ယူႏိုက္တက္ ဂႏၱဝင္တစ္ဦးက ဆဲလ္ဖိုဒ့္အသင္းရဲ႕ အျမဲတမ္း မန္ေနဂ်ာ ျဖစ္လာႏုိင္
ပရီးမီးယားလိဂ္ နာမည္ႀကီး အသင္း ျဖစ္တဲ့ မန္ယူအသင္းရဲ႕ ဂႏၲဝင္ ကစားသမား တစ္ဦး ျဖစ္တဲ့ ေပါလ္စခိုးလ္ ကေတာ့ သူနဲ႔ ၉၂မ်ိဳးဆက္ ကစားသမားေတြ ပူးတြဲပိုင္ဆိုင္ၾကတဲ့ လိဂ္၂ အသင္း တစ္သင္းျဖစ္တဲ့ ဆဲလ္ဖို႔ဒ္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။
လိဂ္ ၂ အသင္း တစ္သင္း ျဖစ္တဲ့ ဆဲလ္ဖို႔ဒ္စီးတီးအသင္းဟာ သူတို႔အသင္းရဲ႕ နည္းျပျဖစ္သူ ဂေရဟမ္ အလက္ဇန္းဒါးနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကို ဖ်က္သိမ္းကာ ေပါလ္စခိုးကို ယာယီ နည္းျပအျဖစ္ ခန႔္အပ္ခဲ့တာလည္း ျဖစ္ပါတယ္။ အျမဲတမ္း နည္းျပ ျဖစ္လာႏုိင္သူေတြထဲမွာေတာ့ ေပါလ္စခိုးအျပင္ ရိုင္ကိန္းလည္း ပါဝင္ေနတယ္လို႔ သိရတယ္။
အသက္ ၄၉ႏွစ္အ႐ြယ္ အဂၤလန္နည္းျပ အလက္ဇန္းဒါးဟာ ဆဲလ္ဖို႔ဒ္စီးတီးအသင္းကို အေပ်ာ္တမ္းလိဂ္ ကေန လိဂ္ ၂ အထိ ေရာက္ရွိေအာင္ စြမ္းေဆာင္ ေပးႏိုင္ခဲ့သလို လက္ရွိ ေဘာလုံးရာသီမွာလည္း သူ႔ရဲ႕ လက္ေအာက္မွာ ဆဲလ္ဖို႔ဒ္အသင္းဟာ ရႈံးပြဲ မရွိေသးပါဘူး။
ဒါေပမယ့္ ဆဲလ္ဖို႔ဒ္အသင္း ကေတာ့ အလက္ဇန္းဒါးကို ဘာ့ေၾကာင့္ အသင္းကေန ထြက္ခြာခြင့္ ျပဳခဲ့လဲဆိုတာကို ထည့္သြင္းေၾကညာခဲ့ျခင္း မရွိပဲ အဂၤလန္ သတင္းဌာနေတြရဲ႕ အဆိုအရေတာ့ အလက္ဇန္းဒါးဟာ ဆဲလ္ဖို႔ဒ္အသင္းထက္ ပိုမို ေကာင္းမြန္တဲ့ အသင္းတစ္သင္းကို နည္းျပမွာ ျဖစ္တာေၾကာင့္ ဆဲလ္ဖို႔ဒ္အသင္းကေန ထြက္ခြာသြားတာ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ ထားၾကပါတယ္။
အသက္ ၄၅ႏွစ္ အ႐ြယ္ ေပါလ္စခိုးအတြက္ေတာ့ ဆဲလ္ဖို႔ဒ္အသင္းဟာ ဒုတိယေျမာက္ ကိုင္တြယ္ရတဲ့ အသင္းျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္တုန္းက ေပါလ္စခိုးဟာ အိုးဟမ္းအသင္းကို ကိုင္တြယ္ခဲ့ဖူးပါတယ္။ ဆဲလ္ဖို႔ဒ္စီးတီး အသင္းဟာ မန္ယူအသင္းရဲ႕ ဂႏၲဝင္ ကစားသမားေတြ ျဖစ္တဲ့ ႐ိုင္ယန္ဂစ္ ၊ ဘက္ခမ္း ၊ နဗီးလ္ညီေနာင္ ၊ နစ္ကီဘတ္နဲ႔ ေပါလ္စခိုးတို႔ စုေပါင္း ပိုင္ဆိုင္ၾကတဲ့ အသင္း ျဖစ္တာေၾကာင့္ နည္းျပသစ္အျဖစ္ ေပါလ္စခိုးကို ခပ္ျမန္ျမန္ တာဝန္ေပးခဲ့တာလည္း ျဖစ္ပါတယ္။
ေပါလ္စခိုးရဲ႕ ဆဲလ္ဖို႔ဒ္စီးတီး အသင္းနဲ႔ ပထမဦးဆုံး ပြဲဦးထြက္ကေတာ့ ေအာက္တိုလာလ ၁၇ရက္ေန႔မွာ ေပါ့တ္ဗယ္လီအသင္းနဲ႔ ဆဲလ္ဖို႔ဒ္အသင္းတို႔ ေတြ႕ဆုံၾကမယ့္ ပြဲစဥ္လည္း ျဖစ္ပါတယ္။
ပရီးမီးယားလိဂ် နာမည်ကြီး အသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ပေါလ်စခိုးလ် ကတော့ သူနဲ့ ၉၂မျိုးဆက် ကစားသမားတွေ ပူးတွဲပိုင်ဆိုင်ကြတဲ့ လိဂ်၂ အသင်း တစ်သင်းဖြစ်တဲ့ ဆဲလ်ဖို့ဒ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့ကြောင်း သိရပါတယ်။
လိဂ် ၂ အသင်း တစ်သင်း ဖြစ်တဲ့ ဆဲလ်ဖို့ဒ်စီးတီးအသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဂရေဟမ် အလက်ဇန်းဒါးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို ဖျက်သိမ်းကာ ပေါလ်စခိုးကို ယာယီ နည်းပြအဖြစ် ခန့်အပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အမြဲတမ်း နည်းပြ ဖြစ်လာနိုင်သူတွေထဲမှာတော့ ပေါလ်စခိုးအပြင် ရိုင်ကိန်းလည်း ပါဝင်နေတယ်လို့ သိရတယ်။
အသက် ၄၉နှစ်အရွယ် အင်္ဂလန်နည်းပြ အလက်ဇန်းဒါးဟာ ဆဲလ်ဖို့ဒ်စီးတီးအသင်းကို အပျော်တမ်းလိဂ် ကနေ လိဂ် ၂ အထိ ရောက်ရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့သလို လက်ရှိ ဘောလုံးရာသီမှာလည်း သူ့ရဲ့ လက်အောက်မှာ ဆဲလ်ဖို့ဒ်အသင်းဟာ ရှုံးပွဲ မရှိသေးပါဘူး။
ဒါပေမယ့် ဆဲလ်ဖို့ဒ်အသင်း ကတော့ အလက်ဇန်းဒါးကို ဘာ့ကြောင့် အသင်းကနေ ထွက်ခွာခွင့် ပြုခဲ့လဲဆိုတာကို ထည့်သွင်းကြေညာခဲ့ခြင်း မရှိပဲ အင်္ဂလန် သတင်းဌာနတွေရဲ့ အဆိုအရတော့ အလက်ဇန်းဒါးဟာ ဆဲလ်ဖို့ဒ်အသင်းထက် ပိုမို ကောင်းမွန်တဲ့ အသင်းတစ်သင်းကို နည်းပြမှာ ဖြစ်တာကြောင့် ဆဲလ်ဖို့ဒ်အသင်းကနေ ထွက်ခွာသွားတာ ဖြစ်နိုင်ကြောင်း သုံးသပ် ထားကြပါတယ်။
အသက် ၄၅နှစ် အရွယ် ပေါလ်စခိုးအတွက်တော့ ဆဲလ်ဖို့ဒ်အသင်းဟာ ဒုတိယမြောက် ကိုင်တွယ်ရတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက ပေါလ်စခိုးဟာ အိုးဟမ်းအသင်းကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဆဲလ်ဖို့ဒ်စီးတီး အသင်းဟာ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားတွေ ဖြစ်တဲ့ ရိုင်ယန်ဂစ် ၊ ဘက်ခမ်း ၊ နဗီးလ်ညီနောင် ၊ နစ်ကီဘတ်နဲ့ ပေါလ်စခိုးတို့ စုပေါင်း ပိုင်ဆိုင်ကြတဲ့ အသင်း ဖြစ်တာကြောင့် နည်းပြသစ်အဖြစ် ပေါလ်စခိုးကို ခပ်မြန်မြန် တာဝန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ပေါလ်စခိုးရဲ့ ဆဲလ်ဖို့ဒ်စီးတီး အသင်းနဲ့ ပထမဦးဆုံး ပွဲဦးထွက်ကတော့ အောက်တိုလာလ ၁၇ရက်နေ့မှာ ပေါ့တ်ဗယ်လီအသင်းနဲ့ ဆဲလ်ဖို့ဒ်အသင်းတို့ တွေ့ဆုံကြမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။