ဆန္ခ်ိဳ ယူနိုက္တက္ ေရာက္မလာတာကို အခြင့္ေကာင္း ယူဖို႔ ဂ်ိမ္းစ္အား တိုက္တြန္းမႈ

ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ကာလမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းထံကို ေတာင္ပံကစားသမားသစ္ေတြ ေရာက္မလာခဲ့တာ စိတ္ပ်က္စရာ ေကာင္းေပမယ့္လည္း တစ္ဖက္ကစဥ္းစားၾကည့္ရင္ ဒါဟာ လက္ရွိ ကစားသမားေတြအတြက္ အခြင့္အေရးျဖစ္တယ္လို႔ သရဲနီေဟာင္းၾကီး ႐ိုင္ယန္ဂစ္က သုံးသပ္သြားခဲ့ပါတယ္။

တကယ္လို႔သာ ဆန္ခ်ိဳ ေရာက္လာရင္ ဒန္နီရယ္လ္ဂ်ိမ္းစ္ အရန္ခုံ ထိုင္ရဖို႔ရွိေနေပမယ့္လည္း အခုေတာ့ အခြင့္အေရးရွိလာခဲ့ၿပီလို႔ ႐ိုင္ယန္ဂစ္က တိုက္တြန္း ေျပာဆိုပါတယ္။

“ဒန္နီရယ္လ္ ဂ်ိမ္းစ္ဟာ အရည္အခ်င္းရွိတဲ့ ကစားသမား တစ္ေယာက္ပါ။ ဒါကို ကြၽန္ေတာ္တို႔ အားလုံး သိထားၾကပါတယ္။ ဒါေပမယ့္ သူ႔အေနနဲ႔လည္း ဒီထက္ စြမ္းေဆာင္ရည္ တိုးတက္လာဖို႔ လိုေနပါ ေသးတယ္။ သူ႔မွာ သက္ေသျပစရာေတြ အမ်ားႀကီး ရွိေနပါေသးတယ္။ ဒါကို သူလုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ယုံၾကည္ထားပါတယ္။

မန္ယူနိုက္တက္ အသင္းအေနနဲ႔ ေျပာရရင္ေတာ့ အေျပာင္းအေ႐ႊ႕ ကာလမွာ ေတာင္ပံႏွစ္ဖက္ကို အင္အားမျဖည့္တင္းႏိုင္ခဲ့တာ စိတ္ပ်က္စရာပါ။ တစ္ဖက္ကစဥ္းစားရင္ေတာ့လည္း ဒါဟာ လက္ရွိ ကစားသမားေတြ အတြက္ အခြင့္အေရး တစ္ရပ္ ျဖစ္ႏိုင္ပါတယ္။ ဆန္ခ်ိဳ ေရာက္မလာတဲ့အတြက္ ဒန္နီရယ္လ္ဂ်ိမ္းစ္မွာ အခြင့္အေရးရွိလာသလိုပါပဲ။ ဒါေပမယ့္ ကိုယ္ ကိုယ္တိုင္ကလည္း ဒီအခြင့္အေရးကို အမိအရ အသုံးခ်ႏိုင္ဖို႔ေတာ့ လိုပါလိမ့္မယ္”လို႔ ႐ိုင္ယန္ဂစ္က သုံးသပ္သြားခဲ့ပါတယ္။

ဒန္နီရယ္လ္ ဂ်ိမ္းစ္ဟာ ဒီႏွစ္ေဘာလုံးရာသီ မန္ယူအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္မရေသးဘဲ ၿပိဳင္ပြဲစုံ ၂ ပြဲ (၁၁၄ မိနစ္) သာ ကစားခြင့္ရရွိထားခဲ့တာျဖစ္ပါတယ္။ အထူးသျဖင့္ လူငယ္တိုက္စစ္မႉးေလး ဂရင္းဝုဒ္ ညာေတာင္ပံမွာ ပြဲထြက္ခြင့္ရေနတဲ့ အတြက္ ဂ်ိမ္းစ္ ေနရာေပ်ာက္လာခဲ့တာ ျဖစ္ပါတယ္။

Unicode

ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံကို တောင်ပံကစားသမားသစ်တွေ ရောက်မလာခဲ့တာ စိတ်ပျက်စရာ ကောင်းပေမယ့်လည်း တစ်ဖက်ကစဉ်းစားကြည့်ရင် ဒါဟာ လက်ရှိ ကစားသမားတွေအတွက် အခွင့်အရေးဖြစ်တယ်လို့ သရဲနီဟောင်းကြီး ရိုင်ယန်ဂစ်က သုံးသပ်သွားခဲ့ပါတယ်။

တကယ်လို့သာ ဆန်ချို ရောက်လာရင် ဒန်နီရယ်လ်ဂျိမ်းစ် အရန်ခုံ ထိုင်ရဖို့ရှိနေပေမယ့်လည်း အခုတော့ အခွင့်အရေးရှိလာခဲ့ပြီလို့ ရိုင်ယန်ဂစ်က တိုက်တွန်း ပြောဆိုပါတယ်။

“ဒန်နီရယ်လ် ဂျိမ်းစ်ဟာ အရည်အချင်းရှိတဲ့ ကစားသမား တစ်ယောက်ပါ။ ဒါကို ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ဒါပေမယ့် သူ့အနေနဲ့လည်း ဒီထက် စွမ်းဆောင်ရည် တိုးတက်လာဖို့ လိုနေပါ သေးတယ်။ သူ့မှာ သက်သေပြစရာတွေ အများကြီး ရှိနေပါသေးတယ်။ ဒါကို သူလုပ်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ်။

မန်ယူနိုက်တက် အသင်းအနေနဲ့ ပြောရရင်တော့ အပြောင်းအရွှေ့ ကာလမှာ တောင်ပံနှစ်ဖက်ကို အင်အားမဖြည့်တင်းနိုင်ခဲ့တာ စိတ်ပျက်စရာပါ။ တစ်ဖက်ကစဉ်းစားရင်တော့လည်း ဒါဟာ လက်ရှိ ကစားသမားတွေ အတွက် အခွင့်အရေး တစ်ရပ် ဖြစ်နိုင်ပါတယ်။ ဆန်ချို ရောက်မလာတဲ့အတွက် ဒန်နီရယ်လ်ဂျိမ်းစ်မှာ အခွင့်အရေးရှိလာသလိုပါပဲ။ ဒါပေမယ့် ကိုယ် ကိုယ်တိုင်ကလည်း ဒီအခွင့်အရေးကို အမိအရ အသုံးချနိုင်ဖို့တော့ လိုပါလိမ့်မယ်”လို့ ရိုင်ယန်ဂစ်က သုံးသပ်သွားခဲ့ပါတယ်။

ဒန်နီရယ်လ် ဂျိမ်းစ်ဟာ ဒီနှစ်ဘောလုံးရာသီ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရသေးဘဲ ပြိုင်ပွဲစုံ ၂ ပွဲ (၁၁၄ မိနစ်) သာ ကစားခွင့်ရရှိထားခဲ့တာဖြစ်ပါတယ်။ အထူးသဖြင့် လူငယ်တိုက်စစ်မှူးလေး ဂရင်းဝုဒ် ညာတောင်ပံမှာ ပွဲထွက်ခွင့်ရနေတဲ့ အတွက် ဂျိမ်းစ် နေရာပျောက်လာခဲ့တာ ဖြစ်ပါတယ်။