စည္းကမ္းပ်က္ေနတဲ့ ေမဆန္ ဂရင္းဝုဒ္ကို ယူနိုက္တက္ အၾကီးအကဲမ်ား စိတ္ပ်က္ေနၾက

မန္ခ်က္စတာ ယူနိုက္တက္ အသင္း အႀကီးအကဲပိုင္းေတြကေတာ့ လူငယ္တိုက္စစ္ၾကယ္ပြင့္ ဂရင္းဝုဒ္ရဲ႕ စည္းကမ္းမဲ့ေနတဲ့ အျပဳအမူေတြ အေပၚ အေတာ္ စိတ္ပ်က္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

ဂရင္းဝုဒ္ ဟာ ၿပီးခဲ့တဲ့ရာသီက မန္ခ်က္စတာ ယူနိုက္တက္ အသင္းအတြက္ (၄၉)ပြဲပါဝင္ကစားၿပီး (၁၇)ဂိုးသြင္းယူနိုင္ခဲ့တာေၾကာင့္ နည္းျပဆိုးလ္ရွား က သူ႔ကို အသင္းရဲ့အေရးပါတဲ့ အစိတ္အပိုင္းအျဖစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။

အသက္(၁၉)ႏွစ္အရြယ္တိုက္စစ္မႈးဟာ အခုႏွစ္ရာသီမွာ အသင္းအတြက္ (၄)ပြဲပါဝင္ကစားထားၿပီး (၁)ဂိုးသြင္းယူထားေပမယ့္ ယူနိုက္တက္ အသင္းကစားခဲ့တဲ့ ေနာက္ဆုံး နွစ္ပြဲမွာေတာ့ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။ ဂရင္းဝုဒ္ ဟာ ႀကံခိုင္ေရးပိုင္း ျပသနာေတြေၾကာင့္ ခ်န္လွပ္ခံခဲ့ရတယ္လို႔ သတင္းေတြက ဆိုထားတာပါ။

ခ်န္ပီယံလိဂ္ ပြဲမတိုင္ခင္ သတင္းေထာက္ေတြက ဂရင္းဝုဒ္ကို စည္းကမ္းပိုင္း ေဖာက္ဖ်က္မႈေၾကာင့္ ခ်န္လွပ္ခဲ့တာလားဆိုတဲ့ ေမးခြန္းကို နည္းၿပ ဆိုးလ္ရွား က ျငင္းဆန္ထားပါတယ္။ ဒါေပမယ့္ ေဒးလီးေမးလ္သတင္း အဆိုအရ ကလပ္အသင္း ဝန္ထမ္းေတြဟာ ထရိန္နင္ လာဖို႔ အျမဲ ေနာက္က်တက္တဲ့ ဂရင္း၀ုဒ္ ကို အလြန္စိတ္ပ်က္ေနၾကတယ္လို႔ ဆိုထားပါတယ္။

ဒါ့အျပင္ ဂရင္းဝုဒ္ ဟာ ၿပီးခဲ့တဲ့လက အဂၤလန္လက္ေရြးစင္ အသင္းအတြက္ ကစားေပးခဲ့ရာမွာ အသင္းေဖာ္ ဖိုဒန္ နဲ႔ အတူ အိုက္စလန္မွာရွိတဲ့ အသင္းတည္းခိုရာဟိုတယ္လ္ ကို မိန္းကေလး(၂)ဦးကို ေခၚကာ ကိုရိုနာဗိုင္းရပ္စ္စည္းကမ္းခ်ိဳးေဖာက္ခဲ့တဲ့ အတြက္ အိမ္ျပန္လႊတ္ခံခဲ့ရတဲ့ ျဖစ္ရပ္ရွိခဲ့တာျဖစ္ပါတယ္။

ယူနိုက္တက္ နည္းၿပ ဆိုးလ္ရွား ကေတာ့ ဂရင္းဝုဒ္ ဟာ ခ်န္ပီယံလိဂ္ ပြဲ လြဲခဲ့ေပမယ့္ ဒီစေန ခ်ယ္ဆီး အသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပါဝင္ဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ ေျပာဆိုထားပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက် အသင်း အကြီးအကဲပိုင်းတွေကတော့ လူငယ်တိုက်စစ်ကြယ်ပွင့် ဂရင်းဝုဒ်ရဲ့ စည်းကမ်းမဲ့နေတဲ့ အပြုအမူတွေ အပေါ် အတော် စိတ်ပျက်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂရင်းဝုဒ် ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် (၄၉)ပွဲပါဝင်ကစားပြီး (၁၇)ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဆိုးလ်ရှား က သူ့ကို အသင်းရဲ့အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။

အသက်(၁၉)နှစ်အရွယ်တိုက်စစ်မှုးဟာ အခုနှစ်ရာသီမှာ အသင်းအတွက် (၄)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားပေမယ့် ယူနိုက်တက် အသင်းကစားခဲ့တဲ့ နောက်ဆုံး နှစ်ပွဲမှာတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ ဂရင်းဝုဒ် ဟာ ကြံခိုင်ရေးပိုင်း ပြသနာတွေကြောင့် ချန်လှပ်ခံခဲ့ရတယ်လို့ သတင်းတွေက ဆိုထားတာပါ။

ချန်ပီယံလိဂ် ပွဲမတိုင်ခင် သတင်းထောက်တွေက ဂရင်းဝုဒ်ကို စည်းကမ်းပိုင်း ဖောက်ဖျက်မှုကြောင့် ချန်လှပ်ခဲ့တာလားဆိုတဲ့ မေးခွန်းကို နည်းပြ ဆိုးလ်ရှား က ငြင်းဆန်ထားပါတယ်။ ဒါပေမယ့် ဒေးလီးမေးလ်သတင်း အဆိုအရ ကလပ်အသင်း ဝန်ထမ်းတွေဟာ ထရိန်နင် လာဖို့ အမြဲ နောက်ကျတက်တဲ့ ဂရင်းဝုဒ် ကို အလွန်စိတ်ပျက်နေကြတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဂရင်းဝုဒ် ဟာ ပြီးခဲ့တဲ့လက အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ကစားပေးခဲ့ရာမှာ အသင်းဖော် ဖိုဒန် နဲ့ အတူ အိုက်စလန်မှာရှိတဲ့ အသင်းတည်းခိုရာဟိုတယ်လ် ကို မိန်းကလေး(၂)ဦးကို ခေါ်ကာ ကိုရိုနာဗိုင်းရပ်စ်စည်းကမ်းချိုးဖောက်ခဲ့တဲ့ အတွက် အိမ်ပြန်လွှတ်ခံခဲ့ရတဲ့ ဖြစ်ရပ်ရှိခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ဂရင်းဝုဒ် ဟာ ချန်ပီယံလိဂ် ပွဲ လွဲခဲ့ပေမယ့် ဒီစနေ ချယ်ဆီး အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပါဝင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောဆိုထားပါတယ်။