မက္ဂြဲရားကို အသင္းေခါင္းေဆာင္ အျဖစ္ အလိုမရွိၾကေတာ့တဲ့ ယူနုိက္တက္ ပရိသတ္မ်ား
မန္ခ်က္စတာယူႏိုက္တက္ အသင္း ပရိသတ္အမ်ားစုက ၿပီးခဲ့တဲ့ ျဖစ္ရပ္ေတြေၾကာင့္ မက္ဂြဲရား ကို အသင္းေခါင္းေဆာင္ ရာထူးက ေလွ်ာ့ခ်ဖို႔ အလိုရွိေနၾကတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ မက္ဂြဲရား ဟာ အခုႏွစ္ရာသီမစခင္အခ်ိန္က ဂရိႏိုင္ငံ မိုင္ကိုႏို႔စ္ မွာျပသနာျဖစ္ပြားခဲ့တာေၾကာင့္ ထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။
မက္ဂြဲရားဟာ အခုႏွစ္ရာသီအစမွာ သူရဲ႕ေျခစြမ္းဟာ ဆိုး႐ြားေနခဲ့ၿပီး သူဦးေဆာင္ေနတဲ့ ခံစစ္က ပရီးမီးယားလိဂ္ ပြဲစဥ္(၃)ပြဲအၿပီးမွာ (၁၁)ဂိုးအထိခြင့္ျပဳခံထားရတာျဖစ္ပါတယ္။ စပါး အသင္းကို အေရးနိမ့္ခဲ့တဲ့ ပြဲစဥ္မွာ အသင္းေဖာ္ မာရွယ္ ထုတ္ပယ္ခံရတာနဲ႔ ပတ္သက္ၿပီး သူနဲ႔ ရက္ရွ္ဖိုဒ့္တို႔ ေျပာဆိုေနၾကတဲ့ ဗီဒီယိုဖိုင္ဟာ လူမႉကြန္ယက္မွာ ပ်ံႏွံခဲ့ပါတယ္။
မက္ဂြဲရားက အသင္းေဖာ္ မာရွယ္ဘက္က မရပ္တည္္ခဲ့ဘဲ လာမယ္လာ အျပစ္မက်ဴးလြန္ဘူး ဆိုခဲ့တာေၾကာင့္ ယူနိုက္တက္ ပရိသတ္ေတြ ေဒါသေပါက္ကြဲခဲ့ၾကပါတယ္။ ဒီဗီဒီယိုကို ၾကည့္ရႈၿပီးေနာက္ ပရိသတ္ေတြဟာ မက္ဂြဲရား ကို ေဝဖန္မႈေတြဟာ ပိုၿပီးမ်ားျပားလာခဲ့တာလည္း ျဖစ္ပါတယ္။
ဒ့ါအျပင္ ပထမပိုင္းအၿပီးမွာ ဘ႐ူႏိုဖာနန္ဒက္စ္ ဟာ မက္ဂြဲရား ကို ျပင္းျပင္းထန္ထန္ ေျပာဆိုခဲ့ၿပီး ယူႏိုက္တက္ အက်ီဝတ္ဖို႔ မထိုက္တန္ဘူးလို႔ ေျပာခဲ့တယ္လို႔လည္း လႈမႈကြန္ယက္ေတြေပၚမွာ သတင္းေတြထြက္ခဲ့ပါတယ္။ အဲဒါေၾကာင့္ ဘ႐ူႏိုဖာနန္ဒက္စ္ ကို အသင္းက လူစားလဲခဲ့ၿပီး မာရွယ္နဲ႔အတူ ရွိေစခဲ့တာျဖစ္ပါတယ္။
ပရိသတ္(၁၀,၀၀၀)ေက်ာ္ က The Peoples Person ေဖ့စ္ဘုတ္ ကေန ဘယ္သူ အသင္းေခါင္းေဆာင္ျဖစ္သင့္လဲဆိုတာကို မဲေပးခဲ့ၾကပါတယ္။ မဲေပးမႈအရ ဘ႐ူႏိုဖာနန္ဒက္စ္ က (၈၃)ရာခိုင္ႏႈန္း၊ ရက္ရွ္ဖိုဒ့္က (၁၀)ရာခိုင္ႏႈန္း၊ ေပါ့ဘာ က (၆)ရာခိုင္ႏႈန္း၊ မက္ဂြဲရား က (၁)ရာခိုင္ႏႈန္းသာ ရွိခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။
Unicode
မန်ချက်စတာယူနိုက်တက် အသင်း ပရိသတ်အများစုက ပြီးခဲ့တဲ့ ဖြစ်ရပ်တွေကြောင့် မက်ဂွဲရား ကို အသင်းခေါင်းဆောင် ရာထူးက လျှော့ချဖို့ အလိုရှိနေကြတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မက်ဂွဲရား ဟာ အခုနှစ်ရာသီမစခင်အချိန်က ဂရိနိုင်ငံ မိုင်ကိုနို့စ် မှာပြသနာဖြစ်ပွားခဲ့တာကြောင့် ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။
မက်ဂွဲရားဟာ အခုနှစ်ရာသီအစမှာ သူရဲ့ခြေစွမ်းဟာ ဆိုးရွားနေခဲ့ပြီး သူဦးဆောင်နေတဲ့ ခံစစ်က ပရီးမီးယားလိဂ် ပွဲစဉ်(၃)ပွဲအပြီးမှာ (၁၁)ဂိုးအထိခွင့်ပြုခံထားရတာဖြစ်ပါတယ်။ စပါး အသင်းကို အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော် မာရှယ် ထုတ်ပယ်ခံရတာနဲ့ ပတ်သက်ပြီး သူနဲ့ ရက်ရှ်ဖိုဒ့်တို့ ပြောဆိုနေကြတဲ့ ဗီဒီယိုဖိုင်ဟာ လူမှူကွန်ယက်မှာ ပျံနှံခဲ့ပါတယ်။
မက်ဂွဲရားက အသင်းဖော် မာရှယ်ဘက်က မရပ်တည်ခဲ့ဘဲ လာမယ်လာ အပြစ်မကျူးလွန်ဘူး ဆိုခဲ့တာကြောင့် ယူနိုက်တက် ပရိသတ်တွေ ဒေါသပေါက်ကွဲခဲ့ကြပါတယ်။ ဒီဗီဒီယိုကို ကြည့်ရှုပြီးနောက် ပရိသတ်တွေဟာ မက်ဂွဲရား ကို ဝေဖန်မှုတွေဟာ ပိုပြီးများပြားလာခဲ့တာလည်း ဖြစ်ပါတယ်။
ဒ့ါအပြင် ပထမပိုင်းအပြီးမှာ ဘရူနိုဖာနန်ဒက်စ် ဟာ မက်ဂွဲရား ကို ပြင်းပြင်းထန်ထန် ပြောဆိုခဲ့ပြီး ယူနိုက်တက် အကျီဝတ်ဖို့ မထိုက်တန်ဘူးလို့ ပြောခဲ့တယ်လို့လည်း လှုမှုကွန်ယက်တွေပေါ်မှာ သတင်းတွေထွက်ခဲ့ပါတယ်။ အဲဒါကြောင့် ဘရူနိုဖာနန်ဒက်စ် ကို အသင်းက လူစားလဲခဲ့ပြီး မာရှယ်နဲ့အတူ ရှိစေခဲ့တာဖြစ်ပါတယ်။
ပရိသတ်(၁၀,၀၀၀)ကျော် က The Peoples Person ဖေ့စ်ဘုတ် ကနေ ဘယ်သူ အသင်းခေါင်းဆောင်ဖြစ်သင့်လဲဆိုတာကို မဲပေးခဲ့ကြပါတယ်။ မဲပေးမှုအရ ဘရူနိုဖာနန်ဒက်စ် က (၈၃)ရာခိုင်နှုန်း၊ ရက်ရှ်ဖိုဒ့်က (၁၀)ရာခိုင်နှုန်း၊ ပေါ့ဘာ က (၆)ရာခိုင်နှုန်း၊ မက်ဂွိုင်းယား က (၁)ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။