ယူႏုိက္တက္ရဲ႕ စည္းလံုးမႈနဲ႔ နားလည္မႈကို ျပိဳကြဲေအာင္ ေသြးထိုးေနမႈေတြရွိေနေၾကာင္း သတိေပး

ယူႏိုက္တက္ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္က နည္းျပျဖစ္သူ အိုေလဂန္နာဆိုးလ္ရွားနဲ႔ သူရဲ႕ၾကားမွာ ဆက္ဆံေရးမေျပမလည္ေတြ ျဖစ္ေနတယ္ဆိုၿပီး သတင္းမီဒီယာမ်ားစြာကေန ဝိုင္းဝန္းေဖာ္ျပေနၾကေပမယ့္ တကယ္တမ္းေတာ့ သူနဲ႔ဆိုးလ္ရွားဟာ အျငင္းအခုန္ေတြ မရွိခဲ့ပဲ ေဆြးေႏြးမႈသာ ရွိခဲ့တယ္လို႔ တုန႔္ျပန္ေျပာဆိုသြားခဲ့ပါတယ္။

အသက္(၂၅)ႏွစ္အ႐ႊယ္ရွိ ေပၚတူဂီလက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ဖာနန္ဒက္စ္ဟာ ယူႏိုက္တက္က စပါးအသင္းကို (၁)ဂိုး(၆)ဂိုးနဲ႔ အရွက္တကြဲ အေရးနိမ့္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္ရဲ႕ ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာ လူစားလဲခံခဲ့ရတဲ့ေနာက္ အသင္းရဲ႕နည္းျပဆိုးလ္ရွားနဲ႔ စကားမ်ားခဲ့သလို အသင္းေဖာ္ေတြကိုလည္း ျပစ္တင္ေဝဖန္ခဲ့တယ္လို႔ သတင္းေတြ ထြက္လာခဲ့ရပါတယ္။

လတ္တေလာမွာလည္း ဖာနန္ဒက္စ္နဲ႔ ဆိုးလ္ရွားတို႔ရဲ႕ၾကား ကစားသမားနဲ႔နည္းျပ အားၿပိဳင္ေနသလို ျဖစ္ေနခဲ့ရၿပီး ဆိုးလ္ရွားကိုလည္း အသင္းကေန ထုတ္ပယ္ကာ ဖာနန္ဒက္စ္ကိုေတာ့ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးဖြယ္ရွိတယ္လို႔ သတင္းထြက္ေနပါတယ္။

ဒီအေၾကာင္းေတြနဲ႔ပတ္သက္ၿပီး ဖာနန္ဒက္စ္က “ထင္ျမင္ခ်က္ေပးတာေတြကေတာ့ အမ်ားႀကီးကို ရွိေနပါတယ္။ ပထမဆုံး ျဖစ္တဲ့အရာကေတာ့ အသင္းေဖာ္တစ္ေယာက္(လင္ဒီေလာ့)နဲ႔ ေဆြးေႏြးေျပာဆိုတာေပါ့။ ဒါကလည္း ကြၽန္ေတာ္တို႔ၾကားမွာ ခိုက္ရန္ျဖစ္ပြားတာမ်ိဳး မဟုတ္ဘူး။

အခုလည္း ကြၽန္ေတာ္က ဆိုးလ္ရွားနဲ႔ ေဆြးေႏြးတာပါပဲ။ ဒီလို ထင္ေၾကးေပးေျပာဆိုမႈေတြက အသင္းအဖြဲ႕ကို ပ်က္စီးေစတဲ့သေဘာလို႔ပဲ ကြၽန္ေတာ္ယုံၾကည္မိပါတယ္။ သူတို႔ထင္ျမင္ေနတာေတြကလည္း လုံးဝကို မွန္ကန္မႈမရွိပါဘူး။ ကြၽန္ေတာ္ စပါးနဲ႔ပြဲရဲ႕ ပထမပိုင္းအၿပီးမွာ လူစားလဲခံခဲ့ရတယ္။ ဒါမွန္တယ္။ ဒါက နည္းစနစ္ပိုင္းအရ အေျပာင္းအလဲပဲေလ။

နည္းျပက ကြၽန္ေတာ့္ကို ေျပာတယ္။ ဒီပြဲက ငါတို႔အသင္းအတြက္ လုံးဝအေရးနိမ့္ေနရၿပီ ဒါေပမယ့္ ေရွ႕မွာလည္း ပြဲေတြက်န္ေနေသးတာမို႔ မင္းကိုအနားေပးခ်င္တယ္ဆိုၿပီး သူေျပာတယ္။ ကြၽန္ေတာ္ကလည္း လက္ခံခဲ့တယ္။ ကြၽန္ေတာ္ဒါကို သိပ္ေတာ့မေက်နပ္ဘူး။ ဒါေပမယ့္ အသင္းအတြက္ ထိခိုက္သြားေစမယ့္ စကားလုံးမ်ိဳးေတြကိုေတာ့ ကြၽန္ေတာ္ဘာမွ မေျပာခဲ့ဘူး။

ဒါေၾကာင့္မို႔ ကြၽန္ေတာ္ရဲ႕နာမည္ အသင္းေဖာ္ေတြရဲ႕နာမည္ နည္းျပေတြရဲ႕နာမည္ကိုသုံးၿပီး အသင္းအတြင္း ျပသာနာေတြျဖစ္ေအာင္ မလုပ္ေဆာင္ပါနဲ႔လို႔ ေျပာခ်င္ပါတယ္” ဆိုၿပီး ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ယူနိုက်တက် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားနဲ့ သူရဲ့ကြားမှာ ဆက်ဆံရေးမပြေမလည်တွေ ဖြစ်နေတယ်ဆိုပြီး သတင်းမီဒီယာများစွာကနေ ဝိုင်းဝန်းဖော်ပြနေကြပေမယ့် တကယ်တမ်းတော့ သူနဲ့ဆိုးလ်ရှားဟာ အငြင်းအခုန်တွေ မရှိခဲ့ပဲ ဆွေးနွေးမှုသာ ရှိခဲ့တယ်လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်ဟာ ယူနိုက်တက်က စပါးအသင်းကို (၁)ဂိုး(၆)ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာ လူစားလဲခံခဲ့ရတဲ့နောက် အသင်းရဲ့နည်းပြဆိုးလ်ရှားနဲ့ စကားများခဲ့သလို အသင်းဖော်တွေကိုလည်း ပြစ်တင်ဝေဖန်ခဲ့တယ်လို့ သတင်းတွေ ထွက်လာခဲ့ရပါတယ်။

လတ်တလောမှာလည်း ဖာနန်ဒက်စ်နဲ့ ဆိုးလ်ရှားတို့ရဲ့ကြား ကစားသမားနဲ့နည်းပြ အားပြိုင်နေသလို ဖြစ်နေခဲ့ရပြီး ဆိုးလ်ရှားကိုလည်း အသင်းကနေ ထုတ်ပယ်ကာ ဖာနန်ဒက်စ်ကိုတော့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ဖာနန်ဒက်စ်က “ထင်မြင်ချက်ပေးတာတွေကတော့ အများကြီးကို ရှိနေပါတယ်။ ပထမဆုံး ဖြစ်တဲ့အရာကတော့ အသင်းဖော်တစ်ယောက်(လင်ဒီလော့)နဲ့ ဆွေးနွေးပြောဆိုတာပေါ့။ ဒါကလည်း ကျွန်တော်တို့ကြားမှာ ခိုက်ရန်ဖြစ်ပွားတာမျိုး မဟုတ်ဘူး။

အခုလည်း ကျွန်တော်က ဆိုးလ်ရှားနဲ့ ဆွေးနွေးတာပါပဲ။ ဒီလို ထင်ကြေးပေးပြောဆိုမှုတွေက အသင်းအဖွဲ့ကို ပျက်စီးစေတဲ့သဘောလို့ပဲ ကျွန်တော်ယုံကြည်မိပါတယ်။ သူတို့ထင်မြင်နေတာတွေကလည်း လုံးဝကို မှန်ကန်မှုမရှိပါဘူး။ ကျွန်တော် စပါးနဲ့ပွဲရဲ့ ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတယ်။ ဒါမှန်တယ်။ ဒါက နည်းစနစ်ပိုင်းအရ အပြောင်းအလဲပဲလေ။

နည်းပြက ကျွန်တော့်ကို ပြောတယ်။ ဒီပွဲက ငါတို့အသင်းအတွက် လုံးဝအရေးနိမ့်နေရပြီ ဒါပေမယ့် ရှေ့မှာလည်း ပွဲတွေကျန်နေသေးတာမို့ မင်းကိုအနားပေးချင်တယ်ဆိုပြီး သူပြောတယ်။ ကျွန်တော်ကလည်း လက်ခံခဲ့တယ်။ ကျွန်တော်ဒါကို သိပ်တော့မကျေနပ်ဘူး။ ဒါပေမယ့် အသင်းအတွက် ထိခိုက်သွားစေမယ့် စကားလုံးမျိုးတွေကိုတော့ ကျွန်တော်ဘာမှ မပြောခဲ့ဘူး။

ဒါကြောင့်မို့ ကျွန်တော်ရဲ့နာမည် အသင်းဖော်တွေရဲ့နာမည် နည်းပြတွေရဲ့နာမည်ကိုသုံးပြီး အသင်းအတွင်း ပြသာနာတွေဖြစ်အောင် မလုပ်ဆောင်ပါနဲ့လို့ ပြောချင်ပါတယ်” ဆိုပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။