ပြဲေကာင္းမွာ အရန္ခံု ေရာက္ေနတဲ့ ေပါ့ဘာ ထြက္သြားသင့္ျပီလို႔ ေပါအင့္ တိုက္တြန္း ေျပာဆို
မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားေဟာင္း ေပါလ္အင့္စ္က မန္ခ်က္စတာယူႏိုက္တက္ဟာ စေနေန႔မွာ ခ်ယ္ဆီးအသင္းနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲျပီးေနာက္ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေရာင္းထုတ္သင့္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
ျပင္သစ္လက္ေ႐ြးစင္ၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ဆုံးပြဲစဥ္ ၃ ပြဲကို အရန္ခုံကေန ဝင္ကစားခဲ့သူျဖစ္ၿပီး ခ်ယ္ဆီးနဲ႔ပြဲမွာလည္း ကာဗာနီနဲ႔အတူ ဒုတိယပိုင္းမွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ေပါလ္အင့္စ္က ေပါ့ဂ္ဘာဟာ ခ်ယ္ဆီးအသင္းနဲ႔ပြဲစဥ္အတြက္ ယူႏိုက္တက္ကြင္းလယ္မွာ မက္ေတာ္မီေနး သို႔မဟုတ္ ဖရက္ဒ္တို႔ထက္ ပြဲထြက္ကစားခြင့္ ရသင့္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။
အိုးထရက္ဖို႔ဒ္မွာ ၂၈၁ ပြဲအထိ ပါဝင္ကစားေပးခဲ့တဲ့ ယူႏိုက္တက္ ကြင္းလယ္ကစားသမားေဟာင္း ေပါလ္အင့္စ္က ေပါ့ဂ္ဘာအေနနဲ႔ လက္ရွိအခ်ိန္မွာ ရီးရဲမက္ဒရစ္အသင္းကို ေျပာင္းေ႐ႊ႕ခြင့္ ရသင့္ၿပီလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ေပါ့ဘာက ကြင္းထဲမွာ ရွိေနသင့္တယ္။ ဒီပြဲက ပြဲႀကီးပြဲေကာင္းပါ။ အရန္ခုံမွာထိုင္ၿပီး သူ႔ေနရာမွာ မက္ေတာ္မီေနးနဲ႔ ဖရက္ဒ္တို႔ ကစားတာကို ၾကည့္ေနရတဲ့သူ႔ေနရာမွာဆိုရင္ ကြၽန္ေတာ္ ေျပာမိမွာက ‘ငါေတာ့ ဒီအသင္းထဲမွာ ဝင္မကစားႏိုင္ဘူးဆိုရင္ တစ္စုံတရာ မွားလုပ္မိေနတာျဖစ္ရမယ္’ဆိုတာပါပဲ”
“သူ႔မွာ ဒဏ္ရာရခဲ့တယ္ဆိုတာ ကြၽန္ေတာ္ သိၿပီး သူ႔ကို နည္းနည္း ေနာက္က်မွ ကြင္းထဲေခၚဖို႔ ႀကိဳးပမ္းလိမ့္မယ္ဆိုတာလည္း သိပါတယ္။ ဒါေပမယ့္ အသင္းေျပာင္းဖို႔ အခ်ိန္က်ၿပီလို႔ ထင္တယ္။ သူ ေနာက္ဆုံး ၂ ပတ္မွာ ရီးရဲမက္ဒရစ္ကို ေျပာင္းေ႐ႊ႕ခ်င္ေနလို႔ ေျပာခဲ့တယ္။ သူ ဒီကို ေရာက္ခဲ့တဲ့အခ်ိန္ကတည္းက သူ႔ရဲ႕စြမ္းေဆာင္ရည္က မတည္ၿငိမ္ခဲ့ဘူးလို႔ ထင္တယ္။
တကယ္ေတာ့ ေပါလ္ေပါ့ဘာက ကမာၻ႔ အဆင့္ကစားသမားျဖစ္ၿပီး သူ အိုးထရက္ဖို႔္ဒ္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ထင္ခဲ့မိတာက အရမ္းေကာင္းတယ္လို႔ပါ။ ဒါေပမယ့္ သူလုပ္ခဲ့သမွ်ေတြ အားလုံးက ျပႆနာေတြပဲျဖစ္ခဲ့တယ္။ ပရိသတ္ေတြက သူ႔ကို ဆန္႔က်င္ခဲ့ၾကတယ္။
အခု ဘ႐ူႏိုဖာနန္ဒက္စ္ ေရာက္လာၿပီး မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမားျဖစ္ဖို ဘာလုပ္ဖို႔ လိုလဲဆိုတာ ျပသခဲ့တယ္။ ဘရူနို က ေျခစြမ္းတည္တည္ၿငိမ္ၿငိမ္နဲ႔ စြမ္းေဆာင္ျပႏိုင္ခဲ့ၿပီး ေပါ့ဘာကေတာ့ အဲဒီလိုမလုပ္ႏိုင္ခဲ့ဘူး။ အဲဒါေၾကာင့္လည္း သူ အရန္ခုံတန္း ေရာက္ေနရတာပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
Unicode
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ပေါလ်အင့်စ်က မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့မှာ ချယ်ဆီးအသင်းနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲပြီးနောက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ရောင်းထုတ်သင့်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ဆုံးပွဲစဉ် ၃ ပွဲကို အရန်ခုံကနေ ဝင်ကစားခဲ့သူဖြစ်ပြီး ချယ်ဆီးနဲ့ပွဲမှာလည်း ကာဗာနီနဲ့အတူ ဒုတိယပိုင်းမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပေါလ်အင့်စ်က ပေါ့ဂ်ဘာဟာ ချယ်ဆီးအသင်းနဲ့ပွဲစဉ်အတွက် ယူနိုက်တက်ကွင်းလယ်မှာ မက်တော်မီနေး သို့မဟုတ် ဖရက်ဒ်တို့ထက် ပွဲထွက်ကစားခွင့် ရသင့်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။
အိုးထရက်ဖို့ဒ်မှာ ၂၈၁ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်ကစားသမားဟောင်း ပေါလ်အင့်စ်က ပေါ့ဂ်ဘာအနေနဲ့ လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခွင့် ရသင့်ပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ပေါ့ဘာက ကွင်းထဲမှာ ရှိနေသင့်တယ်။ ဒီပွဲက ပွဲကြီးပွဲကောင်းပါ။ အရန်ခုံမှာထိုင်ပြီး သူ့နေရာမှာ မက်တော်မီနေးနဲ့ ဖရက်ဒ်တို့ ကစားတာကို ကြည့်နေရတဲ့သူ့နေရာမှာဆိုရင် ကျွန်တော် ပြောမိမှာက ‘ငါတော့ ဒီအသင်းထဲမှာ ဝင်မကစားနိုင်ဘူးဆိုရင် တစ်စုံတရာ မှားလုပ်မိနေတာဖြစ်ရမယ်’ဆိုတာပါပဲ”
“သူ့မှာ ဒဏ်ရာရခဲ့တယ်ဆိုတာ ကျွန်တော် သိပြီး သူ့ကို နည်းနည်း နောက်ကျမှ ကွင်းထဲခေါ်ဖို့ ကြိုးပမ်းလိမ့်မယ်ဆိုတာလည်း သိပါတယ်။ ဒါပေမယ့် အသင်းပြောင်းဖို့ အချိန်ကျပြီလို့ ထင်တယ်။ သူ နောက်ဆုံး ၂ ပတ်မှာ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ချင်နေလို့ ပြောခဲ့တယ်။ သူ ဒီကို ရောက်ခဲ့တဲ့အချိန်ကတည်းက သူ့ရဲ့စွမ်းဆောင်ရည်က မတည်ငြိမ်ခဲ့ဘူးလို့ ထင်တယ်။
တကယ်တော့ ပေါလ်ပေါ့ဘာက ကမ္ဘာ့ အဆင့်ကစားသမားဖြစ်ပြီး သူ အိုးထရက်ဖို့်ဒ်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်မှာ ကျွန်တော် ထင်ခဲ့မိတာက အရမ်းကောင်းတယ်လို့ပါ။ ဒါပေမယ့် သူလုပ်ခဲ့သမျှတွေ အားလုံးက ပြဿနာတွေပဲဖြစ်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို ဆန့်ကျင်ခဲ့ကြတယ်။
အခု ဘရူနိုဖာနန်ဒက်စ် ရောက်လာပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမားဖြစ်ဖို ဘာလုပ်ဖို့ လိုလဲဆိုတာ ပြသခဲ့တယ်။ ဘရူနို က ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ စွမ်းဆောင်ပြနိုင်ခဲ့ပြီး ပေါ့ဘာကတော့ အဲဒီလိုမလုပ်နိုင်ခဲ့ဘူး။ အဲဒါကြောင့်လည်း သူ အရန်ခုံတန်း ရောက်နေရတာပဲ”လို့ ပြောကြားခဲ့ပါတယ်။