အသင္းအတြက္ မေပးဆပ္လိုတဲ့ ေပါ့ဘာနဲ႔ ပက္သက္ျပီး ယူႏိုက္တက္ရဲ႕ အနာဂတ္ အစီအစဥ္

ၿပီးခဲ့တဲ့ရက္ပိုင္း အတြင္းမွာ စပိန္လာလီဂါ ကလပ္ ရီးရဲလ္မက္ဒရစ္ အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ဟာ သူ႔ရဲ႕ အိမ္မက္ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့တဲ့ ေပါ့ဘာကို tအသင္းက အေတာ္ေလး စိတ္ပ်က္ေနၿပီး ေပါ့ဘာကို ေရာင္းခ်ဖို႔ စတင္ စဥ္းစားေနၿပီ ျဖစ္တယ္လို႔ မန္ယူအသင္းနဲ႔ နီးစပ္သူေတြက ဖြင့္ဟသြားခဲ့ပါတယ္။

အသက္ ၂ရႏွစ္ အ႐ြယ္ ကြင္းလယ္လူ ေပါ့ဘာဟာ မန္ယူအသင္းနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ေက်ာ္သာ က်န္ရွိေတာ့တဲ့ ကစားသမား ျဖစ္ၿပီး မန္ယူအသင္းဟာ သူ႔ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းမႈေတြ ျပဳလုပ္မယ္ လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ေပါ့ဘာကေတာ့ မန္ယူအသင္းဟာ သူ႔ကို စာခ်ဳပ္သစ္ မကမ္းလွမ္းေသးဘူး လို႔ အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ပါတယ္။

ေပါ့ဘာဟာ နာမည္ႀကီး ေအးဂ်င့္ျဖစ္သူ ႐ိုင္းအိုလာနဲ႔ လက္တြဲထားသူ တစ္ဦးျဖစ္ၿပီး ႐ိုင္းအိုလာဟာ မန္ယူအသင္းနဲ႔ ဆက္ဆံေရး အဆင္မေျပတဲ့ ေအးဂ်င့္တစ္ဦး ျဖစ္တာေၾကာင့္ မန္ယူအသင္းဟာ ေပါ့ဘာကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ အေတာ္ေလးကို စဥ္းစားေနကာ ရီးရဲလ္မက္ဒရစ္ အသင္းထံမွ ေပါ့ဘာအတြက္ ကမ္းလွမ္းမႈ တစ္စုံတစ္ရာ ရရွိပါက လက္ခံ စဥ္းစားသြားေတာ့မယ္ လို႔ မန္ခ်က္စတာၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

Sport Witness သတင္းဌာနရဲ႕ အဆိုအရေတာ့ မန္ယူအသင္းဟာ ေပါ့ဘာကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၈၀ သန္းခန႔္ ရရွိရင္ ေရာင္းခ်သြားမွာ ျဖစ္ၿပီး ေပါ့ဘာကို ေရာင္းခ်ရာကေန ရရွိတဲ့ ေငြေၾကးကို ရန္းနက္စ္အသင္းရဲ႕ လူငယ္ ကြင္းလယ္လူ ကာမာဗင္ဂါအား ေခၚယူရာမွာ အသုံးျပဳသြားဖို႔ စဥ္းစားေနေၾကာင္း သိရပါတယ္။

အသက္ ၁ရႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ျပင္သစ္ လူငယ္ ကြင္းလယ္လူ ကာမာဗင္ဂါဟာ ျပင္သစ္ လက္ေ႐ြးစင္ အသင္းရဲ႕ အနာဂတ္ ကစားသမား အျဖစ္ သတ္မွတ္ျခင္းကို ခံထားရၿပီး ၁ရႏွစ္ အ႐ြယ္သာ ရွိေသးေပမယ့္ ျပင္သစ္ လက္ေ႐ြးစင္ အသင္းအတြက္ ၂ပြဲ ပါဝင္ ကစားေပးထားၿပီး သြင္းဂိုး ၁ဂိုး သြင္းယူထားႏိုင္သူပါ။

လက္ရွိမွာ ကာမာဗင္ဂါကို ေခၚယူဖို႔ အတြက္ ရီးရဲလ္မက္ဒရစ္ အသင္းက စိတ္ဝင္စား ေနေပမယ့္ ေပါ့ဘာကိုသာ ေခၚယူျဖစ္ပါက ရီးရဲလ္မက္ဒရစ္ အသင္းဟာ ကာမာဗင္ဂါကို ေခၚယူေတာ့မွာ မဟုတ္ပဲ မန္ယူအသင္း ကေတာ့ အဆိုပါ အေျခအေနကို အသုံးခ်ကာ ကာမာဗင္ဂါကို ေခၚယူမွာ ျဖစ္ေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပထားၾကပါတယ္။

မန္ယူအသင္းဟာ ကာမာဗင္ဂါအတြက္ ရန္းနက္စ္အသင္းကို ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ရဝသန္း ဝန္းက်င္ ေပးေခ်ရဖြယ္ ရွိေၾကာင္းလည္း ေဘာလုံး သုေတသီေတြက သုံးသပ္ ထားပါတယ္။

ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းမှာ စပိန်လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ဟာ သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့တဲ့ ပေါ့ဘာကို tအသင်းက အတော်လေး စိတ်ပျက်နေပြီး ပေါ့ဘာကို ရောင်းချဖို့ စတင် စဉ်းစားနေပြီ ဖြစ်တယ်လို့ မန်ယူအသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟသွားခဲ့ပါတယ်။

အသက် ၂ရနှစ် အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်ကျော်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး မန်ယူအသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်မယ် လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ပေါ့ဘာကတော့ မန်ယူအသင်းဟာ သူ့ကို စာချုပ်သစ် မကမ်းလှမ်းသေးဘူး လို့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

ပေါ့ဘာဟာ နာမည်ကြီး အေးဂျင့်ဖြစ်သူ ရိုင်းအိုလာနဲ့ လက်တွဲထားသူ တစ်ဦးဖြစ်ပြီး ရိုင်းအိုလာဟာ မန်ယူအသင်းနဲ့ ဆက်ဆံရေး အဆင်မပြေတဲ့ အေးဂျင့်တစ်ဦး ဖြစ်တာကြောင့် မန်ယူအသင်းဟာ ပေါ့ဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ အတော်လေးကို စဉ်းစားနေကာ ရီးရဲလ်မက်ဒရစ် အသင်းထံမှ ပေါ့ဘာအတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ ရရှိပါက လက်ခံ စဉ်းစားသွားတော့မယ် လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

Sport Witness သတင်းဌာနရဲ့ အဆိုအရတော့ မန်ယူအသင်းဟာ ပေါ့ဘာကို ပြောင်းရွှေ့ကြေး ယူရို ၈၀ သန်းခန့် ရရှိရင် ရောင်းချသွားမှာ ဖြစ်ပြီး ပေါ့ဘာကို ရောင်းချရာကနေ ရရှိတဲ့ ငွေကြေးကို ရန်းနက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါအား ခေါ်ယူရာမှာ အသုံးပြုသွားဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

အသက် ၁ရနှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ အနာဂတ် ကစားသမား အဖြစ် သတ်မှတ်ခြင်းကို ခံထားရပြီး ၁ရနှစ် အရွယ်သာ ရှိသေးပေမယ့် ပြင်သစ် လက်ရွေးစင် အသင်းအတွက် ၂ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သူပါ။

လက်ရှိမှာ ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် ရီးရဲလ်မက်ဒရစ် အသင်းက စိတ်ဝင်စား နေပေမယ့် ပေါ့ဘာကိုသာ ခေါ်ယူဖြစ်ပါက ရီးရဲလ်မက်ဒရစ် အသင်းဟာ ကာမာဗင်ဂါကို ခေါ်ယူတော့မှာ မဟုတ်ပဲ မန်ယူအသင်း ကတော့ အဆိုပါ အခြေအနေကို အသုံးချကာ ကာမာဗင်ဂါကို ခေါ်ယူမှာ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

မန်ယူအသင်းဟာ ကာမာဗင်ဂါအတွက် ရန်းနက်စ်အသင်းကို ပြောင်းရွှေ့ကြေး ယူရို ရဝသန်း ဝန်းကျင် ပေးချေရဖွယ် ရှိကြောင်းလည်း ဘောလုံး သုတေသီတွေက သုံးသပ် ထားပါတယ်။