ဆိုးလ္ရွားနဲ႕ေတာ့ ယူနိုက္တက္ ပရီးမီးယားလိဂ္ ဖလား မရနုိင္ဘူးလို႔ ေထာက္ျပမႈ

ပရီးမီးယားလိဂ္ မွာ ဆုဖလား ေအာင္ျမင္မႈအမ်ားဆံုးရထားခဲ့တဲ့ ယူႏိုက္တက္အေနနဲ႔ လက္ရွိနည္းျပ ဆိုးလ္ရွားရဲ႕ လက္ေအာက္မွာေတာ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရရွိမွာမဟုတ္ဘူးလို႔ Goal သတင္းဌာနရဲ႕ ေဆာင္းပါးရွင္ အဲလက္စ္ကီဘယ္လ္က ေဖာ္ျပခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အမွတ္ေပးခ်န္ပီယံအျဖစ္ အၾကိမ္ ၂၀ ေျမာက္ကို ၂၀၁၃ ခုႏွစ္က ေနာက္ဆံုး ရရွိခဲ့တာပဲ ျဖစ္ပါတယ္။ အသင္းရဲ႕ ဂႏၱဝင္နည္းျပၾကီး ဆာအဲလက္ဖာဂူဆန္ အနားယူၿပီးေနာက္မွာ အမွတ္ေပးခ်န္ပီယံဆုကို ယူႏိုက္တက္အေနနဲ႔ မရခဲ့သလို ၿပိဳင္ဘက္ အသင္းေတြကလည္း အာဆင္နယ္အျပင္ ခ်ဲလ္ဆီး၊ လီဗာပူးနဲ႔ မန္စီးတီးတို႔ ျဖစ္လာပါတယ္။

ရုရွား သူေဌးပိုင္ဆိုင္တဲ့ ခ်ဲလ္ဆီးအသင္းရဲ႕ျပင္ဆင္မႈေတြနဲ႔ လီဗာပူး၊ မန္စီးတီးတို႔ရဲ႕ လက္ရွိစြမ္းေဆာင္ရည္ေၾကာင့္ ယူႏိုက္တက္ အေနနဲ႔ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ အတြက္ ခက္ခဲေၾကာင္းကို အဲလက္စ္ကီဘယ္လ္က သံုးသပ္ေဖာ္ျပခဲ့တာပဲ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ကိုဗစ္အလြန္ပြဲစဥ္ေတြမွာ ေျခစြမ္းေကာင္းရခဲ့တာေၾကာင့္ ဒီရာသီမွာ ေအာင္ျမင္မႈျပန္ရႏိုင္မယ္လို႔ ပရိသတ္ေတြအေနနဲ႔ ေမွ်ာ္လင့္ထားၾကေပမယ့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္အျဖစ္ကစားတဲ့ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ယူႏိုက္ တက္အသင္းရဲ႕ကစားပံုက စြဲမက္စရာမရွိသလို၊ အားနည္းခ်က္ေတြလည္း ရွိေနတယ္ဆိုၿပီး ေဖာ္ျပခဲ့ၾကပါတယ္။ ယူႏိုက္တက္ဟာ ခရစၥတယ္ပဲေလ့စ္ကို အိမ္ကြင္းမွာ ကစားရတာျဖစ္ေပမယ့္ သံုးဂိုးတစ္ဂိုးနဲ႔ ရႈံးနိမ့္ခဲ့တာပဲ ျဖစ္ပါတယ္။

ေဆာင္းပါးရွင္ျဖစ္တဲ့ အဲလက္စ္ကီဘယ္လ္က ေမာ္ဒန္ေဘာလံုးေလာကမွာ တိုက္စစ္အားျပဳကစားတဲ့အသင္းက ျပိဳင္ဘက္ ကို အသာ ရေလ့ရွိတယ္ လို႔ ေရးသားေဖာ္ျပခဲ့ၿပီး လီဗာပူး၊ မန္စီးတီးတို႔ရဲ႕ ကစားဟန္အျပင္ ခ်ဲလ္ဆီး၊စပါးတို႔ရဲ႕ ကစားဟန္ ေတြအေၾကာင္းကိုလည္း ေဖာ္ျပခဲ့ပါတယ္။

ေမာ္ရင္ဟိုလို ခံစစ္အားျပဳတဲ့ နည္းျပမ်ိဳးေတာင္ တိုက္စစ္ဆင္ ကစားေနခ်ိန္မွာ ယူႏိုက္တက္ရဲ႕ တိုက္စစ္က အားရစရာ မရွိဘူးလို႔လည္း အဲလက္စ္ ကီဘယ္လ္က ေရးသားခဲ့တာ ျဖစ္ပါတယ္။

Unicode

ပရီးမီးယားလိဂ် မှာ ဆုဖလား အောင်မြင်မှုအများဆုံးရထားခဲ့တဲ့ ယူနိုက်တက်အနေနဲ့ လက်ရှိနည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိမှာမဟုတ်ဘူးလို့ Goal သတင်းဌာနရဲ့ ဆောင်းပါးရှင် အဲလက်စ်ကီဘယ်လ်က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ဟာ အမှတ်ပေးချန်ပီယံအဖြစ် အကြိမ် ၂၀ မြောက်ကို ၂၀၁၃ ခုနှစ်က နောက်ဆုံး ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်ဖာဂူဆန် အနားယူပြီးနောက်မှာ အမှတ်ပေးချန်ပီယံဆုကို ယူနိုက်တက်အနေနဲ့ မရခဲ့သလို ပြိုင်ဘက် အသင်းတွေကလည်း အာဆင်နယ်အပြင် ချဲလ်ဆီး၊ လီဗာပူးနဲ့ မန်စီးတီးတို့ ဖြစ်လာပါတယ်။

ရုရှား သူဌေးပိုင်ဆိုင်တဲ့ ချဲလ်ဆီးအသင်းရဲ့ပြင်ဆင်မှုတွေနဲ့ လီဗာပူး၊ မန်စီးတီးတို့ရဲ့ လက်ရှိစွမ်းဆောင်ရည်ကြောင့် ယူနိုက်တက် အနေနဲ့ အမှတ်ပေးချန်ပီယံဖြစ်ဖို့ အတွက် ခက်ခဲကြောင်းကို အဲလက်စ်ကီဘယ်လ်က သုံးသပ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကိုဗစ်အလွန်ပွဲစဉ်တွေမှာ ခြေစွမ်းကောင်းရခဲ့တာကြောင့် ဒီရာသီမှာ အောင်မြင်မှုပြန်ရနိုင်မယ်လို့ ပရိသတ်တွေအနေနဲ့ မျှော်လင့်ထားကြပေမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ်ကစားတဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ ယူနိုက် တက်အသင်းရဲ့ကစားပုံက စွဲမက်စရာမရှိသလို၊ အားနည်းချက်တွေလည်း ရှိနေတယ်ဆိုပြီး ဖော်ပြခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ကစားရတာဖြစ်ပေမယ့် သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

ဆောင်းပါးရှင်ဖြစ်တဲ့ အဲလက်စ်ကီဘယ်လ်က မော်ဒန်ဘောလုံးလောကမှာ တိုက်စစ်အားပြုကစားတဲ့အသင်းက ပြိုင်ဘက် ကို အသာ ရလေ့ရှိတယ် လို့ ရေးသားဖော်ပြခဲ့ပြီး လီဗာပူး၊ မန်စီးတီးတို့ရဲ့ ကစားဟန်အပြင် ချဲလ်ဆီး၊စပါးတို့ရဲ့ ကစားဟန် တွေအကြောင်းကိုလည်း ဖော်ပြခဲ့ပါတယ်။

မော်ရင်ဟိုလို ခံစစ်အားပြုတဲ့ နည်းပြမျိုးတောင် တိုက်စစ်ဆင် ကစားနေချိန်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်က အားရစရာ မရှိဘူးလို့လည်း အဲလက်စ် ကီဘယ်လ်က ရေးသားခဲ့တာ ဖြစ်ပါတယ်။