႐ိုမဲရိုး ကို အသင္းေျပာင္းခြင့္ မေပးခဲ့တဲ့ ယူနိုက္တက္ကို ဇနီးျဖစ္သူ ေပါက္ကြဲေန

မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕ ဂိုးသမား ဆာဂ်ီယို ႐ိုမဲရိုးရဲ႕ ဇနီးဟာ တနလၤာေန႔မွာ သူ႔ရဲ႕ ခင္ပြန္းကို အိုးလ္ထရက္ဖို႔ဒ္ကေန ေျပာင္းေ႐ႊ႕ခြင့္ မေပးခဲ့တဲ့ ယူႏိုက္တက္ကို အင္စတာဂရမ္ကေန ေဝဖန္ထိုးႏွက္သြားခဲ့ပါတယ္။

အာဂ်င္တီးနားသား ဂိုးသမားဟာ ဒီရာသီမွာ ေနရာရဖို႔ မလြယ္ေတာ့တာေၾကာင့္ တနလၤာေန႔က အသင္းေျပာင္းေ႐ႊ႕ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ေနာက္ဆုံးမွာ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕က ပ်က္ျပယ္သြားခဲ့ရပါတယ္။

႐ိုမဲရိုးဟာ နံပါတ္တစ္ ဂိုးသမား ေဒးဗစ္ဒီဂီယာရဲ႕ အရန္အျဖစ္ ရာသီအေတာ္မ်ားမ်ား ျဖတ္သန္းခဲ့ေပမယ့္ ဒင္းဟန္ဒါဆန္ အသင္းကို ျပန္ေရာက္လာခ်ိန္မွာေတာ့ ဒီရာသီ ပြဲကစားခြင့္ရဖို႔က ႐ိုမီယိုအတြက္ ေတာ္ေတာ္ေလး ခက္ခဲသြားခဲ့ရပါတယ္။ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္အတြင္း ႐ိုမဲရိုး ကို အဲဗာတန္အသင္းက ခ်ိတ္ဆက္လာခဲ့ေပမယ့္ ညႇိႏႈိင္းဖို႔ အခ်ိန္မလုံေလာက္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ ပ်ယ္ျပယ္ခဲ့ရပါတယ္။

႐ိုမဲရိုး အေနနဲ႔ ပိုအဆင့္နိမ့္တဲ့ လိဂ္ေတြက အသင္းေတြဆီ ေျပာင္းေ႐ႊ႕လို႔ရေသးေပမယ့္ သူ႔ရဲ႕လစာကို ေပးႏိုင္တဲ့ အဆင့္နိမ့္ကလပ္ေတြက အသင္းေတြကေတာ့ အနည္းငယ္သာ ရွိပါတယ္။ အဲ့ဒါေၾကာင့္ ႐ိုမဲရိုးကို မန္ခ်က္စတာယူႏိုက္တက္မွာသာ ဆက္လက္ျမင္ေတြ႕ရဖြယ္ရွိေနၿပီး သူ႔ရဲ႕ ဇနီး အီလီယာနာဂူယာစီယိုက ခင္ပြန္းျဖစ္သူရဲ႕ အေျပာင္းအေ႐ႊ႕ကို ေမွ်ာ္လင့္ခဲ့ေပမယ့္ ပ်က္ခဲ့ရတာေၾကာင့္ ဆိုရွယ္မီဒီယာကေန ေပါက္ကြဲသြားခဲ့ပါတယ္။

အီလီယာနာက “ဆာဂ်ီယို ႐ိုမဲရိုး က သူ႔အသင္းအတြက္ဆိုရင္ အစြမ္းကုန္ ႀကိဳးစားေပးခဲ့တဲ့သူပါ။ သူတို႔ ေနာက္ဆုံးရခဲ့တဲ့ ဆုဖလားကလည္း သူေၾကာင့္ရခဲ့တာပဲ။ သူ႔အသင္းကို ဖိုင္နယ္နဲ႔ ဆီမီးဖိုင္နယ္ေတြကို ၄ ႀကိမ္တိတိေရာက္ေအာင္ ကူညီခဲ့တယ္ ၿပီးေတာ့ အရန္ခုံမွာထိုင္ၿပီး အားလုံးကို အဆုံးရႈံးခံလိုက္ရတယ္။ သူ႔ကို အခြင့္အေရး ျပန္ေပးဖို႔ အခ်ိန္က်ပါၿပီ၊ လႊတ္ေပးလိုက္ပါေတာ့။ တစ္ခါေလာက္ေတာ့ ေလးစားမႈေလး ရွိေပးပါဦး” ဆိုၿပီး ေရးသားခဲ့ပါတယ္။

႐ိုမဲရိုး ဟာ ေမြးရပ္ေျမ အာဂ်င္တီးနားကလပ္ ေရးဆင္းကေန ဥေရာပကိုေရာက္ရွိလာခဲ့ၿပီးေနာက္ မိုနာကို၊ ဆမ္ဒိုးရီးယားနဲ႔ ေအဇက္အယ္ခမာ အသင္းေတြမွာ ကစားခဲ့ၿပီး ၂၀၁၅ မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို ေရာက္ရွိခဲ့ပါတယ္။

ယူနိုက္တက္ အသင္းမွာကစားခဲ့တဲ့ ၅ ရာသီအတြင္း ပရီးမီးယားလိဂ္ ၇ ပြဲသာ ကစားခဲ့ရေပမယ့္ ဖလားၿပိဳင္ပြဲေတြမွာေတာ့ ၆၁ ပြဲ အထိ ကစားခြင့္ရခဲ့ၿပီး ယူႏိုက္တက္ရဲ႕ ဖလားၿပိဳင္ပြဲေတြကို တာဝန္ယူရတဲ့ ဂိုးသမားျဖစ္ခဲ့ပါတယ္။

႐ိုမဲရိုး ဟာ ယူ႐ိုပါလိဂ္မွာ ၂၃ ပြဲကစားခဲ့ရၿပီး အဲ့ဒီထဲက ၁၂ ပြဲက ယူ႐ိုပါလိဂ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီက ျဖစ္ပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္မွာ ကစားခဲ့တဲ့ အခ်ိန္အတြင္း FA ဖလား၊ ကာရာေဘာင္ဖလားနဲ႔ ကြန္ျမဴနတီဒိုင္းေတြကိုလည္း ၄င္းက ရရွိခဲ့ဖူးပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဆာဂျီယို ရိုမဲရိုးရဲ့ ဇနီးဟာ တနင်္လာနေ့မှာ သူ့ရဲ့ ခင်ပွန်းကို အိုးလ်ထရက်ဖို့ဒ်ကနေ ပြောင်းရွှေ့ခွင့် မပေးခဲ့တဲ့ ယူနိုက်တက်ကို အင်စတာဂရမ်ကနေ ဝေဖန်ထိုးနှက်သွားခဲ့ပါတယ်။

အာဂျင်တီးနားသား ဂိုးသမားဟာ ဒီရာသီမှာ နေရာရဖို့ မလွယ်တော့တာကြောင့် တနင်္လာနေ့က အသင်းပြောင်းရွှေ့ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ သူ့ရဲ့အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရပါတယ်။

ရိုမဲရိုးဟာ နံပါတ်တစ် ဂိုးသမား ဒေးဗစ်ဒီဂီယာရဲ့ အရန်အဖြစ် ရာသီအတော်များများ ဖြတ်သန်းခဲ့ပေမယ့် ဒင်းဟန်ဒါဆန် အသင်းကို ပြန်ရောက်လာချိန်မှာတော့ ဒီရာသီ ပွဲကစားခွင့်ရဖို့က ရိုမီယိုအတွက် တော်တော်လေး ခက်ခဲသွားခဲ့ရပါတယ်။ အပြောင်းအရွှေ့ နောက်ဆုံးရက်အတွင်း ရိုမဲရိုး ကို အဲဗာတန်အသင်းက ချိတ်ဆက်လာခဲ့ပေမယ့် ညှိနှိုင်းဖို့ အချိန်မလုံလောက်တာကြောင့် အပြောင်းအရွှေ့ ပျယ်ပြယ်ခဲ့ရပါတယ်။

ရိုမဲရိုး အနေနဲ့ ပိုအဆင့်နိမ့်တဲ့ လိဂ်တွေက အသင်းတွေဆီ ပြောင်းရွှေ့လို့ရသေးပေမယ့် သူ့ရဲ့လစာကို ပေးနိုင်တဲ့ အဆင့်နိမ့်ကလပ်တွေက အသင်းတွေကတော့ အနည်းငယ်သာ ရှိပါတယ်။ အဲ့ဒါကြောင့် ရိုမဲရိုးကို မန်ချက်စတာယူနိုက်တက်မှာသာ ဆက်လက်မြင်တွေ့ရဖွယ်ရှိနေပြီး သူ့ရဲ့ ဇနီး အီလီယာနာဂူယာစီယိုက ခင်ပွန်းဖြစ်သူရဲ့ အပြောင်းအရွှေ့ကို မျှော်လင့်ခဲ့ပေမယ့် ပျက်ခဲ့ရတာကြောင့် ဆိုရှယ်မီဒီယာကနေ ပေါက်ကွဲသွားခဲ့ပါတယ်။

အီလီယာနာက “ဆာဂျီယို ရိုမဲရိုး က သူ့အသင်းအတွက်ဆိုရင် အစွမ်းကုန် ကြိုးစားပေးခဲ့တဲ့သူပါ။ သူတို့ နောက်ဆုံးရခဲ့တဲ့ ဆုဖလားကလည်း သူကြောင့်ရခဲ့တာပဲ။ သူ့အသင်းကို ဖိုင်နယ်နဲ့ ဆီမီးဖိုင်နယ်တွေကို ၄ ကြိမ်တိတိရောက်အောင် ကူညီခဲ့တယ် ပြီးတော့ အရန်ခုံမှာထိုင်ပြီး အားလုံးကို အဆုံးရှုံးခံလိုက်ရတယ်။ သူ့ကို အခွင့်အရေး ပြန်ပေးဖို့ အချိန်ကျပါပြီ၊ လွှတ်ပေးလိုက်ပါတော့။ တစ်ခါလောက်တော့ လေးစားမှုလေး ရှိပေးပါဦး” ဆိုပြီး ရေးသားခဲ့ပါတယ်။

ရိုမဲရိုး ဟာ မွေးရပ်မြေ အာဂျင်တီးနားကလပ် ရေးဆင်းကနေ ဥရောပကိုရောက်ရှိလာခဲ့ပြီးနောက် မိုနာကို၊ ဆမ်ဒိုးရီးယားနဲ့ အေဇက်အယ်ခမာ အသင်းတွေမှာ ကစားခဲ့ပြီး ၂၀၁၅ မှာတော့ မန်ချက်စတာယူနိုက်တက်ကို ရောက်ရှိခဲ့ပါတယ်။

ယူနိုက်တက် အသင်းမှာကစားခဲ့တဲ့ ၅ ရာသီအတွင်း ပရီးမီးယားလိဂ် ၇ ပွဲသာ ကစားခဲ့ရပေမယ့် ဖလားပြိုင်ပွဲတွေမှာတော့ ၆၁ ပွဲ အထိ ကစားခွင့်ရခဲ့ပြီး ယူနိုက်တက်ရဲ့ ဖလားပြိုင်ပွဲတွေကို တာဝန်ယူရတဲ့ ဂိုးသမားဖြစ်ခဲ့ပါတယ်။

ရိုမဲရိုး ဟာ ယူရိုပါလိဂ်မှာ ၂၃ ပွဲကစားခဲ့ရပြီး အဲ့ဒီထဲက ၁၂ ပွဲက ယူရိုပါလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၁၅-၁၆ ရာသီက ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာ ကစားခဲ့တဲ့ အချိန်အတွင်း FA ဖလား၊ ကာရာဘောင်ဖလားနဲ့ ကွန်မြူနတီဒိုင်းတွေကိုလည်း ၎င်းက ရရှိခဲ့ဖူးပါတယ်။