ဖာနန္ဒက္စ္ရဲ႕ ႏုိင္လိုစိတ္ ျပင္းျပမႈကို သေဘာက်ေနတဲ့ ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာ
စပိန္ အင္အားၾကီးႏွစ္သင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ နဲ႔ ဘာစီလိုနာတို႔ဟာ ယူႏိုက္တက္မွာ ၈ လၾကာသာ ကစားရေသးၿပီး ေျခစြမ္းျပေနတဲ့ ကြင္းလယ္လူ ဘ႐ူႏိုဖာနန္ဒက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း သိရပါတယ္။
ဒီရာသီမွာ ဖာနန္ဒက္စ္က ၿပီးခဲ့တဲ့ရာသီက ေျခစြမ္းမ်ိဳးကို မျပသႏိုင္ေသးဘဲရွိေနေပမယ့္လည္း စပိန္ထိပ္သီးႏွစ္သင္းက ေစာင့္ၾကည့္ေနၿပီလို႔ ေဖာ္ျပေနၾကတယ္။ အသင္းကို ကြင္းတြင္းမွာေရာ၊ အဝတ္လဲခန္းအတြင္းမွာပါ ဦးေဆာင္ႏိုင္သလို အသင္းေဖာ္ေတြကို မညႇာမတာေဝဖန္တတ္တဲ့ ဖာနန္ဒက္စ္ဟာ လက္ရွိမွာေတာ့ ေကာလဟလသတင္းေတြေၾကာင့္ ျပသနာတက္ေနသူျဖစ္ပါတယ္။
အသင္းေဖာ္ေတြကို ဖာနန္ဒက္စ္က ျပသနာရွာေနခဲ့ၿပီး နည္းျပဆိုးလ္ရွားရဲ႕ နည္းစနစ္ေတြကိလည္း ေဝဖန္ခဲ့တယ္လို႔ ေဖာ္ျပခံခဲ့ရတာျဖစ္ၿပီး ဒီအေပၚမွာေတာ့ ေပၚတူဂီကစားသမားက ျငင္းဆန္ထားခဲ့ပါတယ္။ လက္ရွိထြက္ေပၚေနတဲ့ သတင္းေတြကိုေတာ့ နည္းျပဆိုးလ္ရွားကလည္း ျငင္းဆန္ထားခဲ့ၿပီး ဖာနန္ဒက္စ္က သူ႔ရဲ႕ ဦးစားေပးကစားသမားျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။
ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီရဲ႕ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ စပို႔တင္းကေန ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး ေျခစြမ္းျပခဲ့ပါတယ္။ တစ္လတာ အေကာင္းဆုံးကစားသမားဆုေတြကိုလည္း ဆက္တိုက္ဆိုသလို ဆြတ္ခူးခဲ့ၿပီး ယူႏိုက္တက္အသင္း အဆင့္ ၃ နဲ႔ ရာသီသိမ္းႏိုင္မႈမွာ သူ႔ရဲ႕ သြင္းဂိုးေတြနဲ႔ ေျခစြမ္းေတြက အဓိကေနရာကေန ပါဝင္ခဲ့တာျဖစ္ပါတယ္။
ရီးရဲလ္ နဲ႔ ဘာကာတို႔ကေတာ့ ဖာနန္ဒက္စ္ရဲ႕ စိတ္အားထက္သန္မႈနဲ႔ ႏိုင္လိုစိတ္ျပင္းျပမႈကို သေဘာက်ေနၿပီး အဆိုပါအခ်က္က သူတို႔အသင္းက ကစားသမားေတြကို ပိုမိုတိုးတက္လာေစမယ္လို႔ ယုံၾကည္ေနေၾကာင္းလည္း သိရပါတယ္။ ယူႏိုက္တက္ကေတာ့ ႏွစ္ရွည္ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ဖာနန္ဒက္စ္ကို ေရာင္းခ်သြားဖို႔ စိတ္ကူး လုံးဝမရွိတာေၾကာင့္ စပိန္ႏွစ္သင္းအတြက္ေတာ့ ေခၚယူႏိုင္ဖို႔က ခက္ခဲေနမွာျဖစ္ပါတယ္။
စပိန် အင်အားကြီးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် နဲ့ ဘာစီလိုနာတို့ဟာ ယူနိုက်တက်မှာ ၈ လကြာသာ ကစားရသေးပြီး ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ဒီရာသီမှာ ဖာနန်ဒက်စ်က ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမျိုးကို မပြသနိုင်သေးဘဲရှိနေပေမယ့်လည်း စပိန်ထိပ်သီးနှစ်သင်းက စောင့်ကြည့်နေပြီလို့ ဖော်ပြနေကြတယ်။ အသင်းကို ကွင်းတွင်းမှာရော၊ အဝတ်လဲခန်းအတွင်းမှာပါ ဦးဆောင်နိုင်သလို အသင်းဖော်တွေကို မညှာမတာဝေဖန်တတ်တဲ့ ဖာနန်ဒက်စ်ဟာ လက်ရှိမှာတော့ ကောလဟလသတင်းတွေကြောင့် ပြသနာတက်နေသူဖြစ်ပါတယ်။
အသင်းဖော်တွေကို ဖာနန်ဒက်စ်က ပြသနာရှာနေခဲ့ပြီး နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်တွေကိလည်း ဝေဖန်ခဲ့တယ်လို့ ဖော်ပြခံခဲ့ရတာဖြစ်ပြီး ဒီအပေါ်မှာတော့ ပေါ်တူဂီကစားသမားက ငြင်းဆန်ထားခဲ့ပါတယ်။ လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေကိုတော့ နည်းပြဆိုးလ်ရှားကလည်း ငြင်းဆန်ထားခဲ့ပြီး ဖာနန်ဒက်စ်က သူ့ရဲ့ ဦးစားပေးကစားသမားဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ စပို့တင်းကနေ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြခဲ့ပါတယ်။ တစ်လတာ အကောင်းဆုံးကစားသမားဆုတွေကိုလည်း ဆက်တိုက်ဆိုသလို ဆွတ်ခူးခဲ့ပြီး ယူနိုက်တက်အသင်း အဆင့် ၃ နဲ့ ရာသီသိမ်းနိုင်မှုမှာ သူ့ရဲ့ သွင်းဂိုးတွေနဲ့ ခြေစွမ်းတွေက အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ရီးရဲလ် နဲ့ ဘာကာတို့ကတော့ ဖာနန်ဒက်စ်ရဲ့ စိတ်အားထက်သန်မှုနဲ့ နိုင်လိုစိတ်ပြင်းပြမှုကို သဘောကျနေပြီး အဆိုပါအချက်က သူတို့အသင်းက ကစားသမားတွေကို ပိုမိုတိုးတက်လာစေမယ်လို့ ယုံကြည်နေကြောင်းလည်း သိရပါတယ်။ ယူနိုက်တက်ကတော့ နှစ်ရှည် စာချုပ်ချုပ်ဆိုထားတဲ့ ဖာနန်ဒက်စ်ကို ရောင်းချသွားဖို့ စိတ်ကူး လုံးဝမရှိတာကြောင့် စပိန်နှစ်သင်းအတွက်တော့ ခေါ်ယူနိုင်ဖို့က ခက်ခဲနေမှာဖြစ်ပါတယ်။