတဲ့ အခိုက်အတန့်မှာပဲ အကယ်ဒမီမှ ဆယ်ကျော်သက် နောက်ခံကစားသမားလေး တန်ဒန်မန်ဂျီကို လူငယ်အသင်းကနေ ယူနိုက်တက် စီနီယာအသင်းရဲ့လူစာရင်းအတွင်းမှာ ထည့်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

အသက်(၁၈)နှစ် အရွယ်ရှိ မန်ချက်စတာမြို့သားမန်ဂျီက ယူနိုက်တက်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ယူ-၁၆ ယူ-၁၈နဲ့ ယူ-၂၃အသင်းတွေမှာ ဆက်တိုက်ပါဝင်ကစားခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၉ခုနှစ် ကမှ ယူနိုက်တက်နဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုဖြစ်ခဲ့တဲ့ မန်ဂျီဟာ ယူနိုက်တက်နဲ့ အက်စတာနာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အသင်းရဲ့အရန်စာရင်းထဲ ပါဝင်ခဲ့ပြီး LASK အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲမှသာ အသင်းကြီးအတွက် ပထမဆုံးပွဲထွက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ မန်ဂျီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ယူနိုက်တက်စီနီယာအသင်းကြီးရဲ့ လူစာရင်းထဲမှာ ထည့်သွင်းခံလိုက်ရတာကြောင့် မကြာခင်မှာပဲ သူရဲ့စီနီယာကစားသမားကြီးတွေနဲ့ တွဲဖက်ကစားရတော့မှာဖြစ်ပါတယ်။

မန်ဂျီဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ တစ်ပွဲတည်းသော ရာသီကြိုခြေစမ်းပွဲမှာ ယူနိုက်တက်အသင်းအတွက် မိနစ်(၃၀)ခန့် ပါဝင်ကစားပေးသွားခဲ့ပြီး သူ့ကိုလည်း နည်းပြဆိုးလ်ရှားကိုယ်တိုင်ကပါ ယူနိုက်တက်အသင်းကြီးအတွက် ပါဝင်ကစားနိုင်မယ့် အရည်အသွေးမျိုးရှိသူလို့ပါ ချီးမွမ်းသွားခဲ့ပါတယ်။

ဒါ့အပြင် မန်ဂျီဟာ ဆဲလ်ဖိုဒ့်အသင်းနဲ့ ကစားသွားခဲ့ရတဲ့ EFL Trophy ရှံးထွက်ပွဲစဉ်မှာလည်း ယူနိုက်တက်ယူ-၂၁အသင်းအတွက် ပါဝင်ခဲ့ပြီး အသင်းကို Clean Sheet နိုင်ပွဲရအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်-အန်ဂိုလာနွယ်ဖွား မန်ဂျီဟာ ဗဟိုနောက်ခံနေရာမှာ အဓိက ကစားတတ်သူဖြစ်ပြီး ယူနိုက်တက်မှာကလည်း ဗဟိုနောက်ခံ နေရာအတွက် အရည်အသွေးကောင်းတဲ့ ကစားသမားတစ်ယောက်ကို လိုအပ်နေတာဖြစ်ကာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ဖို့အတွက် ကစားသမားလိုအပ်နေတာမို့ ဒီနေရာကို မန်ဂျီက ဝင်ရောက်လာနိုင်မလားဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါ့အပြင် ဆိုးလ်ရှားအနေနဲ့ကလည်း အကယ်ဒမီက လူငယ် ၃၊ ၄ ယောက်လောက်ထိကိုလည်း အသင်းကြီးထံ ခေါ်ဆောင်သွားဖွယ် ရှိနေပါတယ်။