ယူႏိုက္တက္နဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္ ေပါ့ဘာရဲ႕ အေျခအေနကို ျပိဳင္ဘက္ေတြရဲ႕ ေစာင့္ၾကည့္ေနမႈ

ဘာစီလိုနာအသင်းရဲ့ ပုံရိပ်ကို အထင်ကြီး လေးစားသူ ဖြစ်တာကြောင့် အပြောင်းအရွှေ့အတွက် သူကိုယ်တိုင် လမ်းဖွင့်ပေးဖွယ်ရှိနေတယ်လို့ ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး စပိန်သတင်းတွေက ဖော်ပြလာတာပါ။

စပိန်ကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့သတင်းတွေအရ ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဂ်ဘာဟာ ကတ်တလန် ကလပ် ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်မှာ ပေါ့ဂ်ဘာရဲ့ အနာဂတ်ကလည်း ရေရှည် အစီအစဉ်မရှိထားပဲ လက်ကျန် စာချုပ် တစ်ရာသီစာသာ ကျန်တော့ချိန်မှာ ကလပ်အသင်းဖက်ကတော့ နောက်ထပ် တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ချင်နေတယ်လို့ သိရ ပါတယ်။

စပိန်သတင်းဌာန Mundo Deportivo ရဲ့ ဖော်ပြချက်အရ ကတ်တလန် ကလပ် ဘာစီလိုနာအသင်းအနေနဲ့ ကမ္ဘာ့ ချန်ပီယံကို ခေါ်ယူနိုင်ရေး မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ဘာစီလိုနာအသင်းဟာ ငွေကြေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် မြင့်မားတဲ့ ငွေကြေး တော့ ပေးနိုင်ဖွယ်မရှိပါဘူး။

၂၀၁၉ကတည်းက ပေါ့ဂ်ဘာက အသင်းပြောင်းဖို့ စီစဉ်နေတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပြီး ဒါပေမယ့် အဲ့တုန်းကတော့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ပိုမို နီးစပ်ခဲ့တာပါ။

ဘာစီလိုနာအသင်းမှာလည်း ကွင်းလယ်လူတွေဖြစ်တဲ့ ဗီဒယ်၊ရာကီတစ်တို့ အသင်းက ထွက်ခွာသွားချိန် အသင်းရဲ့ ကွင်းလယ်မှာ ကစားသမားသစ် ဒီဂျောင်နဲ့ဘတ်စ်ကွက်တို့ကိုသာ အားပြုနေရလို့ ဘိုင်ယန်ကို အငှားချထားတဲ့ ကော်တင်ဟိုကို ပြန်ခေါ်ထားရပါတယ်။

ပေါ့ဂ်ဘာအနေနဲ့ ယခုနှစ်မှာ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၃ပွဲစလုံး ပါဝင်ပေးထားနိုင်ပြီး စာချုပ် သစ်ကိစ္စအတွက်ကိုမူ ပေါ့ဂ်ဘာက တစ်စုံတစ်ရာ ထုတ်ဖော်ပြောလိုခြင်း မရှိဘူးလို့ ပြောထားပါတယ်။

ZAWGYI

ဘာစီလိုနာအသင္းရဲ႕ ပုံရိပ္ကို အထင္ႀကီး ေလးစားသူ ျဖစ္တာေၾကာင့္ အေျပာင္းအေ႐ႊ႕အတြက္ သူကိုယ္တိုင္ လမ္းဖြင့္ေပးဖြယ္ရွိေနတယ္လို႔ ေပါ့ဂ္ဘာရဲ႕ အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္ၿပီး စပိန္သတင္းေတြက ေဖာ္ျပလာတာပါ။

စပိန္ကေန ႐ုတ္တရက္ ထြက္ေပၚလာတဲ့သတင္းေတြအရ ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဂ္ဘာဟာ ကတ္တလန္ ကလပ္ ဘာစီလိုနာအသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။

ယူႏိုက္တက္မွာ ေပါ့ဂ္ဘာရဲ႕ အနာဂတ္ကလည္း ေရရွည္ အစီအစဥ္မရွိထားပဲ လက္က်န္ စာခ်ဳပ္ တစ္ရာသီစာသာ က်န္ေတာ့ခ်ိန္မွာ ကလပ္အသင္းဖက္ကေတာ့ ေနာက္ထပ္ တစ္ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ခ်င္ေနတယ္လို႔ သိရ ပါတယ္။

စပိန္သတင္းဌာန Mundo Deportivo ရဲ႕ ေဖာ္ျပခ်က္အရ ကတ္တလန္ ကလပ္ ဘာစီလိုနာအသင္းအေနနဲ႔ ကမာၻ႔ ခ်န္ပီယံကို ေခၚယူႏိုင္ေရး ေမွ်ာ္လင့္ေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ဘာစီလိုနာအသင္းဟာ ေငြေၾကး အၾကပ္အတည္းနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ျမင့္မားတဲ့ ေငြေၾကး ေတာ့ ေပးႏိုင္ဖြယ္မရွိပါဘူး။

၂၀၁၉ကတည္းက ေပါ့ဂ္ဘာက အသင္းေျပာင္းဖို႔ စီစဥ္ေနတဲ့ သတင္းေတြ ထြက္ေပၚခဲ့တာ ျဖစ္ၿပီး ဒါေပမယ့္ အဲ့တုန္းကေတာ့ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ပိုမို နီးစပ္ခဲ့တာပါ။

ဘာစီလိုနာအသင္းမွာလည္း ကြင္းလယ္လူေတြျဖစ္တဲ့ ဗီဒယ္၊ရာကီတစ္တို႔ အသင္းက ထြက္ခြာသြားခ်ိန္ အသင္းရဲ႕ ကြင္းလယ္မွာ ကစားသမားသစ္ ဒီေဂ်ာင္နဲ႔ဘတ္စ္ကြက္တို႔ကိုသာ အားျပဳေနရလို႔ ဘိုင္ယန္ကို အငွားခ်ထားတဲ့ ေကာ္တင္ဟိုကို ျပန္ေခၚထားရပါတယ္။

ေပါ့ဂ္ဘာအေနနဲ႔ ယခုႏွစ္မွာ ယူႏိုက္တက္အတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ပြဲစလုံး ပါဝင္ေပးထားႏိုင္ၿပီး စာခ်ဳပ္ သစ္ကိစၥအတြက္ကိုမူ ေပါ့ဂ္ဘာက တစ္စုံတစ္ရာ ထုတ္ေဖာ္ေျပာလိုျခင္း မရွိဘူးလို႔ ေျပာထားပါတယ္။