ယူနိုက္တက္နဲ႕ ဆိုးလ္ရွားရဲ႕ ပ်ားရည္ဆမ္း ကာလေတြက လြန္ခဲ့ျပီလို႔ ရြိဳင္ကိန္း သတိေပး
ယူနိုက္တက္နဲ႕ နည္းျပ ဆိုးလ္ရွားရဲ႕ ပ်ားရည္ဆမ္း ကာလေတြက လြန္ခဲ့ျပီ ျဖစ္ျပီး အခုႏွစ္ရာသီမွာ ဆုဖလားေတြရယူေပးဖို႔ လိုအပ္တယ္လို႔ အသင္းေဖာ္ေဟာင္း ႐ြိဳင္ကိန္း က သတိေပးစကား ေျပာလိုက္ပါတယ္။
၂၀၁၈-၁၉ ရာသီဝက္က မန္ခ်က္စတာယူႏိုက္တက္ အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ ဆိုးလ္ရွားဟာ အခုရာသီဆို အသင္းကို ကိုင္တြယ္တာ တတိယေျမာက္ရာသီလည္း ျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဆင့္(၃)ေနရာရပ္တည္ႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္အပါအဝင္ ဖလားၿပိဳင္ပြဲေတြမွာ အႀကိဳဗိုလ္လုပြဲအဆင့္နဲ႔သာ ေက်နပ္ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ အသင္းဟာ (၂၀၁၇) က ယူ႐ိုပါလိဂ္ ဖလားနဲ႔ ကာရာေဘာင္းဖလားရၿပီးေနာက္ပိုင္း အခုအခ်ိန္ထိ ဆုဖလား ရယူနိုင္ျခင္း မရွိေသးပါဘူး။
အခုႏွစ္ရာသီ ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ပဲေလစ့္အသင္းကို အေရးနိမ့္ထားၿပီး ဘ႐ိုက္တန္ အသင္းကို လည္း ပြဲၿပီးမွရတဲ့ ပင္နယ္တီေၾကာင့္ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာ ေပါ့ေပါ့ဆဆ လုပ္ေနလို႔ မရေၾကာင္း ရြိဳင္ကိန္းက သတိေပးလာခဲ့တာပါ။
႐ြိဳင္ကိန္း က “အခုႏွစ္ဟာ အိုေလ အတြက္ ကြဲျပားျခားနားမယ္လို႔ထင္ပါတယ္။ ျပီးခဲ့တဲ့ရာသီက သူတို႔ဟာ ထိပ္ဆုံး(၄)ေနရာ ဝင္ေရာက္ခဲ့တ ယ္လို႔ ေျပာလိမ့္မယ္။ သူတို႔ဟာ အႀကိဳဗိုလ္လုပြဲ(၃)ခုအထိတက္ႏိုင္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ ဒီထက္ ျမင့္တက္လာရပါမယ္။ အိုေလ အေနနဲ႔ သူရဲ႕လက္ထက္မွာ ဆုဖလားယူႏိုင္ေပးဖို႔လိုပါလိမ့္မယ္။အိုေလအတြက္ေတာ့ ပ်ားရည္စမ္းခရီးကာလဟာ ၿပီးသြားပါၿပီ”လို႔ ေျပာဆိုခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အခုၾကားရက္မွာ ကာရာေဘာင္း ဖလားပြဲစဥ္အျဖစ္ ဘ႐ိုက္တန္၊ ေအာက္တိုဘာ(၄)ရက္မွာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ စပါး အသင္းတို႔နဲ႔ ကစားရမွာျဖစ္ပါတယ္။
Unicode
ယူနိုက်တက်နဲ့ နည်းပြ ဆိုးလ်ရှားရဲ့ ပျားရည်ဆမ်း ကာလတွေက လွန်ခဲ့ပြီ ဖြစ်ပြီး အခုနှစ်ရာသီမှာ ဆုဖလားတွေရယူပေးဖို့ လိုအပ်တယ်လို့ အသင်းဖော်ဟောင်း ရွိုင်ကိန်း က သတိပေးစကား ပြောလိုက်ပါတယ်။
၂၀၁၈-၁၉ ရာသီဝက်က မန်ချက်စတာယူနိုက်တက် အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ ဆိုးလ်ရှားဟာ အခုရာသီဆို အသင်းကို ကိုင်တွယ်တာ တတိယမြောက်ရာသီလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၃)နေရာရပ်တည်နိုင်ခဲ့ပြီး ယူရိုပါလိဂ်အပါအဝင် ဖလားပြိုင်ပွဲတွေမှာ အကြိုဗိုလ်လုပွဲအဆင့်နဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက် အသင်းဟာ (၂၀၁၇) က ယူရိုပါလိဂ် ဖလားနဲ့ ကာရာဘောင်းဖလားရပြီးနောက်ပိုင်း အခုအချိန်ထိ ဆုဖလား ရယူနိုင်ခြင်း မရှိသေးပါဘူး။
အခုနှစ်ရာသီ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပဲလေစ့်အသင်းကို အရေးနိမ့်ထားပြီး ဘရိုက်တန် အသင်းကို လည်း ပွဲပြီးမှရတဲ့ ပင်နယ်တီကြောင့် အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ ပေါ့ပေါ့ဆဆ လုပ်နေလို့ မရကြောင်း ရွိုင်ကိန်းက သတိပေးလာခဲ့တာပါ။
ရွိုင်ကိန်း က “အခုနှစ်ဟာ အိုလေ အတွက် ကွဲပြားခြားနားမယ်လို့ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူတို့ဟာ ထိပ်ဆုံး(၄)နေရာ ဝင်ရောက်ခဲ့တ ယ်လို့ ပြောလိမ့်မယ်။ သူတို့ဟာ အကြိုဗိုလ်လုပွဲ(၃)ခုအထိတက်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ဒီထက် မြင့်တက်လာရပါမယ်။ အိုလေ အနေနဲ့ သူရဲ့လက်ထက်မှာ ဆုဖလားယူနိုင်ပေးဖို့လိုပါလိမ့်မယ်။အိုလေအတွက်တော့ ပျားရည်စမ်းခရီးကာလဟာ ပြီးသွားပါပြီ”လို့ ပြောဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုကြားရက်မှာ ကာရာဘောင်း ဖလားပွဲစဉ်အဖြစ် ဘရိုက်တန်၊ အောက်တိုဘာ(၄)ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် စပါး အသင်းတို့နဲ့ ကစားရမှာဖြစ်ပါတယ်။