၀ါရင့္ကြင္းလယ္ မာတာ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့ရတဲ့ ယူနို္ကတက္ အသင္းေဖာ္ ကစားသမား

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ဘ႐ိုက္တန္ အသင္းနဲ႔ ကာရာေဘာင္းဖလား စတုတၱအဆင့္ပြဲစဥ္မွာ (၃)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရၿပီး ကြာတားဖိုင္နယ္ကို တက္သြားခဲ့ၿပီလည္းျဖစ္ပါတယ္။

ဒီပြဲမွာ အခုေႏြရာသီအေျပာင္းအေ႐ႊ႕မွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕တစ္ဦးထဲေသာ ေခၚယူထားတဲ့ ကစားသမား ဗန္ဒီဘိခ္ ဟာ ပြဲခ်ိန္ျပည့္ ပါဝင္ကစားၿပီး ေျခစြမ္းျပႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ဘ႐ိုက္တန္ အသင္းနဲ႔ စေနေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာေတာ့ ပြဲၿပီးမွ ရတဲ့ ပင္နယ္တီနဲ႔ အႏိုင္ရခဲ့ေပမယ့္ ဒီေန႔မွာေတာ့ ဂိုးျပတ္ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။

မာတာ ဟာ ဒီပြဲမွာ ဗန္ဒီဘိခ္ ရဲ႕ေပးပို႔မႈကေန ဒုတိယဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး သူနဲ႔အတူတြဲကစားရတာ အလြန္သေဘာက်တယ္လို႔ ပြဲအၿပီးမွာ ဆိုသြားခဲ့ပါတယ္။

မာတာ က “ဗန္ဒီဘိခ္ ဟာ အလြန္လိမၼာပါးနပ္တဲ့ ဂိုးဖန္တီးမႈကိုျပဳလုပ္ခဲ့ပါတယ္။သူဟာ အလြန္လိမၼာပါးနပ္တဲ့ ကစားသမားပါ။ သူနဲ႔ အတူတြဲကစားရတာကို သေဘာက်ပါတယ္။ သူက ဂိုးသြင္းခြင့္ေတြရဖို႔ေနရာလြတ္ေတြရွာေဖြေပးႏိုင္ပါတယ္။

သူနားလည္ထားတဲ့ ေဘာလုံးအေပၚ ခံယူခ်က္ေတြကို ကြၽန္ေတာ္ သေဘာက်တယ္။ ၀မ္း တူး တြဲ ကစားတဲ့ပုံစံမ်ိဳးေတြ၊ ေဘာလုံးေပးပို႔ၿပီး လႈပ္ရွားတဲ့ ပုံစံေတြနဲ႔ ဂိုးသြင္းယူတဲ့ ပုံေတြေပါ့” လို႔ Sky Sports နဲ႔ ပြဲအၿပီးမွာ ဆိုခဲ့ပါတယ္။

မာတာ ဟာ ဒီပြဲမွာ မက္တိုမီေနး သြင္းယူခဲ့တဲ့ ပထမဂိုးကို ဖန္တီးေပးႏိုင္ခဲ့ၿပီး ေျခစြမ္းလည္း ျပႏိုင္ခဲ့တာေၾကာင့္ ဒီပြဲရဲ႕ အေကာင္းဆုံး ကစားသမား ဆုကိုလည္း ရရွိသြားခဲ့ပါတယ္။ မာတာ ဟာ ဒီပြဲမွာ သြင္းယူခဲ့တဲ့ ဂိုးေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ ကစားသမားဘဝ သြင္းဂိုး(၅၀)လည္း ျပည့္ေျမာက္သြားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ဘရိုက်တန် အသင်းနဲ့ ကာရာဘောင်းဖလား စတုတ္တအဆင့်ပွဲစဉ်မှာ (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

ဒီပွဲမှာ အခုနွေရာသီအပြောင်းအရွှေ့မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့တစ်ဦးထဲသော ခေါ်ယူထားတဲ့ ကစားသမား ဗန်ဒီဘိခ် ဟာ ပွဲချိန်ပြည့် ပါဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဘရိုက်တန် အသင်းနဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ ပွဲပြီးမှ ရတဲ့ ပင်နယ်တီနဲ့ အနိုင်ရခဲ့ပေမယ့် ဒီနေ့မှာတော့ ဂိုးပြတ်နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

မာတာ ဟာ ဒီပွဲမှာ ဗန်ဒီဘိခ် ရဲ့ပေးပို့မှုကနေ ဒုတိယဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး သူနဲ့အတူတွဲကစားရတာ အလွန်သဘောကျတယ်လို့ ပွဲအပြီးမှာ ဆိုသွားခဲ့ပါတယ်။

မာတာ က “ဗန်ဒီဘိခ် ဟာ အလွန်လိမ္မာပါးနပ်တဲ့ ဂိုးဖန်တီးမှုကိုပြုလုပ်ခဲ့ပါတယ်။သူဟာ အလွန်လိမ္မာပါးနပ်တဲ့ ကစားသမားပါ။ သူနဲ့ အတူတွဲကစားရတာကို သဘောကျပါတယ်။ သူက ဂိုးသွင်းခွင့်တွေရဖို့နေရာလွတ်တွေရှာဖွေပေးနိုင်ပါတယ်။

သူနားလည်ထားတဲ့ ဘောလုံးအပေါ် ခံယူချက်တွေကို ကျွန်တော် သဘောကျတယ်။ ဝမ်း တူး တွဲ ကစားတဲ့ပုံစံမျိုးတွေ၊ ဘောလုံးပေးပို့ပြီး လှုပ်ရှားတဲ့ ပုံစံတွေနဲ့ ဂိုးသွင်းယူတဲ့ ပုံတွေပေါ့” လို့ Sky Sports နဲ့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

မာတာ ဟာ ဒီပွဲမှာ မက်တိုမီနေး သွင်းယူခဲ့တဲ့ ပထမဂိုးကို ဖန်တီးပေးနိုင်ခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့တာကြောင့် ဒီပွဲရဲ့ အကောင်းဆုံး ကစားသမား ဆုကိုလည်း ရရှိသွားခဲ့ပါတယ်။ မာတာ ဟာ ဒီပွဲမှာ သွင်းယူခဲ့တဲ့ ဂိုးကြောင့် မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ သွင်းဂိုး(၅၀)လည်း ပြည့်မြောက်သွားခဲ့ပါတယ်။