ေပါ့ဘာက ကမၻာ့ အေကာင္းဆံုး ကြင္းလယ္တစ္ဦးလို႔ PSG နည္းျပ တူခ်ယ္ ခ်ီးက်ဴး
ယူနိုက္တက္နဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပြဲ ကစားဖို႔ ရွိေနတဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ နည္းျပ တူခ်ယ္လ္ကေတာ့ ဒီေန႔ည ပြဲမတိုင္ခင္ပဲ ယူႏုိက္တက္အသင္းရဲ႕ ကြင္းလယ္ကစားသမား ေပါ့ဘာက ကမၻာ့အေကာင္းဆံုး ကြင္းလယ္ကစားသမားေတြထဲက တစ္ေယာက္ျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။
ပီအက္စ္ဂ်ီ နည္းျပ တူခ်ယ္လ္ဟာ ေပ့ါဘာကို အသင္းထံေျပာင္းေရႊ႕လာဖို႔အတြက္ စိတ္ဝင္စားမႈ ရွိခဲ့ၿပီး ကမ္းလွမ္းခဲ့ဖူးတယ္လို႔ လည္း သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ခ်န္ပီယံလိဂ္ပြဲစဥ္ မတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာေတာ့ တူခ်ယ္လ္က “ ေပါ့ဘာက ကမၻာ့ အေကာင္းဆံုးကြင္း လယ္ကစားသမားေတြထဲက တစ္ေယာက္ပါ။ ဖာနန္ဒက္စ္ ကလည္း စြမ္းေဆာင္ရည္ျမင့္တဲ့ ကစားသမားေကာင္းတစ္ ေယာက္ျဖစ္တာေၾကာင့္ သူတို႔ႏွစ္ေယာက္ပါတဲ့ ယူႏိုက္တက္ကြင္းလယ္က ၿပိဳင္ဘက္တိုင္းကို ယွဥ္ကစားႏိုင္ပါတယ္။ ေဘာလံုးပိုင္ဆိုင္မႈအသာနဲ႔ ကစားႏိုင္ဖို႔ အသင္းသားေတြအေနနဲ႔ ၾကိဳးစားရမွာပဲ ျဖစ္ပါတယ္” လို႔ေျပာခဲ့ပါတယ္။
ယူႏိုက္တက္ကေန ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕သြားခဲ့တဲ့ ကြင္းလယ္ကစားသမား ဟာရဲရားကလည္း ေပါ့ဘာအေနနဲ႔ ဘလြန္းဒီေအာ ဆုအထိပါ ရႏိုင္တဲ့ကစားသမားျဖစ္ၿပီး သူ႕ကို ပိုင္ဆိုင္ထားတဲ့ အသင္းအေနနဲ႔ ခ်န္ပီယံဆုဖလားေတြ ကို ရယူႏိုင္ဖို႔ မ်ားပါတယ္ လို႔ ခ်ီးက်ဴးထားပါတယ္။
ဒါ့အျပင္ ဘရူနို ဖာနန္ဒက္စ္ကလည္း ကြင္းလယ္လူ တစ္ဦး ဆိုေပမယ့္ ေက်ာနံပါတ္ ၁၀ ဂ်ာစီဝတ္ဆင္ကစားတဲ့ ကစားသမားေတြလိုမ်ိဳး ကစားႏိုင္တဲ့သူပါလို႔ ဟာရဲရားက ေျပာခဲ့ပါတယ္။
Unicode
ယူနိုက်တက်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ကစားဖို့ ရှိနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြ တူချယ်လ်ကတော့ ဒီနေ့ည ပွဲမတိုင်ခင်ပဲ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာက ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားတွေထဲက တစ်ယောက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ပီအက်စ်ဂျီ နည်းပြ တူချယ်လ်ဟာ ပေ့ါဘာကို အသင်းထံပြောင်းရွှေ့လာဖို့အတွက် စိတ်ဝင်စားမှုရှိခဲ့ပြီး ကမ်းလှမ်းခဲ့ဖူးတယ်လို့ လည်း သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တူချယ်လ်က “ ပေါ့ဘာက ကမ္ဘာ့အကောင်းဆုံးကွင်း လယ်ကစားသမားတွေထဲက တစ်ယောက်ပါ။ ဖာနန်ဒက်စ် ကလည်း စွမ်းဆောင်ရည်မြင့်တဲ့ ကစားသမားကောင်းတစ် ယောက်ဖြစ်တာကြောင့် သူတို့နှစ်ယောက်ပါတဲ့ ယူနိုက်တက်ကွင်းလယ်က ပြိုင်ဘက်တိုင်းကို ယှဉ်ကစားနိုင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ဖို့ အသင်းသားတွေအနေနဲ့ ကြိုးစားရမှာပဲ ဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။
ယူနိုက်တက်ကနေ ပီအက်စ်ဂျီကို ပြောင်းရွှေ့သွားခဲ့တဲ့ ကွင်းလယ်ကစားသမား ဟာရဲရားကလည်း ပေါ့ဘာအနေနဲ့ ဘလွန်းဒီအော ဆုအထိပါ ရနိုင်တဲ့ကစားသမားဖြစ်ပြီး သူ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းအနေနဲ့ ချန်ပီယံဆုဖလားတွေ ကို ရယူနိုင်ဖို့ များပါတယ် လို့ ချီးကျူးထားပါတယ်။
ဒါ့အပြင် ဘရူနို ဖာနန်ဒက်စ်ကလည်း ကွင်းလယ်လူတစ်ဦးဆိုပေမယ့် ကျောနံပါတ် ၁၀ ဂျာစီဝတ်ဆင်ကစားတဲ့ ကစားသမားတွေလိုမျိုး ကစားနိုင်တဲ့သူပါလို့ ဟာရဲရားက ပြောခဲ့ပါတယ်။