ကာဗာနီ ယူနိုက္တက္နဲ႕ အတူ ဘယ္ေတာ့ ပြဲထြက္ ကစားမလဲ သတင္းထုတ္ျပန္အသိေပး
တိုက္စစ္မႉးကာဗာနီအေနနဲ႔ စေနေန႔မွာ ကစားရမယ့္ နယူးကာဆယ္နဲ႔အေဝးကြင္းပြဲမွာ ပြဲဦးထြက္အျဖစ္ ကစားခြင့္ရမွာမဟုတ္ေၾကာင္း ယူႏိုက္တက္အသင္းက အတည္ျပဳေၾကညာသြားပါတယ္။ အသက္ ၃၃ ႏွစ္အ႐ြယ္ရွိ ကာဗာနီဟာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခဲ့ၿပီးေနာက္ ယူႏိုက္တက္ကို ကနဦး ၁ႏွစ္သက္တမ္းနဲ႔ ေရာက္လာခဲ့တာျဖစ္ပါတယ္။
ဒါေပမဲ့ ကာဗာနီဟာ နယူးကာဆယ္နဲ႔ အေဝးကြင္းပြဲမွာ ပါဝင္ႏိုင္ဦးမွာ မဟုတ္ဘဲ လာမယ့္ ရက္သတၱပတ္အတြင္း အသင္းေဟာင္း ပီအကစ္ဂ်ီနဲ႔ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာ ပြဲထြက္ခြင့္ ရဖြယ္ ရွိေနပါတယ္။
” ျပင္သစ္ႏိုင္ငံကေန ေရာက္လာတာျဖစ္လို႔ ကာဗာနီဟာ လက္ရွိအခ်ိန္မွာ ကိုဗစ္-၁၉ စည္းမ်ဥ္းေတြနဲ႔အညီ ကြာရန္တင္းဝင္ေနပါတယ္။ ဒီအတြက္ေၾကာင့္ နယူးကာဆယ္နဲ႔ပြဲမွာ သူ ပါဝင္ႏိုင္မွာမဟုတ္ပါဘူး။ ဥ႐ုေဂြး လက္ေ႐ြးစင္ ကာဗာနီဟာ အသင္းေဟာင္း ပီအက္စ္ဂ်ီနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲမွာေတာ့ ပါဝင္ခြင့္ကစားခြင့္ရရွိမွာျဖစ္ၿပီး ပြဲကစားဖို႔ လုံေလာက္တဲ့ ၾကံ့ခိုင္မႈနဲ႔ အသင့္ ရွိေနရင္ ပထမဆုံး ပြဲထြက္ခြင့္ ရရွိမွာပါ။ ” လို႔ ယူႏိုက္တက္ အသင္းက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ယခုရာသီ အစမွာ ရလဒ္ဆိုးေတြနဲ႔ရင္ဆိုင္ေနရၿပီး ပရီးမီးယားလိဂ္ ၃ပြဲမွာ ၃ မွတ္ပဲရယူထားႏိုင္သလို ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာလည္း ေတာ့တင္ဟမ္ကို ၁-၆ ဂိုးနဲ႔ ဂိုးျပတ္ အေရးနိမ့္ ခဲ့ရပါတယ္။ ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ရာသီက ဖလားလက္မဲ့ ျဖစ္ခဲ့ရၿပီး ပရီးမီးယားလိဂ္မွာ တတိယ ေနရာ ရရွိခဲ့ၿပီးေနာက္ ယခုရာသီမွာ ခ်န္ပီယံဆုကို ဒီထက္ ပိုစိန္ေခၚႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
Unicode
တိုက်စစ်မှူးကာဗာနီအနေနဲ့ စနေနေ့မှာ ကစားရမယ့် နယူးကာဆယ်နဲ့အဝေးကွင်းပွဲမှာ ပွဲဦးထွက်အဖြစ် ကစားခွင့်ရမှာမဟုတ်ကြောင်း ယူနိုက်တက်အသင်းက အတည်ပြုကြေညာသွားပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိ ကာဗာနီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ယူနိုက်တက်ကို ကနဦး ၁နှစ်သက်တမ်းနဲ့ ရောက်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကာဗာနီဟာ နယူးကာဆယ်နဲ့ အဝေးကွင်းပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ လာမယ့် ရက်သတ္တပတ်အတွင်း အသင်းဟောင်း ပီအကစ်ဂျီနဲ့ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာ ပွဲထွက်ခွင့် ရဖွယ် ရှိနေပါတယ်။
” ပြင်သစ်နိုင်ငံကနေ ရောက်လာတာဖြစ်လို့ ကာဗာနီဟာ လက်ရှိအချိန်မှာ ကိုဗစ်-၁၉ စည်းမျဉ်းတွေနဲ့အညီ ကွာရန်တင်းဝင်နေပါတယ်။ ဒီအတွက်ကြောင့် နယူးကာဆယ်နဲ့ပွဲမှာ သူ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ ဥရုဂွေး လက်ရွေးစင် ကာဗာနီဟာ အသင်းဟောင်း ပီအက်စ်ဂျီနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲမှာတော့ ပါဝင်ခွင့်ကစားခွင့်ရရှိမှာဖြစ်ပြီး ပွဲကစားဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုနဲ့ အသင့် ရှိနေရင် ပထမဆုံး ပွဲထွက်ခွင့် ရရှိမှာပါ။ ” လို့ ယူနိုက်တက် အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုရာသီ အစမှာ ရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပြီး ပရီးမီးယားလိဂ် ၃ပွဲမှာ ၃ မှတ်ပဲရယူထားနိုင်သလို နောက်ဆုံးကစားခဲ့တဲ့ပွဲမှာလည်း တော့တင်ဟမ်ကို ၁-၆ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့် ခဲ့ရပါတယ်။ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ ဖြစ်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ တတိယ နေရာ ရရှိခဲ့ပြီးနောက် ယခုရာသီမှာ ချန်ပီယံဆုကို ဒီထက် ပိုစိန်ခေါ်နိုင်ဖို့ မျှော်လင့်နေပါတယ်။