အမ္ဘတ္ပီလို တိုက္စစ္သမားကို ထိန္းခ်ဳပ္ျပခဲ့တဲ့ ယူႏုိက္တက္စတားကို ဆိုးရွား ခ်ီးက်ဴး

၂၀၁၈-၁၉ ဘောလုံးရာသီက ဒီနှစ်သင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ တွေ့ဆုံခဲ့ပြီး ယူနိုက်တက်က အိမ်ကွင်းမှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီး အဝေးကွင်းမှာ ၃-၁ နဲ့ ပြန်လည်အနိုင်ယူကာ ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

အခုတစ်ကြိမ်မှာလည်း ပီအက်စ်ဂျီကို အဝေးကွင်းမှာ ၂-၁ ဖြင့် ထပ်မံအနိုင်ယူပြခဲ့ကာ ပရိသတ်တွေကို နောက်ထပ်တစ်ကြိမ် အံ့အားသင့်စေခဲ့ပြီဖြစ်ပါတယ်။ ဒီပွဲမှာတော့ ပီအက်စ်ဂျီရဲ့ အကောင်းဆုံး တိုက်စစ်သမားဖြစ်တဲ့ အမ်ဘတ်ပီကို လူငယ်လေး တွန်ဇီဘီက ထိန်းချုပ်ပြခဲ့တာဖြစ်တယ်။

ပွဲအပြီးမှာ ဆိုးရှားက “တွန်ဇီဘီက ကောင်းကောင်းကစားပြခဲ့ပါတယ်၊ သူက ၁ဝလ လောက်ပွဲမကစားခဲ့ရပါဘူး၊ ပြန်ကစားတဲ့အချိန်မှာ နေမာ၊ ဘတ်ပီတို့လို ကစားသမားတွေကို အခုလိုစွမ်းဆောင်ရည်မျိုးပြသပြီး သူ ကစားသွားတာက တကယ်ကို အံ့အားသင့်စရာကောင်းခဲ့ပါတယ်၊ ဘရူနိုကတော့ နှစ်ပွဲဆက်တိုက်ပယ်နယ်တီလွဲချော်ခဲ့တာပါ၊ ဒါပေမယ့် သူပဲ ဆက်ပြီးကန်သွင်းနေဦးမှာပါ၊ သူက အာရုံစိုက်မှုနဲ့ စရိုက်လက္ခဏာကောင်းတွေကို ပြသခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီကို အခုတစ်ကြိမ် အနိုင်ရရှိခဲ့မှုဟာ ပြီးခဲ့တဲ့တစ်ကြိမ်က နိုင်ပွဲထက်ပိုမိုပြီးတော့ ကောင်းမွန်တယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုလိုက်ပါတယ်။ အဆိုပါပွဲဟာ ဆိုးလ်ရှားကို ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြအဖြစ်ရောက်ရှိစေခဲ့တဲ့ပွဲလည်း ဖြစ်ခဲ့ပါတယ်။

“အခုတစ်ကြိမ် စွမ်းဆောင်ရည်က ပိုပြီးတော့ကောင်းမွန်ပါတယ်၊ နောက်ဆုံးတစ်ကြိမ်မှာ ၃-၁ နဲ့ အနိုင်ရခဲ့တယ်ဆိုပေမယ့် ဒီပွဲက ပိုပြီးကောင်းပါတယ်၊ တကယ်ကို ထူးခြားဆန်းပြားတဲ့ခံစားချက်ပါ၊ အုပ်စုအဆင့်တွေစတင်နေခဲ့ပြီးတော့ ရှုံးထွက်အဆင့်မှာ သူတို့နဲ့ နောက်ဆုံးအဖြစ် ကျွန်တော်တို့ ကစားခဲ့ရတာပါ၊ ပရိသတ်တွေမရှိခဲ့လို့ စိတ်ပျက်ခဲ့ရပေမယ့်လည်း ကျွန်တော်တို့ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်” လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

၂၀၁၈-၁၉ ေဘာလုံးရာသီက ဒီႏွစ္သင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ ေတြ႕ဆုံခဲ့ၿပီး ယူႏိုက္တက္က အိမ္ကြင္းမွာ ၂-၀ နဲ႔ အေရးနိမ့္ခဲ့ၿပီး အေဝးကြင္းမွာ ၃-၁ နဲ႔ ျပန္လည္အႏိုင္ယူကာ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့ပါတယ္။

အခုတစ္ႀကိမ္မွာလည္း ပီအက္စ္ဂ်ီကို အေဝးကြင္းမွာ ၂-၁ ျဖင့္ ထပ္မံအႏိုင္ယူျပခဲ့ကာ ပရိသတ္ေတြကို ေနာက္ထပ္တစ္ႀကိမ္ အံ့အားသင့္ေစခဲ့ၿပီျဖစ္ပါတယ္။ ဒီပြဲမွာေတာ့ ပီအက္စ္ဂ်ီရဲ႕ အေကာင္းဆံုး တိုက္စစ္သမားျဖစ္တဲ့ အမ္ဘတ္ပီကို လူငယ္ေလး တြန္ဇီဘီက ထိန္းခ်ဳပ္ျပခဲ့တာျဖစ္တယ္။

ပြဲအျပီးမွာ ဆိုးရွားက “တြန္ဇီဘီက ေကာင္းေကာင္းကစားျပခဲ့ပါတယ္၊ သူက ၁ဝလ ေလာက္ပြဲမကစားခဲ့ရပါဘူး၊ ျပန္ကစားတဲ့အခ်ိန္မွာ ေနမာ၊ ဘတ္ပီတို႔လို ကစားသမားေတြကို အခုလိုစြမ္းေဆာင္ရည္မ်ိဳးျပသၿပီး သူ ကစားသြားတာက တကယ္ကို အံ့အားသင့္စရာေကာင္းခဲ့ပါတယ္၊ ဘ႐ူႏိုကေတာ့ ႏွစ္ပြဲဆက္တိုက္ပယ္နယ္တီလြဲေခ်ာ္ခဲ့တာပါ၊ ဒါေပမယ့္ သူပဲ ဆက္ၿပီးကန္သြင္းေနဦးမွာပါ၊ သူက အာ႐ုံစိုက္မႈနဲ႔ စ႐ိုက္လကၡဏာေကာင္းေတြကို ျပသခဲ့ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီကို အခုတစ္ႀကိမ္ အႏိုင္ရရွိခဲ့မႈဟာ ၿပီးခဲ့တဲ့တစ္ႀကိမ္က ႏိုင္ပြဲထက္ပိုမိုၿပီးေတာ့ ေကာင္းမြန္တယ္လို႔ ယူႏိုက္တက္နည္းျပဆိုးလ္ရွားက ေျပာဆိုလိုက္ပါတယ္။ အဆိုပါပြဲဟာ ဆိုးလ္ရွားကို ယူႏိုက္တက္ရဲ႕ အၿမဲတမ္းနည္းျပအျဖစ္ေရာက္ရွိေစခဲ့တဲ့ပြဲလည္း ျဖစ္ခဲ့ပါတယ္။

“အခုတစ္ႀကိမ္ စြမ္းေဆာင္ရည္က ပိုၿပီးေတာ့ေကာင္းမြန္ပါတယ္၊ ေနာက္ဆုံးတစ္ႀကိမ္မွာ ၃-၁ နဲ႔ အႏိုင္ရခဲ့တယ္ဆိုေပမယ့္ ဒီပြဲက ပိုၿပီးေကာင္းပါတယ္၊ တကယ္ကို ထူးျခားဆန္းျပားတဲ့ခံစားခ်က္ပါ၊ အုပ္စုအဆင့္ေတြစတင္ေနခဲ့ၿပီးေတာ့ ရႈံးထြက္အဆင့္မွာ သူတို႔နဲ႔ ေနာက္ဆုံးအျဖစ္ ကြၽန္ေတာ္တို႔ ကစားခဲ့ရတာပါ၊ ပရိသတ္ေတြမရွိခဲ့လို႔ စိတ္ပ်က္ခဲ့ရေပမယ့္လည္း ကြၽန္ေတာ္တို႔ ႏိုင္ပြဲနဲ႔ ထိုက္တန္ခဲ့ပါတယ္” လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။