ယူနိုက္တက္ရဲ႕ ရလဒ္ေတြ ဆက္ ဆိုးေနမယ္ ဆိုရင္ ဆိုးရွားကို ထုတ္ဖို႔ အက္၀ုဒ္၀ပ္ အသင့္ ေစာင့္ေန
မန္ခ်က္စတာ ယူႏိုက္တက္ အမႈေဆာင္ခ်ဳပ္ အက္၀ုဒ္၀ပ္ဟာ နည္းျပ ဆိုးလ္ရွားအေနနဲ႔ အသင္းရဲ႕ လာမယ့္ ပြဲေတြမွာ ဆက္တုိက္ရလဒ္ေတြ ဆိုးေနျပီး တိုးတက္လာျခင္းမရွိပါက ထုတ္ပယ္သြားရန္ ျပင္ဆင္ေနတယ္လို႔ The Mirror သတင္းဌာနက ေဖာ္ျပခ်က္အရ သိရပါတယ္။
ရာသီအစ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၃) ပြဲမွာ ယူႏိုက္တက္ အသင္းဟာ ပံုစံေကာင္းျပသရန္ ရုန္းကန္ေနရျပီး ျပီးခဲ့တဲ့ စေနေန႔ကဆိုရင္ အိမ္ကြင္းအိုးထရက္ဖိုဒ့္မွာ စပါးအသင္းကို (၆-၁) နဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့ရတာ ျဖစ္ပါတယ္။
အက္၀ုဒ္၀ပ္ဟာ နည္းျပ ဆာအဲလက္စ္ ဖာဂူဆန္လက္ေအာက္မွာကစားတုန္းက သူရဲေကာင္းတစ္ေယာက္ျဖစ္ခဲ့တဲ့အျပင္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ျခင္းကို ခံစားခဲ့ရတဲ့ ေနာေ၀းလူမ်ိဳးနညး္ျပ ဆိုးလ္ရွားကို သည္းခံလိုျခင္းမရွိေတာ့ပဲ လုပ္ထံုးလုပ္နည္းအတိုင္း ထုတ္ပယ္ရန္ ျပင္ဆင္ေနတယ္လို႔ သတင္း ထြက္ေပၚလာခဲ့ပါတယ္။
စပါးနဲ႕ ပြဲအျပီးမွာ ယူနုိက္တက္ဟာ စပါးနည္းျပေဟာင္း ပိုခ်က္တီနို ကို ဆိုးရွားေနရာ အစားထိုး ခန္႔အပ္ဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ထားျပီး ယူနိုက္တက္ရဲ႕ ရလဒ္ေတြ ဆက္ ဆိုးေနမယ္ဆိုရင္ ဆိုးရွားကို ထပ္ အခ်ိန္ေပးေတာ့မွာ မဟုတ္ဘဲ တခါတည္း ထုတ္ပယ္ဖို႔ ၀ုဒ္၀ပ္က ေစာင့္ေနျပီလို႔ သိရပါတယ္။
ဆိုးရွားဟာ ျပီးခဲ့တဲ့ေႏြမွာလည္း ယူနိုက္တကက္ ကစားသမားသစ္ ေခၚယူမႈေတြ လုပ္ေပးခဲ့ေပမယ့္ သူ အလိုရွိလို႔ ေခၚခ်င္တယ္ အသိေပးထားတဲ့ ကစားသမားေတြထဲက တစ္ေယာက္မွ မရခဲ့တာေၾကာင့္ နည္းစနစ္ ဗ်ဴဟာခင္းဖို႔လည္း အခက္ေတြ႔ေနတယ္လို႔ သတင္းေတြ ထြက္ေနတာေၾကာင့္ ယူနိုက္တက္နဲ႕ ေနာ္ေ၀သားၾကီးတို႔ လမ္းခြဲက နီးလာျပီလား ေစာင့္ၾကည့္ရဖို႔ ရွိပါတယ္။
Unicode
မန်ချက်စတာ ယူနိုက်တက် အမှုဆောင်ချုပ် အက်ဝုဒ်ဝပ်ဟာ နည်းပြ ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ လာမယ့် ပွဲတွေမှာ ဆက်တိုက်ရလဒ်တွေ ဆိုးနေပြီး တိုးတက်လာခြင်းမရှိပါက ထုတ်ပယ်သွားရန် ပြင်ဆင်နေတယ်လို့ The Mirror သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။
ရာသီအစ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲမှာ ယူနိုက်တက် အသင်းဟာ ပုံစံကောင်းပြသရန် ရုန်းကန်နေရပြီး ပြီးခဲ့တဲ့ စနေနေ့ကဆိုရင် အိမ်ကွင်းအိုးထရက်ဖိုဒ့်မှာ စပါးအသင်းကို (၆-၁) နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။
အက်ဝုဒ်ဝပ်ဟာ နည်းပြ ဆာအဲလက်စ် ဖာဂူဆန်လက်အောက်မှာကစားတုန်းက သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့တဲ့အပြင် ပရိသတ်တွေရဲ့ ချစ်ခင်ခြင်းကို ခံစားခဲ့ရတဲ့ နောဝေးလူမျိုးနည်းပြ ဆိုးလ်ရှားကို သည်းခံလိုခြင်းမရှိတော့ပဲ လုပ်ထုံးလုပ်နည်းအတိုင်း ထုတ်ပယ်ရန် ပြင်ဆင်နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။
စပါးနဲ့ ပွဲအပြီးမှာ ယူနိုက်တက်ဟာ စပါးနည်းပြဟောင်း ပိုချက်တီနို ကို ဆိုးရှားနေရာ အစားထိုး ခန့်အပ်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ထားပြီး ယူနိုက်တက်ရဲ့ ရလဒ်တွေ ဆက် ဆိုးနေမယ်ဆိုရင် ဆိုးရှားကို ထပ် အချိန်ပေးတော့မှာ မဟုတ်ဘဲ တခါတည်း ထုတ်ပယ်ဖို့ ဝုဒ်ဝပ်က စောင့်နေပြီလို့ သိရပါတယ်။
ဆိုးရှားဟာ ပြီးခဲ့တဲ့နွေမှာလည်း ယူနိုက်တကက် ကစားသမားသစ် ခေါ်ယူမှုတွေ လုပ်ပေးခဲ့ပေမယ့် သူ အလိုရှိလို့ ခေါ်ချင်တယ် အသိပေးထားတဲ့ ကစားသမားတွေထဲက တစ်ယောက်မှ မရခဲ့တာကြောင့် နည်းစနစ် ဗျူဟာခင်းဖို့လည်း အခက်တွေ့နေတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ယူနိုက်တက်နဲ့ နော်ဝေသားကြီးတို့ လမ်းခွဲက နီးလာပြီလား စောင့်ကြည့်ရဖို့ ရှိပါတယ်။