ပြဲထုတ္ေပမယ့္ ေျခစြမ္းမျပနုိင္ခဲ့တဲ့ ဂ်ိမ္းစ္ဘက္က ယူနိုက္တက္နည္းျပ ဆိုးရွား ကာကြယ္ေျပာဆို
မန္ခ်က္စတာယူႏိုက္တက္ အသင္းရဲ႕နည္းျပ အိုလီဂန္နာဆိုးလ္ရွားဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေျခစြမ္းမျပႏိုင္ခဲ့လို႔ ပြဲခ်ိန္ ၅၇ မိနစ္မွာ လူစားလဲခဲ့ရတဲ့ တိုက္စစ္ကစားသမား ဒန္နီရယ္ဂ်ိမ္းစ္ကို ေထာက္ခံသြားခဲ့ပါတယ္။ ခ်ဲလ္ဆီးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ စေနေန႔ အိမ္ကြင္းပြဲစဥ္ရဲ႕ ပြဲထြက္လူစာရင္းမွာ နည္းျပဆိုးလ္ရွားက နယူးကာဆယ္နဲ႔ပြဲတုန္းကလို ေျခစြမ္းမ်ိဳးကို ေမွ်ာ္လင့္ၿပီး ဂ်ိမ္းစ္ကို အံ့အားသင့္ဖြယ္ ပြဲထုတ္လာခဲ့ပါတယ္။
ခ်ဲလ္ဆီးနဲ႔ပြဲမတိုင္ခင္ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ပြဲစဥ္တုန္းကေတာ့ ေဝးလ္သားရဲ႕ ေျခစြမ္းက ေတာ္ေတာ္ေလး ေကာင္းမြန္ခဲ့ေပမယ့္ ခ်ဲလ္ဆီးနဲ႔ပြဲစဥ္မွာေတာ့ ဘယ္ေတာင္ပံမွာ ေတာ္ေတာ္ေလး ႐ုန္းကန္ခဲ့ရပါတယ္။ ဂိုးေပါက္ၿခိမ္းေျခာက္မႈလည္း တစ္ႀကိမ္မွ မလုပ္ႏိုင္ခဲ့တာေၾကာင့္ ပြဲခ်ိန္ မိနစ္ ၆၀ ဝန္းက်င္းမွာ အက္ဒီဆင္ကာဗာနီနဲ႔ လူစားလဲခဲ့ရပါတယ္။
စိတ္ပ်က္စရာေျခစြမ္းမ်ိဳးျပသခဲ့ေပမယ့္လည္း “နည္းျပဆိုးလ္ရွားကေတာ့ ေဝးလ္လက္ေ႐ြးစင္ ဘက္ကေန ကာကြယ္ေျပာေပးခဲ့ပါတယ္။ ဆိုးလ္ရွားက ဒန္က ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈအရမ္းျမင့္တဲ့သူပါ သူကက်န္တဲ့ အသင္းသားေတြလိုမ်ိဳးပဲ ပြဲထြက္လူစာရင္းမွာ ပါဝင္ႏိုင္စြမ္းရွိတဲ့ အရည္အေသြးမ်ိဳး ပိုင္ဆိုင္ထားပါတယ္။ ခ်ဲလ္ဆီးနဲ႔ပြဲက အေကာင္းဆုံး ကစားသမားေတြထဲမွာလည္း သူပါပါတယ္။ သူကအၿမဲတမ္းႀကိဳးစားေနတဲ့သူျဖစ္လို႔ ဆက္ၿပီး တိုးတက္လာဦးမယ့္သူပါ။ ဒန္က အသင္းရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တစ္ေယာက္ပါ၊ သူ႔ကို ပိုေကာင္းလာေအာင္ ပ်ိဳးေထာင္ေပးသြားဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။
ယူႏိုက္တက္မွာ ႐ုန္းကန္ေနရတာ ဂ်ိမ္းစ္တစ္ေယာက္တည္းေတာ့ မဟုတ္ပါဘူး။ ယူႏိုက္တက္ဟာ ဒီရာသီမွာ အိုးလ္ထရက္ဖို႔ဒ္ကစားတဲ့ ပြဲတိုင္းကို အႏိုင္မရရွိေသးပဲ ၂ ပြဲရႈံး ၁ ပြဲသေရ ရလဒ္ကို ပိုင္ဆိုင္ထားပါတယ္။ ဗုဒၵဟူးေန႔က်ရင္လည္း လိုက္ပ္ဇစ္အသင္းကို ရင္ဆိုင္ရမွာျဖစ္ၿပီး ပိတ္ရက္မွာေတာ့ အာဆင္နယ္အသင္းနဲ႔ ပြဲႀကီးပြဲေကာင္း ကစားဖို႔ရွိေနပါတယ္။
နည္းျပဆိုးလ္ရွားက “ကြၽန္ေတာ္တို႔ ခက္ခဲတဲ့ ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္ရဦးမွာပါ။ အဲ့ဒါအမွန္တရားပါပဲ။ လိုက္ပ္ဇစ္နဲ႔ ခ်န္ပီယံလိဂ္မွာေတြ႕မယ္ ၿပီးရင္ အာဆင္နယ္နဲ႔ ႏွစ္ပြဲစလုံးက ပြဲႀကီးပြဲေကာင္းေတြပဲ။ ခက္လဲခက္တယ္၊ ဒါေပမယ့္ အဲ့ဒီပြဲေတြအတြက္ အဆင္သင့္ ျပင္ဆင္ထားပါတယ္။ ႀကိဳတင္ျပင္ဆင္မႈေတြကို အၿမဲတမ္း အေကာင္းဆုံး ျပဳလုပ္ထားတာေၾကာင့္ ကြၽန္ေတာ္တို႔ဘယ္ေနရာအထိ သြားႏိုင္မလဲ ၾကည့္ၾကတာေပါ့ ” လို႔ ေျပာခဲ့ပါတယ္။
ဂ်ိမ္းစ္ဟာ ၿပီးခဲ့တဲ့ရာသီ အစေလာက္မွာ ဆြမ္ဆီးအသင္းကေန ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ပထမဆုံး ၄ ပြဲမွာတင္ ၃ ဂိုးသြင္းယူခဲ့ၿပီးေနာက္မွ ပထမအသင္းရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ပုံမွန္ေနရာ ရရွိလာခဲ့ပါတယ္။ ဒါေပမယ့္ တစ္ျဖည္းျဖည္းနဲ႔ ေျခစြမ္းက်ဆင္းလာခဲ့ၿပီး ေလာ့ခ္ေဒါင္းၿပီးဆုံးခ်ိန္မွာ လိဂ္ပြဲတစ္ပြဲသာ ပြဲထြက္ခြင့္ရခဲ့ၿပီး ဒီရာသီမွာလည္း ပြဲထြက္ ၁၁ ေယာက္စာရင္းမွာ ပါဝင္ႏိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။
Unicode
မန်ချက်စတာယူနိုက်တက် အသင်းရဲ့နည်းပြ အိုလီဂန်နာဆိုးလ်ရှားဟာ ချဲလ်ဆီးနဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ပွဲချိန် ၅၇ မိနစ်မှာ လူစားလဲခဲ့ရတဲ့ တိုက်စစ်ကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို ထောက်ခံသွားခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ စနေနေ့ အိမ်ကွင်းပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ နည်းပြဆိုးလ်ရှားက နယူးကာဆယ်နဲ့ပွဲတုန်းကလို ခြေစွမ်းမျိုးကို မျှော်လင့်ပြီး ဂျိမ်းစ်ကို အံ့အားသင့်ဖွယ် ပွဲထုတ်လာခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် စိန့်ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ပွဲစဉ်တုန်းကတော့ ဝေးလ်သားရဲ့ ခြေစွမ်းက တော်တော်လေး ကောင်းမွန်ခဲ့ပေမယ့် ချဲလ်ဆီးနဲ့ပွဲစဉ်မှာတော့ ဘယ်တောင်ပံမှာ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုလည်း တစ်ကြိမ်မှ မလုပ်နိုင်ခဲ့တာကြောင့် ပွဲချိန် မိနစ် ၆၀ ဝန်းကျင်းမှာ အက်ဒီဆင်ကာဗာနီနဲ့ လူစားလဲခဲ့ရပါတယ်။
စိတ်ပျက်စရာခြေစွမ်းမျိုးပြသခဲ့ပေမယ့်လည်း “နည်းပြဆိုးလ်ရှားကတော့ ဝေးလ်လက်ရွေးစင် ဘက်ကနေ ကာကွယ်ပြောပေးခဲ့ပါတယ်။ ဆိုးလ်ရှားက ဒန်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအရမ်းမြင့်တဲ့သူပါ သူကကျန်တဲ့ အသင်းသားတွေလိုမျိုးပဲ ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်စွမ်းရှိတဲ့ အရည်အသွေးမျိုး ပိုင်ဆိုင်ထားပါတယ်။ ချဲလ်ဆီးနဲ့ပွဲက အကောင်းဆုံး ကစားသမားတွေထဲမှာလည်း သူပါပါတယ်။ သူကအမြဲတမ်းကြိုးစားနေတဲ့သူဖြစ်လို့ ဆက်ပြီး တိုးတက်လာဦးမယ့်သူပါ။ ဒန်က အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ပါ၊ သူ့ကို ပိုကောင်းလာအောင် ပျိုးထောင်ပေးသွားဖို့ မျှော်လင့်ထားပါတယ် ” လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်မှာ ရုန်းကန်နေရတာ ဂျိမ်းစ်တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ယူနိုက်တက်ဟာ ဒီရာသီမှာ အိုးလ်ထရက်ဖို့ဒ်ကစားတဲ့ ပွဲတိုင်းကို အနိုင်မရရှိသေးပဲ ၂ ပွဲရှုံး ၁ ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဗုဒ္ဒဟူးနေ့ကျရင်လည်း လိုက်ပ်ဇစ်အသင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး ပိတ်ရက်မှာတော့ အာဆင်နယ်အသင်းနဲ့ ပွဲကြီးပွဲကောင်း ကစားဖို့ရှိနေပါတယ်။
နည်းပြဆိုးလ်ရှားက “ကျွန်တော်တို့ ခက်ခဲတဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဦးမှာပါ။ အဲ့ဒါအမှန်တရားပါပဲ။ လိုက်ပ်ဇစ်နဲ့ ချန်ပီယံလိဂ်မှာတွေ့မယ် ပြီးရင် အာဆင်နယ်နဲ့ နှစ်ပွဲစလုံးက ပွဲကြီးပွဲကောင်းတွေပဲ။ ခက်လဲခက်တယ်၊ ဒါပေမယ့် အဲ့ဒီပွဲတွေအတွက် အဆင်သင့် ပြင်ဆင်ထားပါတယ်။ ကြိုတင်ပြင်ဆင်မှုတွေကို အမြဲတမ်း အကောင်းဆုံး ပြုလုပ်ထားတာကြောင့် ကျွန်တော်တို့ဘယ်နေရာအထိ သွားနိုင်မလဲ ကြည့်ကြတာပေါ့ ” လို့ ပြောခဲ့ပါတယ်။
ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ရာသီ အစလောက်မှာ ဆွမ်ဆီးအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံး ၄ ပွဲမှာတင် ၃ ဂိုးသွင်းယူခဲ့ပြီးနောက်မှ ပထမအသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပုံမှန်နေရာ ရရှိလာခဲ့ပါတယ်။ ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ခြေစွမ်းကျဆင်းလာခဲ့ပြီး လော့ခ်ဒေါင်းပြီးဆုံးချိန်မှာ လိဂ်ပွဲတစ်ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး ဒီရာသီမှာလည်း ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဝင်နိုင်ဖို့ ရုန်းကန်နေရပါတယ်။