အသင္းေဖာ္သစ္ေတြရဲ႕ ပြဲထဲက ေျခစြမ္းကို ေ၀ဖန္ျပစ္တင္လိုက္တဲ့ ယူနိုက္တက္ ကြင္းလယ္ ဗန္ဒီဘိခ္

ပဲေလ့စ္ အသင္းကို အိမ္ကြင္းမွာပဲ ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီးေနာက္ ယူႏိုက္တက္ ကစားသမားသစ္ ဗန္ဒီဘိခ္က အသင္းေဖာ္ေတြရဲ႕ ေျခစြမ္းကို ျပစ္တင္မႈေတြျပဳလုပ္သြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ၃-၁ နဲ႔ အေရးနိမ့္ခဲ့တာျဖစ္ၿပီး ဗန္ဒီဘိခ္က လူစားလဲဝင္ေရာက္ခဲ့ၿပီးေနာက္ အသင္း အတြက္ ေမွ်ာ္လင့္ခ်က္ျဖစ္ေစမယ့္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ေနာက္ထပ္ဂိုးေပးခဲ့ရကာ အေရးနိမ့္ခဲ့ရပါတယ္။

ပြဲအၿပီး အင္တာဗ်ဴးမွာ ဗန္ဒီဘိခ္က “ဒီေန႔ပြဲအတြက္ အသင္းသားေတြမွၾ လုံေလာက္တဲ့ စြမ္းေဆာင္ရည္မရွိခဲ့့ပါဘူး၊ ၿပီးခဲ့တဲ့တစ္ပတ္က ေလ့က်င့္ေရးကြင္းမွာ တကယ္ေကာင္းမြန္ခဲ့ၾကပါတယ္၊ အရည္အေသြးျပည့္ဝၿပီးေတာ့ ကြၽန္ေတာ္တို႔ ကစားတာ ျမန္ဆန္ခဲ့ပါတယ္၊ ဒါေပမယ့္ ဒီေန႔မွာေတာ့ အရမ္းေႏွးေကြးခဲ့ၾကပါတယ္”

“ပထမဆုံးပြဲမွာ အႏိုင္ရခ်င္ခဲ့ေပမယ့လည္း ျဖစ္မလာခဲ့ပါဘူး၊ ဒီအတြက္ ကြၽန္ေတာ္အရမ္းစိတ္ပ်က္ရၿပီးေတာ့ အိမ္ကြင္းမွာ ၁-၃ နဲ႔ ရႈံးနိမ့္ခဲ့တာက တကယ္ဆိုး႐ြားပါတယ္၊ ပဲေလ့စ္လို အသင္းနဲ႔ကစားရင္ ပိုၿပီးေတာ့ ျမန္ျမန္ဆန္ဆန္ကကစားႏိုင္ရမယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္၊ ၿပီးေတာ့ ပြဲခ်ိန္အတါင္းမွာ ဖန္တီးမႈေတြလည္း လုပ္ႏိုင္ရမွာပါ၊ ဒါေပမယ့္ အဲဒီလိုလုပ္ႏိုင္ဖို႔ မလုံေလာက္ခဲ့ပါဘူး” လို႔ ဗန္ဒီဘိခ္က ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ ဒီပြဲဟာ ဒီရာသီရဲ႕ ပထမဆုံးပြဲျဖစ္ၿပီး ပဲေလ့စ္ကေတာ့ ေဆာက္သမ္တန္နဲ႔ ကစားၿပီးျဖစ္ကာ ႏိုင္ပြဲရရွိထားခဲ့လို႔ ႏွစ္ပြဲဆက္ႏိုင္ပြဲရရွိခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ေတာ့ စိုးရိမ္စရာပုံစံမ်ိဳးျဖစ္ေနၿပီး အသင္းပရိသတ္ေတြကလည္း ရလဒ္အေပၚမွာ ေတာ္ေတာ္ေလးစိတ္ပ်က္ေနၾကကာ ေဝဖန္ျပစ္တင္မႈေတြလည္း ရွိေနခဲ့ၿပီျဖစ္ပါတယ္။

Unicode

ပဲလေ့စ် အသင်းကို အိမ်ကွင်းမှာပဲ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက် ကစားသမားသစ် ဗန်ဒီဘိခ်က အသင်းဖော်တွေရဲ့ ခြေစွမ်းကို ပြစ်တင်မှုတွေပြုလုပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ၃-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဗန်ဒီဘိခ်က လူစားလဲဝင်ရောက်ခဲ့ပြီးနောက် အသင်း အတွက် မျှော်လင့်ချက်ဖြစ်စေမယ့် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း နောက်ထပ်ဂိုးပေးခဲ့ရကာ အရေးနိမ့်ခဲ့ရပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ ဗန်ဒီဘိခ်က “ဒီနေ့ပွဲအတွက် အသင်းသားတွေမြှ လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိခဲ့ပါဘူး၊ ပြီးခဲ့တဲ့တစ်ပတ်က လေ့ကျင့်ရေးကွင်းမှာ တကယ်ကောင်းမွန်ခဲ့ကြပါတယ်၊ အရည်အသွေးပြည့်ဝပြီးတော့ ကျွန်တော်တို့ ကစားတာ မြန်ဆန်ခဲ့ပါတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ အရမ်းနှေးကွေးခဲ့ကြပါတယ်”

“ပထမဆုံးပွဲမှာ အနိုင်ရချင်ခဲ့ပေမယ့လည်း ဖြစ်မလာခဲ့ပါဘူး၊ ဒီအတွက် ကျွန်တော်အရမ်းစိတ်ပျက်ရပြီးတော့ အိမ်ကွင်းမှာ ၁-၃ နဲ့ ရှုံးနိမ့်ခဲ့တာက တကယ်ဆိုးရွားပါတယ်၊ ပဲလေ့စ်လို အသင်းနဲ့ကစားရင် ပိုပြီးတော့ မြန်မြန်ဆန်ဆန်ကကစားနိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ပြီးတော့ ပွဲချိန်အတါင်းမှာ ဖန်တီးမှုတွေလည်း လုပ်နိုင်ရမှာပါ၊ ဒါပေမယ့် အဲဒီလိုလုပ်နိုင်ဖို့ မလုံလောက်ခဲ့ပါဘူး” လို့ ဗန်ဒီဘိခ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အတွက် ဒီပွဲဟာ ဒီရာသီရဲ့ ပထမဆုံးပွဲဖြစ်ပြီး ပဲလေ့စ်ကတော့ ဆောက်သမ်တန်နဲ့ ကစားပြီးဖြစ်ကာ နိုင်ပွဲရရှိထားခဲ့လို့ နှစ်ပွဲဆက်နိုင်ပွဲရရှိခဲ့ပါတယ်။

ယူနိုက်တက်အတွက်တော့ စိုးရိမ်စရာပုံစံမျိုးဖြစ်နေပြီး အသင်းပရိသတ်တွေကလည်း ရလဒ်အပေါ်မှာ တော်တော်လေးစိတ်ပျက်နေကြကာ ဝေဖန်ပြစ်တင်မှုတွေလည်း ရှိနေခဲ့ပြီဖြစ်ပါတယ်။