ယူနိုက္တက္ ခံစစ္က လူသစ္ ေခၚစရာ မလိုေအာင္ ျပည့္စံုျပီးသားလို႔ ဆိုးရွား အခိုင္အမာ ဆို

မန္ခ်က္စတာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက အသင္းရဲ႕ ခံစစ္ အင္အားက လူသစ္ ေခၚစရာ မလိုေလာက္ေအာင္ကို အင္အား ေတာင့္တင္းတယ္ လို႔ အခိုင္အမာ ေျပာၾကားသြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဒီရာသီပရီးမီးယားလိဂ္ ပထမဆံုးပြဲမွာပဲ အိမ္ကြင္းမွာ ခရစၥတယ္ပဲေလ့စ္ကို ဂိုးျပတ္ရႈံးနိမ့္ခဲ့ရလို႔ ဆိုးလ္ရွားလည္း ဖိအားေတြ ေအာက္ကို ေရာက္ေနပါတယ္။

ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းရဲ႕ ကြင္းလယ္အင္အားအတြက္ ေအဂ်က္ကြင္းလယ္လူ ဗန္ဒီဘိခ္ တစ္ေယာက္တည္းကို ေခၚယူထားျပီး ေနာက္တန္းက မက္ဂြဲရား နဲ႔ လင္ဒီေလာ့ဖ္တို႔အတြဲရဲ႕ စြမ္းေဆာင္ရည္က ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္။

ဒါေပမယ့္ ဆိုးလ္ရွားကေတာ့ ယူနိုက္တက္ ခံစစ္ဟာ ေနာက္ထပ္ ကစားသမားသစ္ေတြ ေခၚစရာ မလိုေအာင္ ျပည့္စံုျပီးသားလို႔ ယံုၾကည္ေနပါတယ္။

“ျပီးခဲ့တဲ့ ရာသီက ကၽြန္ေတာ္တို႔ရဲ႕ ေနာက္တန္းကစားပံု ဘယ္ေလာက္ေတာင္ ေကာင္းသလဲဆိုတာ ကၽြန္ေတာ္ တို႔ သက္ေသျပခဲ့ျပီးပါျပီ။ ဟုတ္ပါတယ္။ ျပီးခဲ့တဲ့ အပတ္က စြမ္းေဆာင္ရည္က မေကာင္းခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ အလြယ္တကူ ဂိုးေတြ ေပးခဲ့ရပါတယ္။

ဒါေပမယ့္ မနွစ္က ကၽြန္ေတာ္တို႔ ရဲ႕ ခံစစ္အတြဲျဖစ္တဲ့ ဘိုင္လီ နဲ႔ မက္ဂြဲရားတို႔ ဘယ္ေလာက္ေတာင္ ေကာင္းသလဲ ျပသခဲ့ဖူးပါတယ္။ ကၽြန္ေတာ္တို႔ အရမ္းေကာင္းခဲ့ပါတယ္။ ဘိုင္လီ ၾကံ့ခိုင္မႈ ျပန္ျပည့္၀လာတာ အရမ္းကို ေကာင္းပါတယ္။ သူတိုးတက္လာတာကို ကၽြန္ေတာ္တို႔ ေမွ်ာ္ေနတာပါ။

ကၽြန္ေတာ့္ ကစားသမားေတြအေပၚကို ကၽြန္ေတာ္ ယံုၾကည္မႈ ရွိပါတယ္။ ကၽြန္ေတာ္တို႔ ပိုေကာင္းလာေနပါတယ္” လို႔ ဘရိုက္တန္နဲ႕ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ ခံစစ် အင်အားက လူသစ် ခေါ်စရာ မလိုလောက်အောင်ကို အင်အား တောင့်တင်းတယ် လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီပရီးမီးယားလိဂ် ပထမဆုံးပွဲမှာပဲ အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရလို့ ဆိုးလ်ရှားလည်း ဖိအားတွေ အောက်ကို ရောက်နေပါတယ်။

ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ကွင်းလယ်အင်အားအတွက် အေဂျက်ကွင်းလယ်လူ ဗန်ဒီဘိခ် တစ်ယောက်တည်းကို ခေါ်ယူထားပြီး နောက်တန်းက မက်ဂွဲရား နဲ့ လင်ဒီလော့ဖ်တို့အတွဲရဲ့ စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ဒါပေမယ့် ဆိုးလ်ရှားကတော့ ယူနိုက်တက် ခံစစ်ဟာ နောက်ထပ် ကစားသမားသစ်တွေ ခေါ်စရာ မလိုအောင် ပြည့်စုံပြီးသားလို့ ယုံကြည်နေပါတယ်။

“ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ရဲ့ နောက်တန်းကစားပုံ ဘယ်လောက်တောင် ကောင်းသလဲဆိုတာ ကျွန်တော် တို့ သက်သေပြခဲ့ပြီးပါပြီ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က စွမ်းဆောင်ရည်က မကောင်းခဲ့ပါဘူး။ ကျွန်တော်တို့ အလွယ်တကူ ဂိုးတွေ ပေးခဲ့ရပါတယ်။

ဒါပေမယ့် မနှစ်က ကျွန်တော်တို့ ရဲ့ ခံစစ်အတွဲဖြစ်တဲ့ ဘိုင်လီ နဲ့ မက်ဂွဲရားတို့ ဘယ်လောက်တောင် ကောင်းသလဲ ပြသခဲ့ဖူးပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းခဲ့ပါတယ်။ ဘိုင်လီ ကြံ့ခိုင်မှု ပြန်ပြည့်ဝလာတာ အရမ်းကို ကောင်းပါတယ်။ သူတိုးတက်လာတာကို ကျွန်တော်တို့ မျှော်နေတာပါ။

ကျွန်တော့် ကစားသမားတွေအပေါ်ကို ကျွန်တော် ယုံကြည်မှု ရှိပါတယ်။ ကျွန်တော်တို့ ပိုကောင်းလာနေပါတယ်” လို့ ဘရိုက်တန်နဲ့ ပွဲကြို ရှင်းလင်းပွဲမှာ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။