ခ်န္ပီယံလိဂ္ ယူေပးခ်င္ေနတဲ့ အသင္းသားကို အနာဂတ္ အသင္းေခါင္းေဆာင္ အျဖစ္ ယူနိုက္တက္ ရည္ရြယ္
မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ တြမ္ဇီဘီကို အသင္းရဲ႕ အနာဂတ္ အသင္းေခါင္းေဆာင္အျဖစ္ သတ္မွတ္ထားတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ အသက္ ၂၂ ႏွစ္ အရြယ္ကစားသမားဟာ ဒီရာသီ သူ႔ရဲ႕ ပထမဆံုးပြဲထြက္ကစားခြင့္ကို အဂၤါေန႔ညက ခ်န္ပီယံလိဂ္ပြဲမွာ ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရခဲ့တဲ့ပြဲ၌ ပါ၀င္ကစားျပီး ေျခစြမ္းျပခဲ့သူျဖစ္ပါတယ္။
၄င္းဟာ ဒဏ္ရာေၾကာင့္ မတ္လကတည္းက အသင္းမွာ ကစားခြင့္မရွိခဲ့ပါဘူး။ ေနမာ နဲ႔ အမ္ဘာေပးတို႔ကို ရင္ဆိုင္ကစားခဲ့တဲ့ တြမ္ဇီဘီရဲ႕ ေကာင္းမြန္တဲ့ ေျခစြမ္းေၾကာင့္ ဗဟိုေနာက္ခံလူဟာ စေနေန႔ ခ်ဲလ္ဆီးအသင္းနဲ႔ကစားမယ့္ ပရီးမီးယားလိဂ္ပြဲမွာလည္း ပါ၀င္လာမယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
ESPN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ေနာက္ခံလူရဲ႕ စြမ္းေဆာင္ရည္ေၾကာင့္ အသင္းရဲ႕ ေနာက္ခံလူေနရာမွာ စီနီယာ ကစားသမားေတြနဲ႔ အတူတူ ကစားျပီး အနာဂတ္မွာ အသင္းအတြက္ အသင္းေခါင္းေဆာင္ျဖစ္မယ္လို႔ ယံုၾကည္ထားတယ္လို႔ သိရပါတယ္။
တြမ္ဇီဘီဟာ ယူႏိုက္တက္အသင္း ျပီးခဲ့တဲ့ စက္တင္ဘာလတုန္းက ကာရာေဘာင္ဖလားျပိဳင္ပြဲမွာ ရိုခ်ာဒလီ အသင္းနဲ႔ ပြဲမွာတုန္းက အသင္းေခါင္းေဆာင္ တာ၀န္ကို ထမ္းေဆာင္ခဲ့သူ ျဖစ္ပါတယ္။
အဂၤလန္ယူ ၂၁ ႏွစ္ေအာက္ လက္ေရြးစင္ ကစားသမားေဟာင္းက ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရျပီးေနာက္ ဒီရာသီမွာ ယူႏိုက္တက္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးခ်င္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ ၄င္းဟာ အသင္းဆီကို အသက္ (၈) ႏွစ္အရြယ္ကတည္းက ေရာက္ရွိလာျပီး ယူႏိုက္တက္ ပထမအသင္းမွာ (၁၉) ပြဲ ကစားေပးထားပါတယ္။
Unicode
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ တွမ်ဇီဘီကို အသင်းရဲ့ အနာဂတ် အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ အသက် ၂၂ နှစ် အရွယ်ကစားသမားဟာ ဒီရာသီ သူ့ရဲ့ ပထမဆုံးပွဲထွက်ကစားခွင့်ကို အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲမှာ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့တဲ့ပွဲ၌ ပါဝင်ကစားပြီး ခြေစွမ်းပြခဲ့သူဖြစ်ပါတယ်။
၎င်းဟာ ဒဏ်ရာကြောင့် မတ်လကတည်းက အသင်းမှာ ကစားခွင့်မရှိခဲ့ပါဘူး။ နေမာ နဲ့ အမ်ဘာပေးတို့ကို ရင်ဆိုင်ကစားခဲ့တဲ့ တွမ်ဇီဘီရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းကြောင့် ဗဟိုနောက်ခံလူဟာ စနေနေ့ ချဲလ်ဆီးအသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာလည်း ပါဝင်လာမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ နောက်ခံလူရဲ့ စွမ်းဆောင်ရည်ကြောင့် အသင်းရဲ့ နောက်ခံလူနေရာမှာ စီနီယာ ကစားသမားတွေနဲ့ အတူတူ ကစားပြီး အနာဂတ်မှာ အသင်းအတွက် အသင်းခေါင်းဆောင်ဖြစ်မယ်လို့ ယုံကြည်ထားတယ်လို့ သိရပါတယ်။
တွမ်ဇီဘီဟာ ယူနိုက်တက်အသင်း ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ကာရာဘောင်ဖလားပြိုင်ပွဲမှာ ရိုချာဒလီ အသင်းနဲ့ ပွဲမှာတုန်းက အသင်းခေါင်းဆောင် တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အင်္ဂလန်ယူ ၂၁ နှစ်အောက် လက်ရွေးစင် ကစားသမားဟောင်းက ပီအက်စ်ဂျီအသင်းကို အနိုင်ရပြီးနောက် ဒီရာသီမှာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးချင်တယ်လို့ ပြောသွားခဲ့ပါတယ်။ ၎င်းဟာ အသင်းဆီကို အသက် (၈) နှစ်အရွယ်ကတည်းက ရောက်ရှိလာပြီး ယူနိုက်တက် ပထမအသင်းမှာ (၁၉) ပွဲ ကစားပေးထားပါတယ်။