ယူနိုက္တက္ ေၾကးၾကီး ေပး ေခၚခဲ့ရတဲ့ မက္ဆီလက္သစ္ တိုက္စစ္သမားေလး ဒီယဲလ္လို
မန္ခ်က္စတာ ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ေႏြ အေျပာင္းအေ႐ႊ႕ ေဈးကြက္ ေနာက္ဆုံးရက္မွာမွ ပထမအသင္းႀကီးအတြက္ ၂၄ မိနစ္ေလာက္သာ ကစားခြင့္ရထားေသးတဲ့ အတၱလန္တ လူငယ္ၾကယ္ပြင့္ေလး အာမက္ ဒီယဲလ္လိုကို ေခၚယူခဲ့တယ္။
သူ႔ကို ပရိသတ္ေတြ ကနဦးသိၾကတာကေတာ့ အာမက္ ထရာအိုေရးပါ။ ဒါေပမဲ့လည္း မန္ယူႏိုက္တက္က တရားဝင္ေၾကညာမႈမွာေတာ့ ပထမနာမည္နဲ႔ အလယ္နာမည္ပဲယူၿပီး အာမက္ဒီယဲလ္လိုဆိုၿပီး သုံးစြဲခဲ့တယ္။ အလုပ္ပါမစ္ျပႆနာေၾကာင့္ ဇန္နဝါရီလမွာမွ မန္ယူႏိုက္တက္နဲ႔ တရားဝင္လာေရာက္ပူးေပါင္းမွာ ျဖစ္တယ္။
အိုက္ဗရီကို႔စ္သားေလးအတြက္ မန္ယူႏိုက္တက္ တစ္လုံးတစ္ခဲတည္းေပးရမဲ့ေၾကးက ေပါင္ ၁၉ သန္းပါပဲ။ ဒါေပမဲ့လည္း ေနာက္ထပ္ေပးရမဲ့ ကုန္က်စားရိတ္ေတြအရ အေျပာင္းအေ႐ႊ႕စုစုေပါင္းတန္ေၾကးဟာ ေပါင္ ၃၇ သန္းအထိ ရွိလာလိမ့္မယ္လို႔ Goal က ေဖာ္ျပထားတယ္။ အဆိုပါေၾကးအရ ဒီယဲလ္လိုဟာ မန္ယူႏိုက္တက္သမိုင္းတေလွ်ာက္ ေခၚယူခဲ့သမွ် ေဈးအႀကီးဆုံး ကစားသမား ၁၀ ဦးထဲမွာ တစ္ဦး အပါအဝင္ ျဖစ္လာတယ္။

ဂႏၴဝင္ကစားသမားႀကီး ဝိန္း႐ြန္နီကို ေခၚယူခဲ့စဥ္ကထက္ေတာင္ တန္ေၾကးျမင့္ခဲ့တယ္လို႔ ေျပာရမယ္ ထင္တယ္။ ဒါဟာ အသက္ ၁၈ ႏွစ္သားေလးအေပၚ မန္ယူႏိုက္တက္ရဲ႕ ယုံၾကည္မႈကိုလည္း ျပသရာ ေရာက္ပါတယ္။ ဒီယဲလ္လိုဟာ ေနာက္ထပ္ဆယ္ေက်ာ္သက္ၾကယ္ပြင့္ေလးျဖစ္တဲ့ ဖာကြန္ဒိုပယ္ရစၥတီနဲ႔အတူ အိုးထရက္ဖို႔ဒ္ကို ေရာက္လာမွာ ျဖစ္တယ္။ ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ ဆန္ခ်ိဳကို မန္ယူႏိုက္တက္အသင္း ဆက္လက္ႀကိဳးစားခဲ့မယ္ဆိုရင္ေတာ့ ညာျခမ္းတိုက္စစ္ဟာ ၾကယ္ပြင့္ေတြနဲ႔ ျပည့္ႏွက္ေနမဲ့ ေနရာတစ္ခု ျဖစ္လာႏိုင္ေျခ ရွိေနတယ္။
တကယ္ေတာ့ ဒီယဲလ္လိုကို လြန္ခဲ့တဲ့ေလးႏွစ္ေလာက္ကတည္းက သိထားမိခဲ့တာ ျဖစ္တယ္။ အဲဒီတုန္းကေတာ့ အသက္ ၁၅ ႏွစ္ဝန္းက်င္ ခ်ာတိတ္ေလးေပါ့။ ဒီခ်ာတိတ္ေလးဟာ ယူဗင္တပ္၊ အင္တာမီလန္နဲ႔ ေအစီမီလန္အသင္းတို႔ရဲ႕ အကယ္ဒမီနဲ႔ ပူးေပါင္းဖို႔ ေျခစြမ္းစမ္းသပ္ခံခဲ့ေပမဲ့လည္း အဆင္မေျပခဲ့သူ ျဖစ္တယ္။
လ်င္ျမန္တယ္။ ဘယ္ျခမ္အားသန္သူျဖစ္ေပမဲ့ ညာျခမ္းမွာကစားၿပီး အတြင္းျဖတ္ဝင္ ကန္သြင္းတတ္တယ္။ ၿပိဳင္ဘက္တစ္ဦးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ မာယာမ်ားတယ္။ ဒါေပမဲ့လည္း ဒီလိုလူငယ္ေလးကို အသင္းႀကီးေတြက စိတ္မဝင္စားခဲ့ၾကဘူး။ အတၱလန္တာနဲ႔ေတြ႕ေတာ့မွ လူမွန္ေနရာမွန္ေရာက္သြားခဲ့တယ္လို႔ ေျပာရမယ္။
ေအာက္တိုဘာလ ၂၀၁၉ ခုႏွစ္မွာေတာ့ ဒီယဲလ္လိုတစ္ေယာက္ အတၱလန္တာအသင္းအတြက္ စတင္ပြဲထြက္ခြင့္ရခဲ့တဲ့အထိ အေျခအေနေကာင္းလာတယ္။ အဆိုပါေန႔မွာပဲ ဥေရာပထိပ္တန္းကလပ္ေတြရဲ႕ ေရဒါထဲ က်ေရာက္သြားရေလာက္ေအာင္ ေျခလွမ္းႏိုင္ခဲ့တယ္။ ၇၇ မိနစ္မွာ လူစားတင္လာတဲ့ ခ်ာတိတ္ေလးဟာ သူ႔ပုံစံအတိုင္း ညာျခမ္းကေန အတြင္းျဖတ္ဝင္ၿပီး ကိုက္ ၂၀ အကြာကေန ေသသပ္တဲ့ ကန္ခ်က္တစ္ခုနဲ႔အတူ သြင္းဂိုးတစ္ဂိုးကို ရယူႏိုင္ခဲ့တာ ျဖစ္တယ္။
ပထမဆုံးစီးရီးေအပြဲဦးထြက္မွာတင္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ အသက္အငယ္ဆုံး ဂိုးသြင္းစံခ်ိန္ရွင္အျဖစ္လည္း ၁၇ ႏွစ္၊ ၁၀၉ ရက္နဲ႔ တင္ရွိႏိုင္ခဲ့တယ္။ အဲဒီေနာက္မွာေတာ့ ဒီယဲလ္လိုရဲ႕ အရည္အေသြးေတြကို ေစာင့္ၾကည့္ေနခဲ့တာၾကာၿပီျဖစ္တဲ့ မန္ယူႏိုက္တက္ကင္းေထာက္ေတြဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာပဲ အမိအရေခၚယူဖို႔ရာ တၿပိဳင္နက္ထဲ ေထာက္ခံခ်က္ေပးခဲ့ပါေတာ့တယ္။

အတၱလန္တာအသင္းေဖာ္ ပါပူဂိုးမက္ဇ္ကေတာ့ ဒီယဲလ္လိုရဲ႕ေျခစြမ္းနဲ႔ပတ္သက္လို႔ အခုလိုပဲ ၫႊန္းထားတယ္။ “သူက မက္ဆီလိုပဲဗ်။ ေလ့က်င့္ေရးကြင္းမွာဆိုရင္ သူ႔ကို တားဆီးႏိုင္ဖို႔က ကန္ပစ္လိုက္ဖို႔ပဲ ရွိေတာ့တာ။”
မန္ယူႏိုက္တက္ကို မေရာက္ခင္ ဒီယဲလ္လိုရဲ႕ အေျပာင္းအေ႐ႊ႕ပုံျပင္ကေတာ့ နည္းနည္းဒရာမာဆန္ပါတယ္။ သူ႔ကို ပထမဆုံးေခၚယူဖို႔ ႀကိဳးပမ္းခဲ့တာက ပါးမားအသင္း ျဖစ္တယ္။ ဒါေပမဲ့ မန္ယူႏိုက္တက္ ဝင္လာခ်ိန္မွာေတာ့ အေျခအေနေတြ ေျပာင္းလဲသြားခဲ့ၿပီး အတၱလန္တာက မန္ယူႏိုက္တက္ဆီပဲေရာင္းဖို႔ ဆုံးျဖတ္ခဲ့တာပါ။
“ဒီယဲလ္လိုနဲ႔ပတ္သက္လို႔ အတၱလန္တာဆီ သြားေမးတာသာ အေကာင္းဆုံးဗ်။ ကြၽန္ေတာ္တို႔က သေဘာတူညီမႈရတဲ့အထိ နီးစပ္ခဲ့တယ္။ အဲဒီေနာက္မွာေတာ့ သူတို႔ဟာ မန္ယူႏိုက္တက္နဲ႔ ေဆြးေႏြးမႈေတြ စတင္ခဲ့ၿပီး လက္ခံခဲ့တာ ျဖစ္ပါတယ္။” ဆိုၿပီး ပါးမားဒါ႐ိုက္တာ အလက္ဆန္ဒ႐ိုလူကာရယ္လီက ေပါက္ကြဲခဲ့တဲ့အထိ ျဖစ္ခဲ့တယ္။
ယဲလ္လိုတစ္ေယာက္ မန္ယူႏိုက္တက္မွာ အခ်ိန္ယူရမွာျဖစ္ၿပီး ပြဲထြက္ကစားခြင့္ရဖို႔ အတိုင္းအတာတစ္ခုအထိ ေစာင့္ဆိုင္းရဦးမွာလည္း ေသခ်ာေနတယ္။ ေမဆင္ဂရင္းဝုဒ္နဲ႔ ဒန္နီရဲလ္ဂ်ိမ္းစ္တို႔ရွိေနတာ၊ ပယ္ရစၥတီလည္း ေရာက္လာၿပီျဖစ္သလို ဆန္ခ်ိဳလည္း ေရာက္လာႏိုင္ေသးတာေၾကာင့္ သူ႔အတြက္ စိန္ေခၚမႈေတြကလည္း ျပင္းထန္ေနတယ္။
ဒါေပမဲ့လည္း မန္ယူႏိုက္တက္ကင္းေထာက္ေတြနဲ႔ နည္းျပဆိုးရွားကေတာ့ ဒီယဲလ္လိုဟာ အနာဂတ္အတြက္ အားထားရမဲ့ ၾကယ္တစ္ပြင့္ျဖစ္လာလိမ့္မယ္လို႔ ယုံၾကည္ေနၾကတယ္။ ဒီယဲလ္လိုဟာ မန္ယူႏိုက္တက္ ပရိသတ္ေတြ ေမွ်ာ္လင့္ထားတဲ့ အေျပာင္းအေ႐ႊ႕တစ္ခု မဟုတ္တာေသခ်ာေပမဲ့ အနာဂတ္အတြက္ ထိုက္တန္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈေတာ့ ျဖစ္လာဖို႔ ရွိေနပါတယ္။

Unicode
မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ ဈေးကွက် နောက်ဆုံးရက်မှာမှ ပထမအသင်းကြီးအတွက် ၂၄ မိနစ်လောက်သာ ကစားခွင့်ရထားသေးတဲ့ အတ္တလန်တ လူငယ်ကြယ်ပွင့်လေး အာမက် ဒီယဲလ်လိုကို ခေါ်ယူခဲ့တယ်။
သူ့ကို ပရိသတ်တွေ ကနဦးသိကြတာကတော့ အာမက် ထရာအိုရေးပါ။ ဒါပေမဲ့လည်း မန်ယူနိုက်တက်က တရားဝင်ကြေညာမှုမှာတော့ ပထမနာမည်နဲ့ အလယ်နာမည်ပဲယူပြီး အာမက်ဒီယဲလ်လိုဆိုပြီး သုံးစွဲခဲ့တယ်။ အလုပ်ပါမစ်ပြဿနာကြောင့် ဇန်နဝါရီလမှာမှ မန်ယူနိုက်တက်နဲ့ တရားဝင်လာရောက်ပူးပေါင်းမှာ ဖြစ်တယ်။
အိုက်ဗရီကို့စ်သားလေးအတွက် မန်ယူနိုက်တက် တစ်လုံးတစ်ခဲတည်းပေးရမဲ့ကြေးက ပေါင် ၁၉ သန်းပါပဲ။ ဒါပေမဲ့လည်း နောက်ထပ်ပေးရမဲ့ ကုန်ကျစားရိတ်တွေအရ အပြောင်းအရွှေ့စုစုပေါင်းတန်ကြေးဟာ ပေါင် ၃၇ သန်းအထိ ရှိလာလိမ့်မယ်လို့ Goal က ဖော်ပြထားတယ်။ အဆိုပါကြေးအရ ဒီယဲလ်လိုဟာ မန်ယူနိုက်တက်သမိုင်းတလျှောက် ခေါ်ယူခဲ့သမျှ ဈေးအကြီးဆုံး ကစားသမား ၁၀ ဦးထဲမှာ တစ်ဦး အပါအဝင် ဖြစ်လာတယ်။
ဂန္ထဝင်ကစားသမားကြီး ဝိန်းရွန်နီကို ခေါ်ယူခဲ့စဉ်ကထက်တောင် တန်ကြေးမြင့်ခဲ့တယ်လို့ ပြောရမယ် ထင်တယ်။ ဒါဟာ အသက် ၁၈ နှစ်သားလေးအပေါ် မန်ယူနိုက်တက်ရဲ့ ယုံကြည်မှုကိုလည်း ပြသရာ ရောက်ပါတယ်။ ဒီယဲလ်လိုဟာ နောက်ထပ်ဆယ်ကျော်သက်ကြယ်ပွင့်လေးဖြစ်တဲ့ ဖာကွန်ဒိုပယ်ရစ္စတီနဲ့အတူ အိုးထရက်ဖို့ဒ်ကို ရောက်လာမှာ ဖြစ်တယ်။ ၂၀၂၁ ခုနှစ် နွေရာသီမှာ ဆန်ချိုကို မန်ယူနိုက်တက်အသင်း ဆက်လက်ကြိုးစားခဲ့မယ်ဆိုရင်တော့ ညာခြမ်းတိုက်စစ်ဟာ ကြယ်ပွင့်တွေနဲ့ ပြည့်နှက်နေမဲ့ နေရာတစ်ခု ဖြစ်လာနိုင်ခြေ ရှိနေတယ်။
တကယ်တော့ ဒီယဲလ်လိုကို လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းက သိထားမိခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းကတော့ အသက် ၁၅ နှစ်ဝန်းကျင် ချာတိတ်လေးပေါ့။ ဒီချာတိတ်လေးဟာ ယူဗင်တပ်၊ အင်တာမီလန်နဲ့ အေစီမီလန်အသင်းတို့ရဲ့ အကယ်ဒမီနဲ့ ပူးပေါင်းဖို့ ခြေစွမ်းစမ်းသပ်ခံခဲ့ပေမဲ့လည်း အဆင်မပြေခဲ့သူ ဖြစ်တယ်။
လျင်မြန်တယ်။ ဘယ်ခြမ်အားသန်သူဖြစ်ပေမဲ့ ညာခြမ်းမှာကစားပြီး အတွင်းဖြတ်ဝင် ကန်သွင်းတတ်တယ်။ ပြိုင်ဘက်တစ်ဦးကို ကျော်ဖြတ်နိုင်ဖို့ မာယာများတယ်။ ဒါပေမဲ့လည်း ဒီလိုလူငယ်လေးကို အသင်းကြီးတွေက စိတ်မဝင်စားခဲ့ကြဘူး။ အတ္တလန်တာနဲ့တွေ့တော့မှ လူမှန်နေရာမှန်ရောက်သွားခဲ့တယ်လို့ ပြောရမယ်။
အောက်တိုဘာလ ၂၀၁၉ ခုနှစ်မှာတော့ ဒီယဲလ်လိုတစ်ယောက် အတ္တလန်တာအသင်းအတွက် စတင်ပွဲထွက်ခွင့်ရခဲ့တဲ့အထိ အခြေအနေကောင်းလာတယ်။ အဆိုပါနေ့မှာပဲ ဥရောပထိပ်တန်းကလပ်တွေရဲ့ ရေဒါထဲ ကျရောက်သွားရလောက်အောင် ခြေလှမ်းနိုင်ခဲ့တယ်။ ၇၇ မိနစ်မှာ လူစားတင်လာတဲ့ ချာတိတ်လေးဟာ သူ့ပုံစံအတိုင်း ညာခြမ်းကနေ အတွင်းဖြတ်ဝင်ပြီး ကိုက် ၂၀ အကွာကနေ သေသပ်တဲ့ ကန်ချက်တစ်ခုနဲ့အတူ သွင်းဂိုးတစ်ဂိုးကို ရယူနိုင်ခဲ့တာ ဖြစ်တယ်။
ပထမဆုံးစီးရီးအေပွဲဦးထွက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ဂိုးသွင်းစံချိန်ရှင်အဖြစ်လည်း ၁၇ နှစ်၊ ၁၀၉ ရက်နဲ့ တင်ရှိနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ဒီယဲလ်လိုရဲ့ အရည်အသွေးတွေကို စောင့်ကြည့်နေခဲ့တာကြာပြီဖြစ်တဲ့ မန်ယူနိုက်တက်ကင်းထောက်တွေဟာ ပြီးခဲ့တဲ့နွေရာသီမှာပဲ အမိအရခေါ်ယူဖို့ရာ တပြိုင်နက်ထဲ ထောက်ခံချက်ပေးခဲ့ပါတော့တယ်။
အတ္တလန်တာအသင်းဖော် ပါပူဂိုးမက်ဇ်ကတော့ ဒီယဲလ်လိုရဲ့ခြေစွမ်းနဲ့ပတ်သက်လို့ အခုလိုပဲ ညွှန်းထားတယ်။ “သူက မက်ဆီလိုပဲဗျ။ လေ့ကျင့်ရေးကွင်းမှာဆိုရင် သူ့ကို တားဆီးနိုင်ဖို့က ကန်ပစ်လိုက်ဖို့ပဲ ရှိတော့တာ။”
မန်ယူနိုက်တက်ကို မရောက်ခင် ဒီယဲလ်လိုရဲ့ အပြောင်းအရွှေ့ပုံပြင်ကတော့ နည်းနည်းဒရာမာဆန်ပါတယ်။ သူ့ကို ပထမဆုံးခေါ်ယူဖို့ ကြိုးပမ်းခဲ့တာက ပါးမားအသင်း ဖြစ်တယ်။ ဒါပေမဲ့ မန်ယူနိုက်တက် ဝင်လာချိန်မှာတော့ အခြေအနေတွေ ပြောင်းလဲသွားခဲ့ပြီး အတ္တလန်တာက မန်ယူနိုက်တက်ဆီပဲရောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။
“ဒီယဲလ်လိုနဲ့ပတ်သက်လို့ အတ္တလန်တာဆီ သွားမေးတာသာ အကောင်းဆုံးဗျ။ ကျွန်တော်တို့က သဘောတူညီမှုရတဲ့အထိ နီးစပ်ခဲ့တယ်။ အဲဒီနောက်မှာတော့ သူတို့ဟာ မန်ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ စတင်ခဲ့ပြီး လက်ခံခဲ့တာ ဖြစ်ပါတယ်။” ဆိုပြီး ပါးမားဒါရိုက်တာ အလက်ဆန်ဒရိုလူကာရယ်လီက ပေါက်ကွဲခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။
ယဲလ်လိုတစ်ယောက် မန်ယူနိုက်တက်မှာ အချိန်ယူရမှာဖြစ်ပြီး ပွဲထွက်ကစားခွင့်ရဖို့ အတိုင်းအတာတစ်ခုအထိ စောင့်ဆိုင်းရဦးမှာလည်း သေချာနေတယ်။ မေဆင်ဂရင်းဝုဒ်နဲ့ ဒန်နီရဲလ်ဂျိမ်းစ်တို့ရှိနေတာ၊ ပယ်ရစ္စတီလည်း ရောက်လာပြီဖြစ်သလို ဆန်ချိုလည်း ရောက်လာနိုင်သေးတာကြောင့် သူ့အတွက် စိန်ခေါ်မှုတွေကလည်း ပြင်းထန်နေတယ်။
ဒါပေမဲ့လည်း မန်ယူနိုက်တက်ကင်းထောက်တွေနဲ့ နည်းပြဆိုးရှားကတော့ ဒီယဲလ်လိုဟာ အနာဂတ်အတွက် အားထားရမဲ့ ကြယ်တစ်ပွင့်ဖြစ်လာလိမ့်မယ်လို့ ယုံကြည်နေကြတယ်။ ဒီယဲလ်လိုဟာ မန်ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်ထားတဲ့ အပြောင်းအရွှေ့တစ်ခု မဟုတ်တာသေချာပေမဲ့ အနာဂတ်အတွက် ထိုက်တန်တဲ့ ရင်းနှီးမြှုပ်နှံမှုတော့ ဖြစ်လာဖို့ ရှိနေပါတယ်။
