ယူနိုက္တက္ ေျခစြမ္းက သေရ တစ္မွတ္ထက္ ပိုရသင့္တယ္လို႕ ဒီဂီယာ ဆို

ယူနိုက္တက္ ဂိုးသမား ဒီဂီယာ ကေတာ့ ယမန္ေန႔ည ၁၁နာရီမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ယူနိုက္တက္နဲ႔ ခ်ယ္ဆီးအသင္းတို႔ရဲ႕ ပြဲစဥ္မွာ မန္ယူနိုက္တက္အသင္းဟာ ၿပိဳင္ဘက္ အသင္းထက္ ပိုၿပီး အႏိုင္ရလဒ္နဲ႔ ထိုက္တန္မႈ ရွိေၾကာင္း ပြဲအၿပီးမွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ေျပာၾကား သြားခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ အိုးထရက္ဖို႔ဒ္ကြင္း ထဲမွာ ကစားခဲ့တဲ့ အဆိုပါပြဲစဥ္မွာ မန္ယူအသင္းနဲ႔ ခ်ယ္ဆီးအသင္းတို႔ဟာ ဂိုးမရွိ သေရရလဒ္ ထြက္ေပၚခဲ့ၾကၿပီး ႏွစ္သင္းစလုံးဟာ တစ္ဖက္အသင္းကို အသာစီး ရရွိေအာင္ ကစားဖို႔ထက္ အမွားမရွိေရးကိုသာ ဦးတည္ ကစားခဲ့တာေၾကာင့္ ပြဲဟာ ထင္ထားတာထက္ ပိုမို ၿငိမ္သက္ခဲ့တဲ့ ပြဲစဥ္ တစ္ပြဲ ျဖစ္ခဲ့ပါတယ္။

အိမ္ကြင္းပဲြ ျဖစ္လို႔ ယူနိုက္တက္ဟာ ပြဲခ်ိန္ ေတာ္ေတာ္မ်ားမ်ားမွာ ခ်ယ္ဆီးအသင္းဘက္ ကို ဖိအားေပး ကစားႏိုင္ခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းရဲ႕ ဂိုးသမားသစ္ မန္ဒီရဲ႕ လက္စြမ္း ျပမႈေတြေၾကာင့္ ဦးေဆာင္ဂိုး ရရွိႏိုင္မယ့္ အခြင့္အေရးနဲ႔ ႐ုန္းကန္ ခဲ့ရပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ အသစ္စက္စက္ ဂိုးသမား တစ္ဦးျဖစ္တဲ့ မန္ဒီ ကေတာ့ ဒီေန႔ပြဲမွာ သူဟာ ခ်ယ္လ္ဆီးအသင္းရဲ႕ နံပါတ္တစ္ ဂိုးသမားေနရာနဲ႔ ထိုက္တန္သူ ျဖစ္ေၾကာင္း သက္ေသျပသြားၿပီး မန္ယူအသင္းရဲ႕ ဂိုးရရွိႏိုင္တဲ့ အပိုင္အခြင့္အေရး ၃ႀကိမ္ကို ကာကြယ္ သြားႏိုင္ခဲ့ပါတယ္။

ညက ပြဲၿပီး အင္တာဗ်ဴးမွာေတာ့ ဒီဂီယာက သူတို႔အသင္းဟာ ခ်ယ္ဆီးအသင္းထက္ ပိုၿပီး အႏိုင္ရလဒ္နဲ႔ ထိုက္တန္မႈ ရွိခဲ့ေၾကာင္း ဖြင့္ဟ ေျပာၾကား သြားခဲ့ပါတယ္။

ဒီဂီယာက ” ကြၽန္ေတာ့္ အတြက္ေတာ့ ယူနိုက္တက္က ပြဲကို အႏိုင္ရရွိဖို႔ လုံေလာက္တဲ့ အခြင့္အေရးေတြကို ဖန္တီးႏိုင္ခဲ့ၾကတယ္ လို႔ ထင္ပါတယ္။ ဒါက အသင္းေကာင္း တစ္သင္းနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ပြဲက်ပ္ တစ္ပြဲပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ဟာ ဒီထက္ ပိုတဲ့ အရာနဲ႔ ထိုက္တန္မႈ ရွိတယ္ လို႔ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ အေကာင္းဆုံး အခြင့္အ​ေရး ႏွစ္ႀကိမ္ ၊ သုံးႀကိမ္ေလာက္ ရခဲ့ပါတယ္။ အထူးသျဖင့္ ရက္ဖို႔ဒ္နဲ႔ သက္ဆိုင္တဲ့ အရာေတြေပါ့။

ဒါေပမယ့္ တစ္ဖက္ ဂိုးသမားက အားလုံးကို ကာကြယ္ သြားႏိုင္ခဲ့ပါတယ္။ ဒါက အဆင္ေျပပါတယ္။ ကြၽန္ေတာ္ အေရွ႕မွာ ေျပာခဲ့သလိုပဲေပါ့။ ကြၽန္ေတာ္တို႔ဟာ ဒီထက္ပိုတဲ့ ရလဒ္တစ္ခုနဲ႔ ပိုၿပီး ထိုက္တန္ခဲ့တာပါ။ ဒါက ခက္ခဲတဲ့ ပြဲစဥ္တစ္ပြဲ ျဖစ္ခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ ကြၽန္ေတာ္တို႔က ေနာက္ထပ္ ပြဲေကာင္း တစ္ပြဲအတြက္ ျပင္ဆင္ ရေတာ့မွာပါ ” လို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။

Unicode

ယူနိုက်တက် ဂိုးသမား ဒီဂီယာ ကတော့ ယမန်နေ့ည ၁၁နာရီမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းဟာ ပြိုင်ဘက် အသင်းထက် ပိုပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိကြောင်း ပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ အိုးထရက်ဖို့ဒ်ကွင်း ထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ မန်ယူအသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ကြပြီး နှစ်သင်းစလုံးဟာ တစ်ဖက်အသင်းကို အသာစီး ရရှိအောင် ကစားဖို့ထက် အမှားမရှိရေးကိုသာ ဦးတည် ကစားခဲ့တာကြောင့် ပွဲဟာ ထင်ထားတာထက် ပိုမို ငြိမ်သက်ခဲ့တဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ခဲ့ပါတယ်။

အိမ်ကွင်းပွဲ ဖြစ်လို့ ယူနိုက်တက်ဟာ ပွဲချိန် တော်တော်များများမှာ ချယ်ဆီးအသင်းဘက် ကို ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ချယ်ဆီးအသင်းရဲ့ ဂိုးသမားသစ် မန်ဒီရဲ့ လက်စွမ်း ပြမှုတွေကြောင့် ဦးဆောင်ဂိုး ရရှိနိုင်မယ့် အခွင့်အရေးနဲ့ ရုန်းကန် ခဲ့ရပါတယ်။

ချယ်ဆီးအသင်းရဲ့ အသစ်စက်စက် ဂိုးသမား တစ်ဦးဖြစ်တဲ့ မန်ဒီ ကတော့ ဒီနေ့ပွဲမှာ သူဟာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာနဲ့ ထိုက်တန်သူ ဖြစ်ကြောင်း သက်သေပြသွားပြီး မန်ယူအသင်းရဲ့ ဂိုးရရှိနိုင်တဲ့ အပိုင်အခွင့်အရေး ၃ကြိမ်ကို ကာကွယ် သွားနိုင်ခဲ့ပါတယ်။

ညက ပွဲပြီး အင်တာဗျူးမှာတော့ ဒီဂီယာက သူတို့အသင်းဟာ ချယ်ဆီးအသင်းထက် ပိုပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်မှု ရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ်။

ဒီဂီယာက ” ကျွန်တော့် အတွက်တော့ ယူနိုက်တက်က ပွဲကို အနိုင်ရရှိဖို့ လုံလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ကြတယ် လို့ ထင်ပါတယ်။ ဒါက အသင်းကောင်း တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲကျပ် တစ်ပွဲပါ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီထက် ပိုတဲ့ အရာနဲ့ ထိုက်တန်မှု ရှိတယ် လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ် ၊ သုံးကြိမ်လောက် ရခဲ့ပါတယ်။ အထူးသဖြင့် ရက်ဖို့ဒ်နဲ့ သက်ဆိုင်တဲ့ အရာတွေပေါ့။

ဒါပေမယ့် တစ်ဖက် ဂိုးသမားက အားလုံးကို ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ဒါက အဆင်ပြေပါတယ်။ ကျွန်တော် အရှေ့မှာ ပြောခဲ့သလိုပဲပေါ့။ ကျွန်တော်တို့ဟာ ဒီထက်ပိုတဲ့ ရလဒ်တစ်ခုနဲ့ ပိုပြီး ထိုက်တန်ခဲ့တာပါ။ ဒါက ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့က နောက်ထပ် ပွဲကောင်း တစ်ပွဲအတွက် ပြင်ဆင် ရတော့မှာပါ ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။