ဒီဂီယာ လက္ေရျပန္တက္ျပီး ေကာင္းလာတဲ့ အေၾကာင္းရင္း ဖလက္ခ်ာ ထုတ္ေဖာ္

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ပြဲထြက္ ဂိုးသမား ဒီဂီယာဟာ ကမၻာ့အဆင့္ ရွိ ဂိုးသမားေကာင္း တစ္ဦး ျဖစ္ေပမယ့္ ဒီတေလာ နွစ္ေတြမွာ အမွားက်ဴးလြန္တာေတြ ရွိလာတာေၾကာင့္ ေ၀ဖန္မႈေတြ ခံယူခဲ့ရသူ ျဖစ္ပါတယ္။

ဒီဂီယာရဲ႕ လက္စြမ္းက်ဆင္းမႈက ကလပ္အသင္းမွာတင္ မက နုိင္ငံ အသင္းမွာပါ ၾကံဳေတြ႔ေနရျပီး ပြဲထြက္ေနရာ ေပ်ာက္ဆံုး ရမလို ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီႏွစ္မွာေတာ့ ဒီဂီယာဆီက လ်င္ျမန္ျဖတ္လတ္တဲ့ လႈပ္ရွားမႈေတြနဲ႔ ရင္သပ္ရႈေမာစရာ ကာကြယ္မႈေတြကို ျပန္ျမင္ခဲ့ရၿပီး အသင္းေဖာ္ေတြနဲ႔ နည္းျပဆိုးရွားလ္ရဲ့ ယုံၾကည္ကိုးစားမႈေတြကို ျပန္လည္ေပးဆပ္နိုင္ခဲ့ပါတယ္။

အခုလိ ဒီဂီယာ လက္ေရ ျပန္တက္လာျပီး အေကာင္းဆုံးပုံစံကို ျပန္လည္ျမင္ေတြ႕ခြင့္ရေစခဲ့တဲ့ အဓိက အေၾကာင္းရင္းကို ဒါရင္း ဖလက္ခ်ာက သူ႔အျမင္ကို အခုလို ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

” လူေတြက ေမးေနၾကတယ္ ဟန္ဒါဆန္ကို ဘာလို႔ ဆက္ထိန္းထားတာလဲေပါ့။ အေျခခံအားျဖင့္ေတာ့ ဒီဂီယာကို မင္းမွာ စိန္ေခၚမႈတစ္ခုရွိလာၿပီဆိုတဲ့ မက္ေစ့ကိုေပးဖို႔ပဲ ့ဖစ္ပါတယ္။ ရိုမဲရိုးက ဒုတိယဦးစားေပးဂိုးသမားေနရာမွာ အျမဲေက်နပ္ေပ်ာ္ရႊင္ေနတယ္လို႔ ကၽြန္ေတာ္ထင္တယ္။ ခုေတာ့ ဒီဂီယာရဲ့ နံပါတ္တစ္ဂိုးသမားေနရာအတြက္ စစ္မွန္တဲ့စိန္ေခၚသူတစ္ဦး ရွိလာၿပီျဖစ္ၿပီးေတာ့ ဒီအခ်က္က သူ႔ဆီက အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြကို ျပန္လည္ထုတ္ေဖာ္နိုင္ခဲ့တာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီနဲ႕ ပြဲမွာ သူ႔ရဲ့ စြမ္းေဆာင္ရည္က ခမ္းနားအံ့ဩဖြယ္ပါပဲ။ အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈေတြနဲ႔ ပြဲကို ထိန္းေက်ာင္းေပးသြားခဲ့ပါတယ္။ ဒီရာသီမွာ ဒီဂီယာက ထိပ္တန္း လက္စြမ္းကို ျပသေနတာက တိုက္ဆိုင္မႈသက္သက္ မဟုတ္ပါဘူး။

အဲဒါက ဘာျဖစ္လို႔လဲ ဆိုေတာ့ အခု အသင္းမွာ ဒင္းဟန္ဒါဆန္ရွိေနၿပီေလ။ ဒင္းကလည္း ဦးစားေပး ဂိုးသမား ျဖစ္ခ်င္ေနတယ္၊ ယုံၾကည္မႈလဲရွိတယ္။ ဒါေပမယ့္ သူက အမ်ားႀကီး ၾကိဳးစားရပါဦးမယ္။ ဒီဂီယာ အေကာင္းဆုံးပုံစံ ျပန္ရလာတာကို ကၽြန္ေတာ္ ဝမ္းသာပါတယ္။ ” လို႔ ဖလက္ခ်ာက ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။

Unicode

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား ဒီဂီယာဟာ ကမ္ဘာ့အဆင့် ရှိ ဂိုးသမားကောင်း တစ်ဦး ဖြစ်ပေမယ့် ဒီတလော နှစ်တွေမှာ အမှားကျူးလွန်တာတွေ ရှိလာတာကြောင့် ဝေဖန်မှုတွေ ခံယူခဲ့ရသူ ဖြစ်ပါတယ်။

ဒီဂီယာရဲ့ လက်စွမ်းကျဆင်းမှုက ကလပ်အသင်းမှာတင် မက နိုင်ငံ အသင်းမှာပါ ကြုံတွေ့နေရပြီး ပွဲထွက်နေရာ ပျောက်ဆုံး ရမလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်မှာတော့ ဒီဂီယာဆီက လျင်မြန်ဖြတ်လတ်တဲ့ လှုပ်ရှားမှုတွေနဲ့ ရင်သပ်ရှုမောစရာ ကာကွယ်မှုတွေကို ပြန်မြင်ခဲ့ရပြီး အသင်းဖော်တွေနဲ့ နည်းပြဆိုးရှားလ်ရဲ့ ယုံကြည်ကိုးစားမှုတွေကို ပြန်လည်ပေးဆပ်နိုင်ခဲ့ပါတယ်။

အခုလိ ဒီဂီယာ လက်ရေ ပြန်တက်လာပြီး အကောင်းဆုံးပုံစံကို ပြန်လည်မြင်တွေ့ခွင့်ရစေခဲ့တဲ့ အဓိက အကြောင်းရင်းကို ဒါရင်း ဖလက်ချာက သူ့အမြင်ကို အခုလို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

” လူတွေက မေးနေကြတယ် ဟန်ဒါဆန်ကို ဘာလို့ ဆက်ထိန်းထားတာလဲပေါ့။ အခြေခံအားဖြင့်တော့ ဒီဂီယာကို မင်းမှာ စိန်ခေါ်မှုတစ်ခုရှိလာပြီဆိုတဲ့ မက်စေ့ကိုပေးဖို့ပဲ့ဖစ်ပါတယ်။ ရိုမဲရိုးက ဒုတိယဦးစားပေးဂိုးသမားနေရာမှာ အမြဲကျေနပ်ပျော်ရွှင်နေတယ်လို့ ကျွန်တော်ထင်တယ်။ ခုတော့ ဒီဂီယာရဲ့ နံပါတ်တစ်ဂိုးသမားနေရာအတွက် စစ်မှန်တဲ့စိန်ခေါ်သူတစ်ဦး ရှိလာပြီဖြစ်ပြီးတော့ ဒီအချက်က သူ့ဆီက အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ထုတ်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ ပွဲမြှ သူ့ရဲ့ စွမ်းဆောင်ရည်က ခမ်းနားအံ့ဩဖွယ်ပါပဲ။ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုတွေနဲ့ ပွဲကို ထိန်းကျောင်းပေးသွားခဲ့ပါတယ်။ ဒီရာသီမှာ ဒီဂီယာက ထိပ်တန်း လက်စွမ်းကို ပြသနေတာက တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။

အဲဒါက ဘာဖြစ်လို့လဲ ဆိုတော့ အခု အသင်းမှာ ဒင်းဟန်ဒါဆန်ရှိနေပြီလေ။ ဒင်းကလည်း ဦးစားပေး ဂိုးသမား ဖြစ်ချင်နေတယ်၊ ယုံကြည်မှုလဲရှိတယ်။ ဒါပေမယ့် သူက အများကြီး ကြိုးစားရပါဦးမယ်။ ဒီဂီယာ အကောင်းဆုံးပုံစံ ပြန်ရလာတာကို ကျွန်တော် ဝမ်းသာပါတယ်။ ” လို့ ဖလက်ချာက ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။