ဗန္ဒီဘိခ္ အစား ဖာနန္ဒက္စ္ကို အရန္ခံုမွာ ထိုင္ခိုင္းလိုက္ဖို႔ ဆိုးရွားအား ေထာက္ျပခဲ့တဲ့ သရဲနီေဟာင္း

ၿပီးခဲ့တဲ့ႏွစ္ေဘာလုံးရာသီမွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ေျခစြမ္းဟာ တကယ္ကိုအထင္ႀကီးေလးစားစရာျဖစ္ေပမယ့္ ဒီလိုေျခစြမ္းကို တစ္သမတ္ထဲထိန္းသိမ္းသြားႏိုင္ဖို႔က ခက္ခဲတယ္လို႔ မန္ယူနိုက္တက္ ကစားသမားေဟာင္းတစ္ဦးျဖစ္သူ ခ်က္ဒ္ဝစ္က သုံးသပ္သြားခဲ့ပါတယ္။

နည္းျပဆိုးလ္ရွားအေနနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ကို လိုအပ္လာရင္ အရန္ခုံထိုင္ခိုင္းရမွာပဲလို႔ ခ်က္ဒ္ဝစ္ကေထာက္ျပသြားခဲ့ၿပီး ဗန္ဒီဘိခ္ကို ဒီေနရာမွာ အလွည့္က်အသုံးျပဳသင့္ေၾကာင္း အႀကံေပးခဲ့ပါတယ္။

“ဘ႐ူႏိုဖာနန္ဒက္စ္ဟာ တကယ့္ကစားသမားေကာင္းတစ္ေယာက္ဆိုတာ ကြၽန္ေတာ္သံသယမရွိပါဘူး။ ၿပီးခဲ့တဲ့ရာသီက သူ႔ရဲ႕ေျခစြမ္းကိုလည္း ကြၽန္ေတာ္ အေတာ္ေလး ေက်နပ္ အားရမိပါတယ္။ ဒါေပမယ့္လည္း ကစားသမားတစ္ေယာက္အေနနဲ႔ ဒီလိုေျခစြမ္းမ်ိဳးကို တစ္သမတ္တည္း ထိန္းသိမ္းထားႏိုင္ဖို႔ ဆိုတာကေတာ့ ထင္သေလာက္မလြယ္ကူပါဘူး။

ဒါေၾကာင့္ ဆိုးလ္ရွားအေနနဲ႔ တခ်ိဳ႕အခ်ိန္ေတြမွာ ဘ႐ူႏိုဖာနန္ဒက္စ္ကို အနားေပးဖို႔၊ လိုအပ္လာရင္ အရန္ခုံ ထိုင္ခိုင္းဖို႔ ျပင္ဆင္ထားသင့္ပါတယ္။ သူ႔ေနရာအတြက္ ဗန္ဒီဘိခ္က အဆင္သင့္ ရွိေနတာေၾကာင့္ အလွည့္က်စနစ္နဲ႔ ကစားလို႔ရႏိုင္ပါတယ္။

ဗန္ဒီဘိခ္ဟာလည္း ေျခစြမ္းထက္ လူငယ္ကစားသမားေလးတစ္ေယာက္ပါပဲ။ မန္ယူနိုက္တက္ အသင္းအေနနဲ႔ ဒီလိုလူငယ္ကစားသမားတစ္ေယာက္ကို ေပါင္ ၃၅ သန္းေပးေခၚထားတာ အရန္ခုံ ထိုင္ခိုင္းဖို႔ေတာ့ မဟုတ္ေလာက္ပါဘူး။”လို႔ ခ်က္ဒ္ဝစ္က သုံးသပ္သြားခဲ့ပါတယ္။

Unicode

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ခြေစွမ်းဟာ တကယ်ကိုအထင်ကြီးလေးစားစရာဖြစ်ပေမယ့် ဒီလိုခြေစွမ်းကို တစ်သမတ်ထဲထိန်းသိမ်းသွားနိုင်ဖို့က ခက်ခဲတယ်လို့ မန်ယူနိုက်တက် ကစားသမားဟောင်းတစ်ဦးဖြစ်သူ ချက်ဒ်ဝစ်က သုံးသပ်သွားခဲ့ပါတယ်။

နည်းပြဆိုးလ်ရှားအနေနဲ့ ဘရူနိုဖာနန်ဒက်စ်ကို လိုအပ်လာရင် အရန်ခုံထိုင်ခိုင်းရမှာပဲလို့ ချက်ဒ်ဝစ်ကထောက်ပြသွားခဲ့ပြီး ဗန်ဒီဘိခ်ကို ဒီနေရာမှာ အလှည့်ကျအသုံးပြုသင့်ကြောင်း အကြံပေးခဲ့ပါတယ်။

“ဘရူနိုဖာနန်ဒက်စ်ဟာ တကယ့်ကစားသမားကောင်းတစ်ယောက်ဆိုတာ ကျွန်တော်သံသယမရှိပါဘူး။ ပြီးခဲ့တဲ့ရာသီက သူ့ရဲ့ခြေစွမ်းကိုလည်း ကျွန်တော် အတော်လေး ကျေနပ် အားရမိပါတယ်။ ဒါပေမယ့်လည်း ကစားသမားတစ်ယောက်အနေနဲ့ ဒီလိုခြေစွမ်းမျိုးကို တစ်သမတ်တည်း ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာကတော့ ထင်သလောက်မလွယ်ကူပါဘူး။

ဒါကြောင့် ဆိုးလ်ရှားအနေနဲ့ တချို့အချိန်တွေမှာ ဘရူနိုဖာနန်ဒက်စ်ကို အနားပေးဖို့၊ လိုအပ်လာရင် အရန်ခုံ ထိုင်ခိုင်းဖို့ ပြင်ဆင်ထားသင့်ပါတယ်။ သူ့နေရာအတွက် ဗန်ဒီဘိခ်က အဆင်သင့် ရှိနေတာကြောင့် အလှည့်ကျစနစ်နဲ့ ကစားလို့ရနိုင်ပါတယ်။

ဗန်ဒီဘိခ်ဟာလည်း ခြေစွမ်းထက် လူငယ်ကစားသမားလေးတစ်ယောက်ပါပဲ။ မန်ယူနိုက်တက် အသင်းအနေနဲ့ ဒီလိုလူငယ်ကစားသမားတစ်ယောက်ကို ပေါင် ၃၅ သန်းပေးခေါ်ထားတာ အရန်ခုံ ထိုင်ခိုင်းဖို့တော့ မဟုတ်လောက်ပါဘူး။”လို့ ချက်ဒ်ဝစ်က သုံးသပ်သွားခဲ့ပါတယ်။