လစာ အမ်ားၾကီးေပးကာ ကာဗာနီကို ေခၚျပီး ဂႏၱဝင္ ေက်ာနံပတ္ ၇ ေပးအပ္တဲ့ ယူနိုက္တက္ ေ၀ဖန္ခံေနရ
ေႏြ အေျပာင္းအေရႊ႕ ေစ်းကြက္ပိတ္ခ်ိန္မွာေတာ့ ယူနိုက္တက္ဟာ ပီအက္စ္ဂ်ီနဲ႔ လမ္းခြဲထားတာေၾကာင့္ အသင္းလက္မဲ့ ျဖစ္ေနတဲ့ တိုက္စစ္မွဴး ကာဗာနီကို တစ္ႏွစ္စာခ်ဳပ္နဲ႔ ေခၚယူ ျဖစ္ခဲ့ပါတယ္။
အသက္ ၃၃ ႏွစ္ ရွိေနၿပီျဖစ္တဲ့ ကာဗာနီကို ယူႏိုက္တက္ အသင္း တာဝန္ရွိသူေတြအေနနဲ႔ လစာေငြအေျမာက္အျမားေပးခဲ့သလို အသင္းရဲ႕ ဂႏၱဝင္ ေက်ာနံပါတ္ ျဖစ္တဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို ေပးဝတ္ခဲ့ တာေၾကာင့္လည္း ေဝဖန္ခံေနရတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္အသင္း တာဝန္ရွိသူေတြကေတာ့ အသင္းရဲ႕တိုက္စစ္မွာ ေက်ာနံပါတ္ ၉ ဂ်ာစီကို တိုက္စစ္မွဴး မာရွယ္က ဝတ္ ဆင္ကစားေနတာေၾကာင့္ ေက်ာနံပါတ္ ၇ ဂ်ာစီကို ကာဗာနီကို ဝတ္ဆင္ခြင့္ ေပးခဲ့ရတာျဖစ္ေၾကာင္း ျပန္လည္ ရွင္းခ်က္ထုတ္ ထားတယ္လို႔ သိရပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ ေက်ာနံပါတ္ ၇ ဂ်ာစီ ကို ဝတ္ဆင္ၿပီးေအာင္ျမင္မႈရယူႏုိင္ခဲ့တဲ့ သူေတြ ကေတာ့ စီေရာ္နယ္ဒို၊ ေဒးဗစ္ဘက္ခမ္း၊ ကန္တုိနာ၊ ဘရြိဳင္ယန္ေရာ့ဆင္နဲ႔ ေဂ်ာ့ဘတ္စ္ တို႔လိုကစားသမားေတြက ဝတ္ဆင္ ကစားခဲ့တာပဲ ျဖစ္ပါတယ္။
တစ္ပတ္ကို လုပ္ခ လစာေပါင္ ႏွစ္သိန္းအထိ ကာဗာနီအေနနဲ႔ ရရွိမွာ ျဖစ္တာေၾကာင့္ သူထက္ လစာ ပိုမ်ားတဲ့ ကစားသမား သံုးဦးပဲ အသင္းမွာ ရွိေတာ့တယ္လို႔ သိရပါတယ္။ ဒီကစားသမားေတြကေတာ့ လစာ အမ်ားဆံုးရေနတဲ့ ဒီဂီယာ၊ ကြင္းလယ္ လူ ေပါ့ဘာနဲ႔ တိုက္စစ္မွဴး မာရွယ္တို႔ပဲျဖစ္ပါတယ္။ တစ္ပတ္ကို ေပါင္ႏွစ္သိန္းရရွိမွာျဖစ္တာေၾကာင့္ ကာဗာနီအေနနဲ႔ ယူႏိုက္တက္မွာ တစ္ႏွစ္ကစားေနခ်ိန္အတြင္း လစာေငြေပါင္ ၁၀သန္းေက်ာ္ ရရွိမွာပဲ ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအ သင္းအတြက္ ခုႏွစ္ရာသီကစားခဲ့တဲ့အခ်ိန္အတြင္း ကာဗာနီဟာ ပြဲေပါင္း ၃၀၁ ပြဲမွာ သြင္းဂိုး ၂၀၀ အထိ သြင္း ယူႏိုင္ခဲ့ၿပီး အသင္းရဲ႕ ဂိုးသြင္း အမ်ားဆံုး ကစားသမား အျဖစ္ ရပ္တည္ခဲ့သူလည္း ျဖစ္ပါတယ္။
ပီအက္စ္ဂ်ီ အသင္းကေန ထြက္ လာၿပီးေနာက္မွာ ကာဗာနီအေနနဲ႔ ဘင္ဖီကာအသင္းကို ေျပာင္းေရႊ႕ဖို႕ သတင္းေတြထြက္ခဲ့သလို ပရီးမီးယားလိဂ္ကလပ္ လိဒ္ယူႏိုက္တက္ကလည္း ေခၚယူဖို႔ စိတ္ဝင္စား ခဲ့ပါတယ္။
Unicode
နွေ အပြောင်းအရွှေ့ ဈေးကွက်ပိတ်ချိန်မှာတော့ ယူနိုက်တက်ဟာ ပီအက်စ်ဂျီနဲ့ လမ်းခွဲထားတာကြောင့် အသင်းလက်မဲ့ ဖြစ်နေတဲ့ တိုက်စစ်မှူး ကာဗာနီကို တစ်နှစ်စာချုပ်နဲ့ ခေါ်ယူ ဖြစ်ခဲ့ပါတယ်။
အသက် ၃၃ နှစ် ရှိနေပြီဖြစ်တဲ့ ကာဗာနီကို ယူနိုက်တက် အသင်း တာဝန်ရှိသူတွေအနေနဲ့ လစာငွေအမြောက်အမြားပေးခဲ့သလို အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ဖြစ်တဲ့ ကျောနံပါတ် ၇ ဂျာစီကို ပေးဝတ်ခဲ့ တာကြောင့်လည်း ဝေဖန်ခံနေရတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်း တာဝန်ရှိသူတွေကတော့ အသင်းရဲ့တိုက်စစ်မှာ ကျောနံပါတ် ၉ ဂျာစီကို တိုက်စစ်မှူး မာရှယ်က ဝတ် ဆင်ကစားနေတာကြောင့် ကျောနံပါတ် ၇ ဂျာစီကို ကာဗာနီကို ဝတ်ဆင်ခွင့် ပေးခဲ့ရတာဖြစ်ကြောင်း ပြန်လည် ရှင်းချက်ထုတ် ထားတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကျောနံပါတ် ၇ ဂျာစီ ကို ဝတ်ဆင်ပြီးအောင်မြင်မှုရယူနိုင်ခဲ့တဲ့ သူတွေ ကတော့ စီရော်နယ်ဒို၊ ဒေးဗစ်ဘက်ခမ်း၊ ကန်တိုနာ၊ ဘရွိုင်ယန်ရော့ဆင်နဲ့ ဂျော့ဘတ်စ် တို့လိုကစားသမားတွေက ဝတ်ဆင် ကစားခဲ့တာပဲ ဖြစ်ပါတယ်။
တစ်ပတ်ကို လုပ်ခ လစာပေါင် နှစ်သိန်းအထိ ကာဗာနီအနေနဲ့ ရရှိမှာ ဖြစ်တာကြောင့် သူထက် လစာ ပိုများတဲ့ ကစားသမား သုံးဦးပဲ အသင်းမှာ ရှိတော့တယ်လို့ သိရပါတယ်။ ဒီကစားသမားတွေကတော့ လစာ အများဆုံးရနေတဲ့ ဒီဂီယာ၊ ကွင်းလယ် လူ ပေါ့ဘာနဲ့ တိုက်စစ်မှူး မာရှယ်တို့ပဲဖြစ်ပါတယ်။ တစ်ပတ်ကို ပေါင်နှစ်သိန်းရရှိမှာဖြစ်တာကြောင့် ကာဗာနီအနေနဲ့ ယူနိုက်တက်မှာ တစ်နှစ်ကစားနေချိန်အတွင်း လစာငွေပေါင် ၁၀သန်းကျော် ရရှိမှာပဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအ သင်းအတွက် ခုနှစ်ရာသီကစားခဲ့တဲ့အချိန်အတွင်း ကာဗာနီဟာ ပွဲပေါင်း ၃၀၁ ပွဲမှာ သွင်းဂိုး ၂၀၀ အထိ သွင်း ယူနိုင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီ အသင်းကနေ ထွက် လာပြီးနောက်မှာ ကာဗာနီအနေနဲ့ ဘင်ဖီကာအသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ခဲ့သလို ပရီးမီးယားလိဂ်ကလပ် လိဒ်ယူနိုက်တက်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စား ခဲ့ပါတယ်။