ဆန္ခ်ိဳ အတြက္ ေနာက္ဆံုးအၾကိမ္ အျဖစ္ ကမ္းလွမ္းလိုက္တဲ့ မန္ခ်က္စတာ ယူနိုက္တက္

မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ ဦးစားေပးေခၚယူဖို႔အတြက္ လုပ္ေဆာင္ေနတဲ့ ေဒါ့မြန္ ေတာင္ပံကစားသမား ဆန္ခ်ိဳအတြက္ ေပါင္သန္း ၉၀ နဲ႔ ေနာက္ဆံုး အၾကိမ္အျဖစ္ ကမ္းလွမ္းမႈျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ေဒါ့မြန္ အသင္းဘက္ကေတာ့ အဂၤလန္လူငယ္ကစားသမားအတြက္ ေျပာင္းေရႊ႕ေၾကးေပါင္ ၁၀၈ သန္းကို တစ္ၿပိဳင္နက္တည္းနဲ႔ ရယူဖို႔ အလိုရွိေနတာပဲ ျဖစ္ပါတယ္။ အဂၤလန္သတင္းဌာနေတြ အဆိုအရေတာ့ ယူႏိုက္တက္က ဆန္ခ်ိဳရဲ႕ ေျပာင္းေရႊ႕ေၾကးအတြက္ ေပါင္ ၇၅ သန္းနဲ႔ အပိုဆုေၾကး ေပါင္ ၁၅ သန္းေပးကာ စုစုေပါင္း ေပါင္သန္း ၉၀ နဲ႔ ေနာက္ဆံုးကမ္းလွမ္းမႈျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ၾကပါတယ္။

ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္ဟာ ေအာက္တိုဘာလ ၅ ရက္ေန႔မွ ပိတ္မွာျဖစ္တာေၾကာင့္လက္က်န္ ၁၀ ရက္အတြင္း မွာ အေျပာင္းအေရႊ႕ ျဖစ္ေျမာက္သြားမလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

ေဒါ့မြန္အသင္းဘက္က တာဝန္ရွိသူေတြကေတာ့ သူတို႔ အသင္းရဲ႕ အဓိက ကစားသမားကို ဒီေျပာင္းေရႊ႕ေၾကးေလာက္နဲ႔ ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ျငင္းဆိုထားသလို ကစားသမားကိုယ္တိုင္ကလည္း ဒီရာသီအသင္းမွာပဲ ဆက္ေနဖို႔ ဆံုးျဖတ္ ထားတယ္လို႔ သိရပါတယ္။

ေဒါ့မြန္အ သင္းရဲ႕ ဒါရိုက္တာတစ္ဦးျဖစ္တဲ့ ဆီဗက္စတိန္းခါးလ္က “ ဆန္ခ်ိဳရဲ႕ ေျပာင္းေရႊ႕ေၾကး ကို ယူရိုသန္း ၈၀ (ေပါင္ ၇၅သန္း) ေလာက္ မွန္းတယ္ ဆိုရင္ေတာ့ အဆင္ေျပမွာမဟုတ္ပါဘူး။” လို႔ Sport 1 ကေနတဆင့္ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေဘာလံုးရာသီက ေဒါ့မြန္အသင္းအတြက္ ၿပိဳင္ပြဲစံု ၄၄ ပြဲမွာ ကိုယ္တိုင္ဂိုး ၂၀ သြင္းၿပီး ဂိုးဖန္တီးမႈ အၾကိမ္ ၂၀ ျပဳ လုပ္ႏိုင္ခဲ့တဲ့ ဆန္ခ်ိဳဟာ ဒီရာသီမွာလည္း ကိုယ္တိုင္တစ္ဂိုးသြင္းၿပီး ဂိုး ဖန္တီးမႈ ႏွစ္ၾကိမ္အထိ ျပဳလုပ္ႏုိင္ခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ဆန္ခ်ိဳကို ေခၚယူဖို႔အဆင္မေျပခဲ့ပါက အစားထိုး ပစ္မွတ္ အျဖစ္ ဘာစီလိုနာ က ဒမ္ဘီလီကို ေခၚယူဖို႔အတြက္ ျပင္ဆင္ေနတယ္ လို႔လည္း သိရပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဦးစားပေးခေါ်ယူဖို့အတွက် လုပ်ဆောင်နေတဲ့ ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုအတွက် ပေါင်သန်း ၉၀ နဲ့ နောက်ဆုံး အကြိမ်အဖြစ် ကမ်းလှမ်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါ့မွန် အသင်းဘက်ကတော့ အင်္ဂလန်လူငယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးပေါင် ၁၀၈ သန်းကို တစ်ပြိုင်နက်တည်းနဲ့ ရယူဖို့ အလိုရှိနေတာပဲ ဖြစ်ပါတယ်။ အင်္ဂလန်သတင်းဌာနတွေ အဆိုအရတော့ ယူနိုက်တက်က ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင် ၇၅ သန်းနဲ့ အပိုဆုကြေး ပေါင် ၁၅ သန်းပေးကာ စုစုပေါင်း ပေါင်သန်း ၉၀ နဲ့ နောက်ဆုံးကမ်းလှမ်းမှုပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ကြပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဟာ အောက်တိုဘာလ ၅ ရက်နေ့မှ ပိတ်မှာဖြစ်တာကြောင့်လက်ကျန် ၁၀ ရက်အတွင်း မှာ အပြောင်းအရွှေ့ ဖြစ်မြောက်သွားမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဘက်က တာဝန်ရှိသူတွေကတော့ သူတို့ အသင်းရဲ့ အဓိက ကစားသမားကို ဒီပြောင်းရွှေ့ကြေးလောက်နဲ့ ရောင်းချမှာ မဟုတ်ဘူးလို့ ငြင်းဆိုထားသလို ကစားသမားကိုယ်တိုင်ကလည်း ဒီရာသီအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ် ထားတယ်လို့ သိရပါတယ်။

ဒေါ့မွန်အ သင်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဆီဗက်စတိန်းခါးလ်က “ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေး ကို ယူရိုသန်း ၈၀ (ပေါင် ၇၅သန်း) လောက် မှန်းတယ် ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။” လို့ Sport 1 ကနေတဆင့် ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက ဒေါ့မွန်အသင်းအတွက် ပြိုင်ပွဲစုံ ၄၄ ပွဲမှာ ကိုယ်တိုင်ဂိုး ၂၀ သွင်းပြီး ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြု လုပ်နိုင်ခဲ့တဲ့ ဆန်ချိုဟာ ဒီရာသီမှာလည်း ကိုယ်တိုင်တစ်ဂိုးသွင်းပြီး ဂိုး ဖန်တီးမှု နှစ်ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ဆန်ချိုကို ခေါ်ယူဖို့အဆင်မပြေခဲ့ပါက အစားထိုး ပစ်မှတ် အဖြစ် ဘာစီလိုနာ က ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ပြင်ဆင်နေတယ် လို့လည်း သိရပါတယ်။