ဗန္ဒီဘီ ေခၚထားရံုနဲ႕ မျပီးဘူးလို႔ ယူနိုက္တက္ အသင္း တာ၀န္ရွိသူေတြကို လုခ္ေရွာ သတိေပး

ယူနိုက္တက္ရဲ႕ ဘယ္ေနာက္ခံလူ လုေရွာ့ကေတာ့ လက္ရွိရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္မွာ ကြင္းလယ္လူ ဗန္ဒီဘီကိုပဲ ေခၚယူႏိုင္ခဲ့တာကို မလုံေလာက္ဘူးလို႔ ယူဆၿပီး လက္ရွိ အသင္းကို အားျဖည့္ဖို႔ ကစားသမားသစ္ေတြ ေနာက္ထပ္ ေခၚယူရလိမ့္မယ္လို႔ တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။

နည္းျပ ဆိုးလ္ရွားရဲ႕ မန္ယူအသင္းဟာ ပဲေလ့စ္အသင္းနဲ႔ ကစားသြားခဲ့တဲ့ သူတို႔ရဲ႕ လက္ရွိရာသီ ပရီးမီးယားလိဂ္ အဖြင့္ ပြဲစဥ္မွာ လိုအပ္ခ်က္ ေတြ မ်ားေနခဲ့တာ ျဖစ္ၿပီး ဂိုးေပါက္တည့္ ကန္သြင္းမႈ (၄) ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ပဲေလ့စ္အသင္းကို အိမ္ကြင္းမွာ (၃-၁) ရလဒ္နဲ႔ ရႈံးခဲ့ပါတယ္။

မန္ယူနိုက္တက္ အသင္းဟာ ဗဟိုခံစစ္မႉး၊ ညာေတာင္ပံ နဲ႔ အေထာင္ တိုက္စစ္မႉး ေခၚယူဖို႔ လိုအပ္တယ္လို႔ အသင္းရဲ႕ ဂႏၲဝင္ ကစားသမား ေဟာင္းေတြရဲ႕ ေထာက္ျပမႈကို ခံခဲ့ရတာ ျဖစ္ေပမယ့္လည္း ေခၚယူျခင္း မရွိခဲ့တာ ျဖစ္ၿပီး လက္ရွိရာသီမွာ ကြင္းလယ္လူ ဗန္ဒီဘီကို ေအဂ်က္အသင္းကေန ေခၚယူခဲ့ပါတယ္။

လက္ရွိရာသီ အေျပာင္းအေ႐ြ႕ ေဈးကြက္ဟာ လာမယ့္ ေအာက္တိုဘာလ (၅) ရက္ေန႔၊ ပိတ္မွာ ျဖစ္တာေၾကာင့္ မန္ယူအသင္းအေနနဲ႔ အလွ်င္အျမန္ လႈပ္ရွားဖို႔ လိုအပ္ၿပီး ယူနိုက္တက္ ေနာက္ခံ ကစားသမား လုေရွာ့ကေတာ့ ကစားသမားသစ္ေတြ ေခၚယူရလိမ့္မယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

လုေရွာ့က “ကြၽန္ေတာ္တို႔မွာ အလြန္ ေကာင္းတဲ့ အဖြဲ႕ေတြ ရွိပါတယ္။ ဒါေပမယ့္ တစ္ဦးတည္း အျမင္ေျပာရမယ္ ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔ အသင္းကို အားျဖည့္ႏိုင္ဖို႔အတြက္ ကစားသမားသစ္ေတြ ေနာက္ထပ္ လိုအပ္တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ေခၚယူမႈ အသစ္က တိုးတတ္မႈကို ေပးႏိုင္ပါတယ္။

အျခားအသင္းေတြက သူတို႔ရဲ႕ အသင္းကို အားျဖည့္ေနၾကတာေတြ ၾကည့္မယ္ ဆိုရင္ ကြၽန္ေတာ္တို႔အေနနဲ႔လည္း အျခားအသင္းေတြလို အားျဖည့္ဖို႔ လုပ္ကို လုပ္ရပါမယ္။ ပဲေလ့စ္နဲ႔ ပြဲစဥ္မွာ အရာအားလုံး လြဲခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ အျမင္အရဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ ရရွိခဲ့တဲ့ ရာသီႀကိဳ ပြဲစဥ္က ျဖစ္သင့္တဲ့ နည္းလမ္း မဟုတ္ပါဘူး။

ကြၽန္ေတာ္တို႔ လိုအခ်င္တဲ့ ပုံစံအတိုင္း မျပင္ဆင္ႏိုင္ခဲ့ပါဘူး။ ဒီဟာက ဆင္ေျခမဟုတ္ဘူး။ ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ကြၽန္ေတာ္တို႔မွာ ဒီလိုပြဲစဥ္မ်ိဳးကို အႏိုင္ရႏိုင္ေအာင္ အရည္အခ်င္း ရွိတဲ့ ကစားသမားေတြ ရွိေနၾကပါတယ္”လို႔ ေျပာခဲ့ပါတယ္။

Unicode

ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ လုရှော့ကတော့ လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်မှာ ကွင်းလယ်လူ ဗန်ဒီဘီကိုပဲ ခေါ်ယူနိုင်ခဲ့တာကို မလုံလောက်ဘူးလို့ ယူဆပြီး လက်ရှိ အသင်းကို အားဖြည့်ဖို့ ကစားသမားသစ်တွေ နောက်ထပ် ခေါ်ယူရလိမ့်မယ်လို့ တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ပဲလေ့စ်အသင်းနဲ့ ကစားသွားခဲ့တဲ့ သူတို့ရဲ့ လက်ရှိရာသီ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်မှာ လိုအပ်ချက် တွေ များနေခဲ့တာ ဖြစ်ပြီး ဂိုးပေါက်တည့် ကန်သွင်းမှု (၄) ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ (၃-၁) ရလဒ်နဲ့ ရှုံးခဲ့ပါတယ်။

မန်ယူနိုက်တက် အသင်းဟာ ဗဟိုခံစစ်မှူး၊ ညာတောင်ပံ နဲ့ အထောင် တိုက်စစ်မှူး ခေါ်ယူဖို့ လိုအပ်တယ်လို့ အသင်းရဲ့ ဂန္တဝင် ကစားသမား ဟောင်းတွေရဲ့ ထောက်ပြမှုကို ခံခဲ့ရတာ ဖြစ်ပေမယ့်လည်း ခေါ်ယူခြင်း မရှိခဲ့တာ ဖြစ်ပြီး လက်ရှိရာသီမှာ ကွင်းလယ်လူ ဗန်ဒီဘီကို အေဂျက်အသင်းကနေ ခေါ်ယူခဲ့ပါတယ်။

လက်ရှိရာသီ အပြောင်းအရွေ့ ဈေးကွက်ဟာ လာမယ့် အောက်တိုဘာလ (၅) ရက်နေ့၊ ပိတ်မှာ ဖြစ်တာကြောင့် မန်ယူအသင်းအနေနဲ့ အလျှင်အမြန် လှုပ်ရှားဖို့ လိုအပ်ပြီး ယူနိုက်တက် နောက်ခံ ကစားသမား လုရှော့ကတော့ ကစားသမားသစ်တွေ ခေါ်ယူရလိမ့်မယ်လို့ တိုက်တွန်းခဲ့ပါတယ်။

လုရှော့က “ကျွန်တော်တို့မှာ အလွန် ကောင်းတဲ့ အဖွဲ့တွေ ရှိပါတယ်။ ဒါပေမယ့် တစ်ဦးတည်း အမြင်ပြောရမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ အသင်းကို အားဖြည့်နိုင်ဖို့အတွက် ကစားသမားသစ်တွေ နောက်ထပ် လိုအပ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ခေါ်ယူမှု အသစ်က တိုးတတ်မှုကို ပေးနိုင်ပါတယ်။

အခြားအသင်းတွေက သူတို့ရဲ့ အသင်းကို အားဖြည့်နေကြတာတွေ ကြည့်မယ် ဆိုရင် ကျွန်တော်တို့အနေနဲ့လည်း အခြားအသင်းတွေလို အားဖြည့်ဖို့ လုပ်ကို လုပ်ရပါမယ်။ ပဲလေ့စ်နဲ့ ပွဲစဉ်မှာ အရာအားလုံး လွဲခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ရဲ့ အမြင်အရဆိုရင်တော့ ကျွန်တော်တို့ ရရှိခဲ့တဲ့ ရာသီကြို ပွဲစဉ်က ဖြစ်သင့်တဲ့ နည်းလမ်း မဟုတ်ပါဘူး။

ကျွန်တော်တို့ လိုအချင်တဲ့ ပုံစံအတိုင်း မပြင်ဆင်နိုင်ခဲ့ပါဘူး။ ဒီဟာက ဆင်ခြေမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင်တော့ ကျွန်တော်တို့မှာ ဒီလိုပွဲစဉ်မျိုးကို အနိုင်ရနိုင်အောင် အရည်အချင်း ရှိတဲ့ ကစားသမားတွေ ရှိနေကြပါတယ်”လို့ ပြောခဲ့ပါတယ်။