ကမၻာေပၚက အခမ္းနားဆံုးကလပ္အသင္း တစ္သင္းထံ ေျပာင္းလာရလို႔ ဂုဏ္ယူေနတဲ့ ကာဗာနီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပီအက္စ္ဂ်ီ တိုက္စစ္မႉးေဟာင္း ကာဗာနီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို တစ္ႏွစ္သက္တမ္းရွိစာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ေနာက္ထပ္တစ္ႏွစ္သက္တမ္းတိုးခြင့္လည္း ပါဝင္ခဲ့တယ္လို႔ သိရကာ ကာဗာနီဟာ တစ္ႏွစ္လုပ္ခ ယူ႐ို ၁၁သန္းအထိ ရရွိမွာလည္းျဖစ္ပါတယ္။

ကစာသးမားအေနနဲ႔ စြမ္းေဆာင္ရည္ေပၚမူတည္ကာ အပိုဆုေၾကးယူ႐ို ၂သန္း၊ လက္မွတ္ထိုးေၾကး ယူ႐ို ၄သန္းအထိ ရရွိမယ္လို႔လည္း ဆိုပါတယ္။ ကာဗာနီဟာ ယူႏိုက္တက္မွာ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားသြားမယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အေနနဲ႔ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးေန႔ရက္မွာ ကာဗာနီအတြက္ လႈပ္ရွားမႈေတြျပဳလုပ္ခဲ့ၿပီး ပီအက္စ္ဂ်ီရဲ႕ ထာဝရ ဂိုးသြင္း အမ်ားဆုံး ကစားသမားဟာ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့ပါတယ္။ ကာဗာနီကေတာ့ ယူနိုက္တက္ထံ ေျပာင္းလာလို႔ စိတ္လႈပ္ရွား ၀မ္းေျမာက္ေနတာ ကို အခုလို ဖြင့္ဟသြားပါတယ္။

“ယူႏိုက္တက္က ကမာၻေပၚက အႀကီးက်ယ္ အခမ္းနားဆုံး အသင္းေတြထဲက တစ္သင္းပါ၊ ဒီကို ေျပာင္းေ႐ႊ႕လာႏိုင္ခဲ့တာက တကယ္ ဂုဏ္ယူ စရာပါပဲ၊ ဒီလိုအခ်ိန္ေတြ ရလာဖို႔ ကြၽန္ေတာ္အလုပ္ကို ျပင္းျပင္းထန္ထန္ လုပ္ခဲ့ၿပီး အခုလို မယုံၾကည္ႏိုင္စရာ ေကာင္းတဲ့ အသင္းအတြက္ ကစားေပးဖို႔ ကြၽန္ေတာ္အသင့္ျဖစ္ေနပါၿပီ၊ ကြၽန္ေတာ့္ ကစားသမားဘဝမွာ စိတ္ဓာတ္ပိုင္းျပင္းထန္လြန္းတဲ့ ပရိသတ္တခ်ိဳ႕ေရွ႕မွာကစားခဲ့ဖူးပါတယ္။

ယူႏိုက္တက္ ကလည္း အတူတူပဲလို႔ ကြၽန္ေတာ္သိထားပါတယ္၊ အိုးထရက္ဖို႔ဒ္မွာကစားရမယ့္ အခြင့္အေရးကို ကြၽန္ေတာ္မေစာင့္ႏိုင္ေတာ့ပါဘူး၊ ပရိသတ္ေတြ ကြင္းထဲကို လုံၿခဳံစိတ္ခ်စြာနဲ႔ ျပန္လာမယ့္အခ်ိန္ကိုေရာေပါ့၊ နည္းျပနဲ႔ စကားေျပာဆိုခဲ့ၿပီးေနာက္ ဒီအသင္းဂ်ာစီကို ပိုၿပီးေတာ့ ဝတ္ဆင္လာခ်င္ခဲ့ပါတယ္” လို႔ ကာဗာနီက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေဈးကြက္ေနာက္ဆုံးေန႔မွာ ကာဗာနီ အျပင္ အဲလက္စ္တဲလက္စ္၊ အာမက္ဒီယာလို၊ ကာဗာနီ၊ ပယ္လီစထရီတို႔ကို ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပီအက်စ်ဂျီ တိုက်စစ်မှူးဟောင်း ကာဗာနီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးကို တစ်နှစ်သက်တမ်းရှိစာချုပ်ချုပ်ဆိုခဲ့ပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်ခဲ့တယ်လို့ သိရကာ ကာဗာနီဟာ တစ်နှစ်လုပ်ခ ယူရို ၁၁သန်းအထိ ရရှိမှာလည်းဖြစ်ပါတယ်။

ကစာသးမားအနေနဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ကာ အပိုဆုကြေးယူရို ၂သန်း၊ လက်မှတ်ထိုးကြေး ယူရို ၄သန်းအထိ ရရှိမယ်လို့လည်း ဆိုပါတယ်။ ကာဗာနီဟာ ယူနိုက်တက်မှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားသွားမယ်လို့ သိရပါတယ်။

ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာ ကာဗာနီအတွက် လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြီး ပီအက်စ်ဂျီရဲ့ ထာဝရ ဂိုးသွင်း အများဆုံး ကစားသမားဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပါတယ်။ ကာဗာနီကတော့ ယူနိုက်တက်ထံ ပြောင်းလာလို့ စိတ်လှုပ်ရှား ဝမ်းမြောက်နေတာ ကို အခုလို ဖွင့်ဟသွားပါတယ်။

“ယူနိုက်တက်က ကမ္ဘာပေါ်က အကြီးကျယ် အခမ်းနားဆုံး အသင်းတွေထဲက တစ်သင်းပါ၊ ဒီကို ပြောင်းရွှေ့လာနိုင်ခဲ့တာက တကယ် ဂုဏ်ယူ စရာပါပဲ၊ ဒီလိုအချိန်တွေ ရလာဖို့ ကျွန်တော်အလုပ်ကို ပြင်းပြင်းထန်ထန် လုပ်ခဲ့ပြီး အခုလို မယုံကြည်နိုင်စရာ ကောင်းတဲ့ အသင်းအတွက် ကစားပေးဖို့ ကျွန်တော်အသင့်ဖြစ်နေပါပြီ၊ ကျွန်တော့် ကစားသမားဘဝမှာ စိတ်ဓာတ်ပိုင်းပြင်းထန်လွန်းတဲ့ ပရိသတ်တချို့ရှေ့မှာကစားခဲ့ဖူးပါတယ်။

ယူနိုက်တက် ကလည်း အတူတူပဲလို့ ကျွန်တော်သိထားပါတယ်၊ အိုးထရက်ဖို့ဒ်မှာကစားရမယ့် အခွင့်အရေးကို ကျွန်တော်မစောင့်နိုင်တော့ပါဘူး၊ ပရိသတ်တွေ ကွင်းထဲကို လုံခြုံစိတ်ချစွာနဲ့ ပြန်လာမယ့်အချိန်ကိုရောပေါ့၊ နည်းပြနဲ့ စကားပြောဆိုခဲ့ပြီးနောက် ဒီအသင်းဂျာစီကို ပိုပြီးတော့ ဝတ်ဆင်လာချင်ခဲ့ပါတယ်” လို့ ကာဗာနီက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဈေးကွက်နောက်ဆုံးနေ့မှာ ကာဗာနီ အပြင် အဲလက်စ်တဲလက်စ်၊ အာမက်ဒီယာလို၊ ကာဗာနီ၊ ပယ်လီစထရီတို့ကို ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။