စပို႔တင္း လူငယ္ၾကယ္ပြင့္ လူးဝစ္ဂိုးမက္စ္ ကို ေခၚဖို႔ ၾကိဳခ်ဳပ္ေနတဲ့ ယူနိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ စပို႔တင္းလစၥဘြန္း လူငယ္ကစားသမား လူးဝစ္ဂိုးမက္စ္ ကို အနာဂတ္အတြက္ ေခၚယူဖို႔လုပ္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ ယူႏိုက္တက္ အသင္းဟာ လူငယ္ကစား သမား အမ်ားအျပားကို ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕က ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အိုးထရက္ဖိုဒ့္ကလပ္ ဟာ အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္က လူငယ္ကစားသမားျဖစ္တဲ့ ထရာအိုေရး ကို ေခၚယူႏိုင္ခဲ့ၿပီးသူဟာ ဇန္နဝါရီမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းကို ေရာက္ရွိ လာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ေနာက္ထပ္လူငယ္ကစားသမားတစ္ဦးကို အသင္းအတြက္ထပ္မံအားျဖည့္ဖို႔ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဖီဂိုလက္သစ္လို႔ ေခၚေဝၚ ခံေနရတဲ့ လူးဝစ္ဂိုးမက္စ္ ဟာ မၾကာေသးခင္ကမွ စပို႔တင္းအသင္းနဲ႔ ကာလၾကာရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာပါ။

ဒါေပမယ့္ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အသက္(၁၆)ႏွစ္အ႐ြယ္ရွိ အဆိုပါကစားသမား ကို ေပါင္(၁၄)သန္းနဲ႔ ပထမဆုံးအႀကိမ္ ေခၚယူခြင့္ရဖို႔ အတြက္ သေဘာတူညီမႈ ရရွိၿပီး ျဖစ္တယ္လို႔ ေမရာသတင္းက ဆိုပါတယ္။

စီေရာ္နယ္ဒို၊ နာနီ နဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ တို႔ကလည္း မန္ခ်က္စတာယူႏိုက္တက္ အသင္းကို လာဖို႔ အတြက္ စပို႔တင္း လစၥဘြန္း အသင္းကေန ထြက္ခြာခဲ့တာျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက် အသင်းဟာ စပို့တင်းလစ္စဘွန်း လူငယ်ကစားသမား လူးဝစ်ဂိုးမက်စ် ကို အနာဂတ်အတွက် ခေါ်ယူဖို့လုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ယူနိုက်တက် အသင်းဟာ လူငယ်ကစား သမား အများအပြားကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။

အိုးထရက်ဖိုဒ့်ကလပ် ဟာ အပြောင်းအရွှေ့နောက်ဆုံးရက်က လူငယ်ကစားသမားဖြစ်တဲ့ ထရာအိုရေး ကို ခေါ်ယူနိုင်ခဲ့ပြီးသူဟာ ဇန်နဝါရီမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိ လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နောက်ထပ်လူငယ်ကစားသမားတစ်ဦးကို အသင်းအတွက်ထပ်မံအားဖြည့်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ဖီဂိုလက်သစ်လို့ ခေါ်ဝေါ် ခံနေရတဲ့ လူးဝစ်ဂိုးမက်စ် ဟာ မကြာသေးခင်ကမှ စပို့တင်းအသင်းနဲ့ ကာလကြာရှည်စာချုပ်ချုပ်ဆိုခဲ့တာပါ။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းဟာ အသက်(၁၆)နှစ်အရွယ်ရှိ အဆိုပါကစားသမား ကို ပေါင်(၁၄)သန်းနဲ့ ပထမဆုံးအကြိမ် ခေါ်ယူခွင့်ရဖို့ အတွက် သဘောတူညီမှု ရရှိပြီး ဖြစ်တယ်လို့ မေရာသတင်းက ဆိုပါတယ်။

စီရော်နယ်ဒို ၊နာနီ နဲ့ ဘရူနိုဖာနန်ဒက်စ် တို့ကလည်း မန်ချက်စတာယူနိုက်တက် အသင်းကို လာဖို့ အတွက် စပို့တင်း လစ္စဘွန်း အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။