ကြင္းလယ္ ဘယ္ေနရာကမဆို ကစားနိုင္တယ္ ဆိုတဲ့ ယံုၾကည္မႈ အျပည့္နဲ႕ သရဲနီသစ္ ဒြန္နီ ဗန္ဒီဘိခ္

ယူနိုက္တက္ အသစ္ ေခၚယူထားတဲ့ နယ္သာလန္သား ကြင္းလယ္ကစားသမား ဒြန္နီ ဗန္ဒီဘိခ္ကေတာ့ နည္းျပ ဆိုးရွားရဲ႕ ပြဲထြက္ ကစားသမားစာရင္းမွာ ပါဝင္လာၿပီး အံ့ဝင္ခြင္က်ျဖစ္ဖို႔အတြက္ ယုံၾကည္မႈရွိေၾကာင္း ဆိုလိုက္ကာ ကြင္းလယ္ ဘယ္ေနရာက မဆို ကစားနိုင္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဗန္ဒီဘိခ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ယခုေႏြရာသီမွာ ပထမဆုံးေခၚယူမႈျဖစ္ၿပီး နယ္သာလန္ အင္အားႀကီးကလပ္အသင္းျဖစ္တဲ့ ေအဂ်က္ဇ္ကေန ေျပာင္းေ႐ြ႕ေၾကး ေပါင္၃၅သန္းနဲ႔ ေရာက္ရွိလာတာျဖစ္ပါတယ္။

အသက္၂၃ႏွစ္ ရွိၿပီျဖစ္တဲ့ ေအဂ်က္ဇ္ကြင္းလယ္လူေဟာင္းကေတာ့ ယူႏိုက္တက္ရဲ႕ ကြင္းလယ္မွာ ေပါလ္ေပါ့ဘာ၊ ဘ႐ူႏိုဖာနန္ဒက္စ္တို႔နဲ႔ တြဲဖက္ကစားသြားဖို႔ ရွိေနေပမယ့္ ထိုကစားသမား ၂ဦးဟာ ဒြန္နီဗန္ဒီဘိခ္နဲ႔ ကစားတဲ့ေနရာျခင္း ဆင္တူသူေတြ ျဖစ္ၾကပါတယ္။

ဗန္ဒီဘိခ္က “ကြၽန္ေတာ္ ကြင္းလယ္ရဲ႕ ဘယ္ေနရာမွာမဆို ကစားႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ကြၽန္ေတာ္ အမ်ားႀကီး ေျပာင္းလဲခဲ့ပါတယ္။ ကြင္းလယ္ရဲ႕ နံပါတ္ ၆ေနရာ၊ နံပါတ္ ၈ေနရာ၊ နံပါတ္ ၁၀ေနရာေတြမွာ ကစားႏိုင္ပါတယ္။

ဒါဟာ အဓိက အခ်က္ မဟုတ္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ အားသားခ်က္ေတြထဲက တစ္ခုျဖစ္တဲ့ ဧရိယာထဲကိုသြားဖို႔ ဂိုးေတြသြင္းယူဖို႔နဲ႔ ဂိုးဖန္တီးေပးဖို႔ကို ျပဳလုပ္ႏိုင္မယ္လို႔ ထင္တယ္။ လြတ္လြတ္လပ္လပ္ ကစားခြင့္သာ ရမယ္ဆိုရင္ ေနရာတိုင္းမွာ ကစားႏိုင္ပါမယ္။

အသင္းရဲ႕ ကစားပုံဟာ အၿမဲတမ္း ေကာင္းမြန္စြာ ဟန္ခ်က္ညီေနဖို႔ လိုပါတယ္။ ဒါေၾကာင့္ ကြင္းလယ္လူတိုင္းဟာ တိုက္စစ္ကို လိုက္သြားလို႔ မရပါဘူး။ ပါးပါးနပ္နပ္ ကစားသြားဖို႔ လိုပါတယ္။” လို႔ ေျပာဆိုခဲ့ပါတယ္။

၄င္းဟာ ေအဂ်က္ဇ္အသင္းမွာ ဥေရာပရဲ႕ အေကာင္းဆုံး ကြင္းလယ္လူေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရၿပီး ဒီ ေဘာလုံးရာသီမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္မွာ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္သြားရမွာပါ။

Unicode

ယူနိုက်တက် အသစ် ခေါ်ယူထားတဲ့ နယ်သာလန်သား ကွင်းလယ်ကစားသမား ဒွန်နီ ဗန်ဒီဘိခ်ကတော့ နည်းပြ ဆိုးရှားရဲ့ ပွဲထွက် ကစားသမားစာရင်းမှာ ပါဝင်လာပြီး အံ့ဝင်ခွင်ကျဖြစ်ဖို့အတွက် ယုံကြည်မှုရှိကြောင်း ဆိုလိုက်ကာ ကွင်းလယ် ဘယ်နေရာက မဆို ကစားနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယခုနွေရာသီမှာ ပထမဆုံးခေါ်ယူမှုဖြစ်ပြီး နယ်သာလန် အင်အားကြီးကလပ်အသင်းဖြစ်တဲ့ အေဂျက်ဇ်ကနေ ပြောင်းရွေ့ကြေး ပေါင်၃၅သန်းနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။

အသက်၂၃နှစ် ရှိပြီဖြစ်တဲ့ အေဂျက်ဇ်ကွင်းလယ်လူဟောင်းကတော့ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ပေါလ်ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်တို့နဲ့ တွဲဖက်ကစားသွားဖို့ ရှိနေပေမယ့် ထိုကစားသမား ၂ဦးဟာ ဒွန်နီဗန်ဒီဘိခ်နဲ့ ကစားတဲ့နေရာခြင်း ဆင်တူသူတွေ ဖြစ်ကြပါတယ်။

ဗန်ဒီဘိခ်က “ကျွန်တော် ကွင်းလယ်ရဲ့ ဘယ်နေရာမှာမဆို ကစားနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော် အများကြီး ပြောင်းလဲခဲ့ပါတယ်။ ကွင်းလယ်ရဲ့ နံပါတ် ၆နေရာ၊ နံပါတ် ၈နေရာ၊ နံပါတ် ၁၀နေရာတွေမှာ ကစားနိုင်ပါတယ်။

ဒါဟာ အဓိက အချက် မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ အားသားချက်တွေထဲက တစ်ခုဖြစ်တဲ့ ဧရိယာထဲကိုသွားဖို့ ဂိုးတွေသွင်းယူဖို့နဲ့ ဂိုးဖန်တီးပေးဖို့ကို ပြုလုပ်နိုင်မယ်လို့ ထင်တယ်။ လွတ်လွတ်လပ်လပ် ကစားခွင့်သာ ရမယ်ဆိုရင် နေရာတိုင်းမှာ ကစားနိုင်ပါမယ်။

အသင်းရဲ့ ကစားပုံဟာ အမြဲတမ်း ကောင်းမွန်စွာ ဟန်ချက်ညီနေဖို့ လိုပါတယ်။ ဒါကြောင့် ကွင်းလယ်လူတိုင်းဟာ တိုက်စစ်ကို လိုက်သွားလို့ မရပါဘူး။ ပါးပါးနပ်နပ် ကစားသွားဖို့ လိုပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

၎င်းဟာ အေဂျက်ဇ်အသင်းမှာ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရပြီး ဒီ ဘောလုံးရာသီမှာတော့ မန်ချက်စတာယူနိုက်တက်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်သွားရမှာပါ။