စပါးနဲ႕ ပြဲမွာ လူစားလဲခံရလို႔ နည္းျပ ဆိုးလ္ရွားကို စိတ္ကြက္ေနတဲ့ ဘရူနို ဖာနန္ဒက္စ္
ဘ႐ူႏိုဖာနန္ဒက္စ္တစ္ေယာက္ ၿပီးခဲ့တဲ့ ပိတ္ရက္တုန္းက ေတာ့တင္ဟမ္ကို ၆-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရတာေၾကာင့္ နည္းျပ ဆိုးလ္ရွားရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ေဒါသထြက္ခဲ့တယ္ လို႔ သိရပါတယ္။
သတင္းေတြ အရ တနဂၤေႏြေန႔ပြဲစဥ္ရဲ႕ အဝတ္လဲခန္းထဲမွာ အသံအထြက္ဆုံး ကစားသမားကေတာ့ ဖာနန္ဒက္စ္ျဖစ္ၿပီး ယူႏိုက္တက္က ပထမပိုင္းမွာကတည္းက ၄-၁ နဲ႔ ရႈံးနိမ့္ေနသလို အန္တိုနီမာရွယ္လည္း အထုတ္ခံခဲ့ရလို႔ တစ္ေယာက္ေလ်ာ့နဲ႔ ကစားေနရပါတယ္။
ထိုပြဲမွာ အဲရစ္လာမယ္လာေၾကာင့္ မာရွယ္ အနီကတ္ထိခဲ့ၿပီးေနာက္မွာ နည္းျပဆိုးလ္ရွားက သူ႔ရဲ႕ ဖန္တီးမႈအေကာင္းဆုံး ကစားသမား ဖာနန္ဒက္စ္ကို လူစားလဲဖို႔ ဆုံးျဖတ္ခဲ့ေပမယ့္ ဖာနန္ဒက္စ္ကေတာ့ ကင္မရာေတြရဲ႕ ကြယ္ရာမွာ နည္းျပရဲ႕ ဆုံးျဖတ္ခ်က္ကို ဆန႔္က်င့္ခဲ့တယ္လို႔ သိရပါတယ္။
ဆိုးလ္ရွားရဲ႕ဆုံးျဖတ္ခ်က္က နည္းစနစ္ပိုင္းအေျပာင္းအလဲ ေတာ္ေတာ္ေလးမ်ားတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ၿပီး ကြင္းလယ္အင္အား ပိုလိုတယ္လို႔ ယူဆခဲ့ၿပီး ဖရက္ဒ္၊ မက္တိုမီေနးတို႔နဲ႔ တည္ကစားဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ပါတယ္။ ဆိုးလ္ရွားအေနနဲ႔လည္း ဒီပြဲမွာ ျပန္လာႏိုင္ဖို႔ မလြယ္ကူေတာ့တဲ့ အေနအထားကို ႀကိဳတင္ျပင္ဆင္တဲ့ အေနနဲ႔ အဓိကကစားသမားျဖစ္တဲ့ စပို႔တင္းကြင္းလယ္လူေဟာင္းကို ဒဏ္ရာမရေစဖို႔ အခုလို ဆုံးျဖတ္ခဲ့ရေပမယ့္ ဖာနန္ဒက္စ္ကေတာ့ လုံးကို ဆန႔္က်င္ခဲ့တယ္လို႔ သိရပါတယ္။
ဒီပြဲမွာ မိနစ္ ၉၀ လုံးကစားသမားတဲ့ ေပါ့ဂ္ဘာကို ဆိုးလ္ရွားဘာလို႔ လူမလဲတာလည္း ဆိုတာကိုေတာ့ နားမလည္ႏိုင္ေၾကာင္း ခ်ဲလ္ဆီးကြင္းလယ္လူေဟာင္းလည္း ျဖစ္သလို ESPN ရဲ႕ သုံးသပ္သူတစ္ဦးျဖစ္တဲ့ ခရိတ္ဘာေလက ေဝဖန္သြားခဲ့ပါတယ္။
ဘာေလက “ တစ္ေယာက္ေလ်ာ့သြားတဲ့ အခ်ိန္မွာ ဘာျဖစ္လို႔ ေပါ့ဂ္ဘာကို ကြင္းထဲမွာ ဆက္ထားေနရတာလဲ၊ ေပါ့ဂ္ဘာဆိုတာ လက္ရွိကစားသမားေတြထဲမွာ အေလးဆုံးကစားသမားတစ္ေယာက္။ ဒီလိုကစားသမားကို ကြင္းလယ္ဘယ္ျခမ္းမွာေတာင္ ကစားခိုင္လိုက္ေသးတယ္။ ေပါ့ဂ္ဘာက အေဝးေဘာကစားတဲ့ ေနရာမွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ အရမ္းေကာင္းတဲ့သူပါ ဒါေပမယ့္ ခံစစ္ကို ပိုအားထည့္ရမယ့္ အခ်ိန္မွာေတာ့ သူကအားနည္းပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။
ယူနိုက္တက္ရဲ႕ ဒီရာသီ ေျခစြမ္းပိုင္းက ျပီးခဲ့တဲ့ ရာသီနဲ႕ လုံးဝကို ေျပာင္းျပန္အခ်ိဳးက်ေနခဲ့ၿပီး အေျပာင္းအေ႐ႊ႕ကာလမွာလည္း စိတ္ႀကိဳက္ကစားသမားေတြ ေခၚယူႏိုင္ဖို႔ကိုလည္း ႐ုန္းကန္ေနခဲ့ရပါတယ္။
Unicode
ဘရူနိုဖာနန်ဒက်စ်တစ်ယောက် ပြီးခဲ့တဲ့ ပိတ်ရက်တုန်းက တော့တင်ဟမ်ကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာကြောင့် နည်းပြ ဆိုးလ်ရှားရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါသထွက်ခဲ့တယ် လို့ သိရပါတယ်။
သတင်းတွေ အရ တနင်္ဂနွေနေ့ပွဲစဉ်ရဲ့ အဝတ်လဲခန်းထဲမှာ အသံအထွက်ဆုံး ကစားသမားကတော့ ဖာနန်ဒက်စ်ဖြစ်ပြီး ယူနိုက်တက်က ပထမပိုင်းမှာကတည်းက ၄-၁ နဲ့ ရှုံးနိမ့်နေသလို အန်တိုနီမာရှယ်လည်း အထုတ်ခံခဲ့ရလို့ တစ်ယောက်လျော့နဲ့ ကစားနေရပါတယ်။
ထိုပွဲမှာ အဲရစ်လာမယ်လာကြောင့် မာရှယ် အနီကတ်ထိခဲ့ပြီးနောက်မှာ နည်းပြဆိုးလ်ရှားက သူ့ရဲ့ ဖန်တီးမှုအကောင်းဆုံး ကစားသမား ဖာနန်ဒက်စ်ကို လူစားလဲဖို့ ဆုံးဖြတ်ခဲ့ပေမယ့် ဖာနန်ဒက်စ်ကတော့ ကင်မရာတွေရဲ့ ကွယ်ရာမှာ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင့်ခဲ့တယ်လို့ သိရပါတယ်။
ဆိုးလ်ရှားရဲ့ဆုံးဖြတ်ချက်က နည်းစနစ်ပိုင်းအပြောင်းအလဲ တော်တော်လေးများတဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ကွင်းလယ်အင်အား ပိုလိုတယ်လို့ ယူဆခဲ့ပြီး ဖရက်ဒ်၊ မက်တိုမီနေးတို့နဲ့ တည်ကစားဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဆိုးလ်ရှားအနေနဲ့လည်း ဒီပွဲမှာ ပြန်လာနိုင်ဖို့ မလွယ်ကူတော့တဲ့ အနေအထားကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အဓိကကစားသမားဖြစ်တဲ့ စပို့တင်းကွင်းလယ်လူဟောင်းကို ဒဏ်ရာမရစေဖို့ အခုလို ဆုံးဖြတ်ခဲ့ရပေမယ့် ဖာနန်ဒက်စ်ကတော့ လုံးကို ဆန့်ကျင်ခဲ့တယ်လို့ သိရပါတယ်။
ဒီပွဲမှာ မိနစ် ၉၀ လုံးကစားသမားတဲ့ ပေါ့ဂ်ဘာကို ဆိုးလ်ရှားဘာလို့ လူမလဲတာလည်း ဆိုတာကိုတော့ နားမလည်နိုင်ကြောင်း ချဲလ်ဆီးကွင်းလယ်လူဟောင်းလည်း ဖြစ်သလို ESPN ရဲ့ သုံးသပ်သူတစ်ဦးဖြစ်တဲ့ ခရိတ်ဘာလေက ဝေဖန်သွားခဲ့ပါတယ်။
ဘာလေက “ တစ်ယောက်လျော့သွားတဲ့ အချိန်မှာ ဘာဖြစ်လို့ ပေါ့ဂ်ဘာကို ကွင်းထဲမှာ ဆက်ထားနေရတာလဲ၊ ပေါ့ဂ်ဘာဆိုတာ လက်ရှိကစားသမားတွေထဲမှာ အလေးဆုံးကစားသမားတစ်ယောက်။ ဒီလိုကစားသမားကို ကွင်းလယ်ဘယ်ခြမ်းမှာတောင် ကစားခိုင်လိုက်သေးတယ်။ ပေါ့ဂ်ဘာက အဝေးဘောကစားတဲ့ နေရာမှာ အံ့သြစရာကောင်းလောက်အောင် အရမ်းကောင်းတဲ့သူပါ ဒါပေမယ့် ခံစစ်ကို ပိုအားထည့်ရမယ့် အချိန်မှာတော့ သူကအားနည်းပါတယ် ” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ဒီရာသီ ခြေစွမ်းပိုင်းက ပြီးခဲ့တဲ့ ရာသီနဲ့ လုံးဝကို ပြောင်းပြန်အချိုးကျနေခဲ့ပြီး အပြောင်းအရွှေ့ကာလမှာလည်း စိတ်ကြိုက်ကစားသမားတွေ ခေါ်ယူနိုင်ဖို့ကိုလည်း ရုန်းကန်နေခဲ့ရပါတယ်။