ပီအက္စ္ဂ်ီနဲ႕ ပြဲမွာ လူစား၀င္ ကစားရတဲ့ အေၾကာင္းအရင္း ေပါ့ဘာ ရွင္းျပီ

မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ေပါလ္ေပါ့ဘာဟာ ပီအက္စ္ဂ်ီနဲ႔ပြဲက ပြဲထြက္မွာ မပါ၀င္ခဲ့ဘဲ အရန္ခံုမွာ ရွိျပီး လူစား၀င္ ကစားခဲ့ရတဲ့ သူ႔ရဲ႕ အေျခအေနဟာ စီစဥ္ထားတဲ့အတိုင္း လုပ္ခဲ့တာျဖစ္ေၾကာင့္ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ လက္ေ႐ြးစင္ကစားသမားဟာ အဂၤါေန႔ညက ခ်န္ပီယံလိဂ္ပြဲစဥ္ရဲ႕ ပြဲထြက္လူစာရင္းမွာ ပါဝင္လာခဲ့ျခင္း မရွိပါဘူး။ ဒါေပမယ့္ ၂၇ ႏွစ္အ႐ြယ္ ကစားသမားက ၃ မွတ္အျပည့္ ရဖို႔အတြက္ နည္းျပအိုလီဂန္နာဆိုးလ္ရွားရဲ႕ အစီအစဥ္အတိုင္း အေရးႀကီးတဲ့ က႑က ပါဝင္ကစားေပးႏိုင္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ျပင္သစ္မွာ ေနာက္ထပ္တစ္ႀကိမ္ အမွတ္ရစရာ ညတစ္ညကို ပိုင္ဆိုင္ခဲ့ျပန္ပါတယ္။ ယူႏိုက္တက္အတြက္ အဖြင့္ဂိုးကို ဘ႐ူႏိုဖာနန္ဒက္စ္က သြင္းယူေပးခဲ့ၿပီး ပထမတစ္ႀကိမ္ လြဲေခ်ာ္ခဲ့ေပမယ့္ ပီအက္စ္ဂ်ီဂိုးသမား ေကလာနာဗက္စ္ စည္းမနင္းထားလို႔ ျပန္ကန္ရာမွာေတာ့ ဂိုးဝင္ခဲ့တာ ျဖစ္ပါတယ္။ အန္တိုနီမာရွယ္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူမႈေၾကာင့္ ပီအက္စ္ဂ်ီတို႔ တစ္မွတ္ရဖို႔ နီးစပ္ခဲ့ပါေသးတယ္။

ဒါေပမယ့္ ပြဲၿပီးခါနီးမွ ယူႏိုက္တက္အတြက္ အႏိုင္ဂိုးကို မားကပ္စ္ရက္ရွ္ဖို႔ဒ္က သြင္းယူေပးခဲ့ပါတယ္။ ေပါ့ဂ္ဘာကေတာ့ အဲလက္စ္တယ္လက္စ္အစား လူစားဝင္ကစားခဲ့ၿပီး မားကပ္ရက္ရွ္ဖို႔ဒ္ရဲ႕ ဂိုးကိုသြင္းယူႏိုင္ဖို႔ အေရးပါတဲ့ ေပးပို႔မႈကို ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။

ျပင္သစ္သတင္းဌာနနဲ႔ စကားေျပာရာမွာေတာ့ ေပါ့ဘာက က ပဲရစ္မွာ ရမွတ္ ၃ မွတ္ရဖို႔အတြက္ အားလုံးကို ႀကိဳတင္ ျပင္ဆင္ထားခဲ့တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ကို (ပဲရစ္မွာ) ဘာေတြေစာင့္ေနလဲဆိုတာ သိထားပါတယ္။ ကစားသမား အားလုံးလည္း ဒီပြဲအတြက္ အဆင္သင့္ျဖစ္ခဲ့ၾကၿပီး ရလဒ္ကလည္း စီစဥ္ထားသလို ထြက္လာခဲ့ပါတယ္။ သူတို႔လည္း အခြင့္အေရးေတြ ရခဲ့တယ္၊ ကြၽန္ေတာ္တို႔လည္း ရခဲ့ပါတယ္၊ ဒါေပမယ့္ ကြၽန္ေတာ္တို႔က ပိုၿပီးထိေရာက္ေအာင္ အသုံးခ်ႏိုင္ခဲ့ပါတယ္။ ရလဒ္ကလည္းေကာင္းပါတယ္။ အဲ့ဒါက (လူစားလဲဝင္ကစားရတာ)က ႀကိဳတင္ျပင္ဆင္ထားတာပါ။

ဒီပြဲအတြက္ ကြၽန္ေတာ္တို႔ အမ်ားႀကီး ႀကိဳတင္ျပင္ဆင္ႏိုင္ခဲ့ပါတယ္။ သူတို႔က အရမ္းအင္အားေကာင္းၿပီး တိုက္စစ္ထက္ျမတ္တာကို သိထားပါတယ္။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ခံစစ္အင္အားပိုလိုတယ္။ ပြဲကိုလည္း အေကာင္းဆုံး စတင္ႏိုင္ခဲ့ၿပီး အခြင့္အေရးေတြလည္း ရခဲ့တယ္။ ဂိုးေတြလည္း သြင္းႏိုင္ခဲ့တယ္” လို႔ ေပါ့ဘာက ရွင္းလင္း ေျပာဆိုခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ပေါလ်ပေါ့ဘာဟာ ပီအက်စ်ဂျီနဲ့ပွဲက ပွဲထွက်မှာ မပါဝင်ခဲ့ဘဲ အရန်ခုံမှာ ရှိပြီး လူစားဝင် ကစားခဲ့ရတဲ့ သူ့ရဲ့ အခြေအနေဟာ စီစဉ်ထားတဲ့အတိုင်း လုပ်ခဲ့တာဖြစ်ကြောင့် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ပြင်သစ် လက်ရွေးစင်ကစားသမားဟာ အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ၂၇ နှစ်အရွယ် ကစားသမားက ၃ မှတ်အပြည့် ရဖို့အတွက် နည်းပြအိုလီဂန်နာဆိုးလ်ရှားရဲ့ အစီအစဉ်အတိုင်း အရေးကြီးတဲ့ ကဏ္ဍက ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပြင်သစ်မှာ နောက်ထပ်တစ်ကြိမ် အမှတ်ရစရာ ညတစ်ညကို ပိုင်ဆိုင်ခဲ့ပြန်ပါတယ်။ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ဘရူနိုဖာနန်ဒက်စ်က သွင်းယူပေးခဲ့ပြီး ပထမတစ်ကြိမ် လွဲချော်ခဲ့ပေမယ့် ပီအက်စ်ဂျီဂိုးသမား ကေလာနာဗက်စ် စည်းမနင်းထားလို့ ပြန်ကန်ရာမှာတော့ ဂိုးဝင်ခဲ့တာ ဖြစ်ပါတယ်။ အန်တိုနီမာရှယ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ပီအက်စ်ဂျီတို့ တစ်မှတ်ရဖို့ နီးစပ်ခဲ့ပါသေးတယ်။

ဒါပေမယ့် ပွဲပြီးခါနီးမှ ယူနိုက်တက်အတွက် အနိုင်ဂိုးကို မားကပ်စ်ရက်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့ပါတယ်။ ပေါ့ဂ်ဘာကတော့ အဲလက်စ်တယ်လက်စ်အစား လူစားဝင်ကစားခဲ့ပြီး မားကပ်ရက်ရှ်ဖို့ဒ်ရဲ့ ဂိုးကိုသွင်းယူနိုင်ဖို့ အရေးပါတဲ့ ပေးပို့မှုကို ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ပြင်သစ်သတင်းဌာနနဲ့ စကားပြောရာမှာတော့ ပေါ့ဘာက က ပဲရစ်မှာ ရမှတ် ၃ မှတ်ရဖို့အတွက် အားလုံးကို ကြိုတင် ပြင်ဆင်ထားခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

“ကျွန်တော်တို့ကို (ပဲရစ်မှာ) ဘာတွေစောင့်နေလဲဆိုတာ သိထားပါတယ်။ ကစားသမား အားလုံးလည်း ဒီပွဲအတွက် အဆင်သင့်ဖြစ်ခဲ့ကြပြီး ရလဒ်ကလည်း စီစဉ်ထားသလို ထွက်လာခဲ့ပါတယ်။ သူတို့လည်း အခွင့်အရေးတွေ ရခဲ့တယ်၊ ကျွန်တော်တို့လည်း ရခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့က ပိုပြီးထိရောက်အောင် အသုံးချနိုင်ခဲ့ပါတယ်။ ရလဒ်ကလည်းကောင်းပါတယ်။ အဲ့ဒါက (လူစားလဲဝင်ကစားရတာ)က ကြိုတင်ပြင်ဆင်ထားတာပါ။

ဒီပွဲအတွက် ကျွန်တော်တို့ အများကြီး ကြိုတင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ သူတို့က အရမ်းအင်အားကောင်းပြီး တိုက်စစ်ထက်မြတ်တာကို သိထားပါတယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့ ခံစစ်အင်အားပိုလိုတယ်။ ပွဲကိုလည်း အကောင်းဆုံး စတင်နိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့တယ်။ ဂိုးတွေလည်း သွင်းနိုင်ခဲ့တယ်” လို့ ပေါ့ဘာက ရှင်းလင်း ပြောဆိုခဲ့ပါတယ်။