ကိုဗစ္ ရိုက္ခတ္မႈေၾကာင့္ အထိနာတဲ့ မန္ခ်က္စတာယူနိုက္တက္ရဲ႕ ဘ႑ာေရး ရွင္းတမ္း ထုတ္ျပန္
ကို႐ိုနာဗိုင္းရပ္စ္ရဲ႕ အက်ိဳးဆက္ကေန အသင္းရဲ႕ ဝင္ေငြမ်ား ေလ်ာ့က်လာတာေၾကာင့္ ေပါင္ ၄၇၄ သန္းခန္႔ အေႂကြးစာရင္းက ထိုးတက္လာတယ္လို႔မန္ခ်က္စတာယူႏိုက္တက္က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
႐ုပ္သံဝင္ေငြဟာ အဓိက ၄၁.၉သန္းအထိ က်ဆင္းသြားခဲ့တာေၾကာင့္ ၂၀၁၉ခုႏွစ္အတြက္ ေပါင္၂၃.၂သန္း ဆုံးရႈံးခဲ့ပါတယ္။ ထို႔ျပင္ ယူႏိုက္တက္ရဲ႕ အသတင္ အေႂကြးပမာဏက လြန္ခဲ့တဲ့ ၁၂လအတြင္း ေပါင္ ၂၀၃.၆သန္းကေန ေပါင္၄၇၄.၁သန္း အထိ တက္လာခဲ့ပါတယ္။
အဓိကအားျဖင့္ ဟယ္ရီ မက္ဂြါရီအား ေပါင္သန္း၈၀ျဖင့္ ေပးဝယ္ျခင္း၊ matchday ဝင္ေၾကးမ်ား ဆုံးရႈံးျခင္း၊ စပြန္ဆာေၾကးမ်ား ေ႐ြ ့ဆိုင္းျခင္း ႏွင့္ ေပါင္ႏွင့္ ေဒၚလာၾကားမွာ ေငြေၾကးလဲလွယ္ႏူန္း အတက္အက်မ်ားျခင္း တို႔ကေန ေပါင္၂၅၄သန္းအထိ ဝင္ေငြ ေလ်ာ့နည္း သြားခဲ့လို႔ ျဖစ္ပါတယ္။
ဂေလဇာမိသားစု အသင္းကို လြဲေျပာင္းရယူကတည္းက ယေန႔အထိ ေႂကြးၿမီးပမာဏဟာ ဆက္လက္တင္ရွိေနဆဲလို႔ကလပ္က ဆိုပါတယ္။ သို႔ေသာ္ျငားလည္း အက်ီစပြန္ဆာ Chevolet နဲ႔ ၆လသက္တမ္း ထပ္တိုးလိုက္ရာကေန ေပါင္၁၁သန္း အက်ိဳးအျမတ္ ျပန္ရခဲ့လို႔ခံသာခဲ့ပါတယ္။
အသင္းရဲ႕ တစ္ႏွစ္တာ ဝင္ေငြပမာဏဟာ ေပါင္၆၂၇.၁သန္း ရခဲ့တဲ့ အရင္ႏွစ္ကထက္ ယွဥ္ရင္ ၁၉%အထိ က်ဆင္းသြားခဲ့ၿပီး ေပါင္ ၅၀၉ သန္းသာ ရရွိခဲ့ပါတယ္။ ဒါေပမဲ့ ယူႏိုက္တက္ဟာ ကိုဗစ္မျဖစ္ခင္ကတည္းက ယမန္ႏွစ္က ခ်န္ပီယံလိဂ္ဝင္ခြင့္ မရခဲ့လို႔ေပါင္ သန္း ၅၆၀ ကေန ေပါင္သန္း ၅၈၀ အတြင္း ရမယ္လို႔ေမွ်ာ္မွန္းထားခဲ့ရာမွာ ေပါင္၅၀၉သန္း ရရွိခဲ့တာ ျဖစ္ပါတယ္။
ဒါေၾကာင့္ ကိုဗစ္ အက်ိဳးဆက္ကေန ယူႏိုက္တက္ဟာ ေပါင္သန္း၇၀ေလာက္ နစ္နာခဲ့တယ္လို႔သုံးသပ္ရမွာပါ။ အဂၤလန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္လာခ်ိန္မွာ ကလပ္နဲ႔ ပတ္သက္တဲ့ အေရာင္းစတိုးဆိုင္ေတြ ပိ္တ္ထားရျခင္းေၾကာင့္ လက္လီလက္ကား ပစၥည္းေတြ အေရာင္းရပ္တန္႔ခဲ့ၿပီး ေပါင္၁.၁သန္းခန္႔ နစ္နာခဲ့ရပါတယ္။ ယူႏိုက္တက္ထုတ္ျပန္တဲ့ တစ္ႏွစ္တာ ဝင္ေငြ ဟာ ၂၀၁၉ခုႏွစ္ ဂ်ဴလိုင္၁ရက္ကေန ၂၀၂၀ခုႏွစ္ ဂြၽန္လ ၃၀ရက္အတြင္း ျဖစ္တယ္လို႔ဆိုပါတယ္။
ယူႏိုက္တက္ရဲ႕ ပူးတြဲအမူေဆာင္ဥကၠဌ ျဖစ္သူ ဝုဒ္ေဝါ့က အဆိုပါေၾကညာခ်က္တြင္ ပရိသတ္မ်ား၊ ကစားသမားမ်ားႏွင့္ အဖြဲ႕အစည္းမ်ားရဲ႕ က်န္းမာေရးကိုသာ ဦးစားေပးသြားမွာ ျဖစ္ေၾကာင္းနဲ႔ ေရာဂါအက်ိဳးဆက္ကေန စီးပြားေရး ကပ္ဆိုင္မႈကို လိုက္ေလ်ာညီေထြျဖစ္ေအာင္ ႀကိဳးပမ္းသြားမယ္လို႔ေျပာၾကားသြားခဲ့ပါတယ္။
Unicode
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အကျိုးဆက်ကနေ အသင်းရဲ့ ဝင်ငွေများ လျော့ကျလာတာကြောင့် ပေါင် ၄၇၄ သန်းခန့် အကြွေးစာရင်းက ထိုးတက်လာတယ်လို့မန်ချက်စတာယူနိုက်တက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရုပ်သံဝင်ငွေဟာ အဓိက ၄၁.၉သန်းအထိ ကျဆင်းသွားခဲ့တာကြောင့် ၂၀၁၉ခုနှစ်အတွက် ပေါင်၂၃.၂သန်း ဆုံးရှုံးခဲ့ပါတယ်။ ထို့ပြင် ယူနိုက်တက်ရဲ့ အသတင် အကြွေးပမာဏက လွန်ခဲ့တဲ့ ၁၂လအတွင်း ပေါင် ၂၀၃.၆သန်းကနေ ပေါင်၄၇၄.၁သန်း အထိ တက်လာခဲ့ပါတယ်။
အဓိကအားဖြင့် ဟယ်ရီ မက်ဂွါရီအား ပေါင်သန်း၈၀ဖြင့် ပေးဝယ်ခြင်း၊ matchday ဝင်ကြေးများ ဆုံးရှုံးခြင်း၊ စပွန်ဆာကြေးများ ရွေ့ဆိုင်းခြင်း နှင့် ပေါင်နှင့် ဒေါ်လာကြားမှာ ငွေကြေးလဲလှယ်နူန်း အတက်အကျများခြင်း တို့ကနေ ပေါင်၂၅၄သန်းအထိ ဝင်ငွေ လျော့နည်း သွားခဲ့လို့ ဖြစ်ပါတယ်။
ဂလေဇာမိသားစု အသင်းကို လွဲပြောင်းရယူကတည်းက ယနေ့အထိ ကြွေးမြီးပမာဏဟာ ဆက်လက်တင်ရှိနေဆဲလို့ကလပ်က ဆိုပါတယ်။ သို့သော်ငြားလည်း အကျီစပွန်ဆာ Chevolet နဲ့ ၆လသက်တမ်း ထပ်တိုးလိုက်ရာကနေ ပေါင်၁၁သန်း အကျိုးအမြတ် ပြန်ရခဲ့လို့ခံသာခဲ့ပါတယ်။
အသင်းရဲ့ တစ်နှစ်တာ ဝင်ငွေပမာဏဟာ ပေါင်၆၂၇.၁သန်း ရခဲ့တဲ့ အရင်နှစ်ကထက် ယှဉ်ရင် ၁၉%အထိ ကျဆင်းသွားခဲ့ပြီး ပေါင် ၅၀၉ သန်းသာ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဟာ ကိုဗစ်မဖြစ်ခင်ကတည်းက ယမန်နှစ်က ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့လို့ပေါင် သန်း ၅၆၀ ကနေ ပေါင်သန်း ၅၈၀ အတွင်း ရမယ်လို့မျှော်မှန်းထားခဲ့ရာမှာ ပေါင်၅၀၉သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုဗစ် အကျိုးဆက်ကနေ ယူနိုက်တက်ဟာ ပေါင်သန်း၇၀လောက် နစ်နာခဲ့တယ်လို့သုံးသပ်ရမှာပါ။ အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာချိန်မှာ ကလပ်နဲ့ ပတ်သက်တဲ့ အရောင်းစတိုးဆိုင်တွေ ပိတ်ထားရခြင်းကြောင့် လက်လီလက်ကား ပစ္စည်းတွေ အရောင်းရပ်တန့်ခဲ့ပြီး ပေါင်၁.၁သန်းခန့် နစ်နာခဲ့ရပါတယ်။ ယူနိုက်တက်ထုတ်ပြန်တဲ့ တစ်နှစ်တာ ဝင်ငွေ ဟာ ၂၀၁၉ခုနှစ် ဂျူလိုင်၁ရက်ကနေ ၂၀၂၀ခုနှစ် ဂျွန်လ ၃၀ရက်အတွင်း ဖြစ်တယ်လို့ဆိုပါတယ်။
ယူနိုက်တက်ရဲ့ ပူးတွဲအမူဆောင်ဥက္ကဌ ဖြစ်သူ ဝုဒ်ဝေါ့က အဆိုပါကြေညာချက်တွင် ပရိသတ်များ၊ ကစားသမားများနှင့် အဖွဲ့အစည်းများရဲ့ ကျန်းမာရေးကိုသာ ဦးစားပေးသွားမှာ ဖြစ်ကြောင်းနဲ့ ရောဂါအကျိုးဆက်ကနေ စီးပွားရေး ကပ်ဆိုင်မှုကို လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းသွားမယ်လို့ပြောကြားသွားခဲ့ပါတယ်။