ေပါ့ဘာ၊ မာတစ္မဟုတ္ဘဲ မွတ္တမ္းေတြက ေဖာ္ျပေနတဲ့ ဖာနန္ဒက္စ္ရဲ႕ ကြင္းလယ္ တြဲဘက္ေကာင္း
ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ ကေတာ့ အသင္းကို ေရာက္ရွိလာတဲ့ အခ်ိန္ထဲက မဆုတ္မနစ္ ႀကိဳးစားတက္တဲ့ ႀကိဳးစားအားထုတ္မႈေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ အသင္း ပရိတ္သတ္ေတြရဲ႕အခ်စ္ေတာ္ ကစားသမားလည္းျဖစ္ခဲ့ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ ဟာ မန္ခ်က္စတာယူႏိုက္တက္ အသင္းအတြက္ ႏိုင္ပြဲေတြရရွိေအာင္ အေကာင္းဆုံးကစားေပးေနတာျဖစ္ၿပီး နည္းျပဆိုးလ္ရွား က သူ႔ကို မာတစ္၊ ေပါ့ဘာ တို႔ အတြဲနဲ႔ ဖရက္၊ ေတာ္မီေနး တို႔ အတြဲေတြနဲ႔ တြဲဖက္ၿပီး အသုံးျပဳခဲ့တာျဖစ္ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ ဟာ ဖရက္၊ေတာ္မီေနး တို႔နဲ႔ တြဲဖက္ကစားရင္ အသင္းဟာ ရလဒ္ပိုေကာင္းတယ္လို႔ အခ်က္အလက္ေတြ က ေဖာ္ျပထားပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္၊ ဖရက္နဲ႔ ေတာ္မီေနး တို႔ (၃)ဦးဟာ ၿပိဳင္ပြဲစုံ(၉)ပြဲကို ပြဲစထဲက တြဲဖက္ကစားခြင့္ရခဲ့ၿပီး ဒီ(၉)ပြဲလုံးဟာ ရႈံးပြဲမရွိခဲ့ဘူးလို႔ သိရပါတယ္။ဒီ(၉)ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ (၆)ပြဲႏိုင္ၿပီး (၃)ပြဲသေရက်ခဲ့တာလည္းျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွား ဟာ ႏိုင္ငံတကာပြဲအၿပီး ျပန္ကစားတဲ့ ပရီးမီးယားလိဂ္(၂)ပြဲနဲ႔ ခ်န္ပီယံလိဂ္(၁)ပြဲမွာ သူတို႔ (၃)ဦးကိုသာ တြဲဖက္ၿပီး ပြဲစထဲက အသုံးျပဳေနတာျဖစ္ပါတယ္။ဒီ(၃)ပြဲမွာ မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ (၂)ပြဲႏိုင္ (၁)ပြဲသေရက်ခဲ့ပါတယ္။ဘ႐ူႏိုဖာနန္ဒက္စ္ ဟာ သူတို႔(၂)ဦးနဲ႔ တြဲဖက္ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ္ (၄)ပြဲနဲ႔ အျခားသူေတြနဲ႔ တြဲဖက္ကစားရတဲ့ ပြဲေတြမွာ စြမ္းေဆာင္ရည္ကလည္းကြာျခားခဲ့တယ္လို႔ Sky Sports က ေဖာ္ျပခဲ့ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အခုၾကားရက္မွာ လိုက္ပ္ဇစ္ အသင္းနဲ႔ ခ်န္ပီယံလိဂ္ ၊ အာဆင္နယ္ အသင္းနဲ႔ ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ကစားဖို႔ ရွိေနတာေၾကာင့္ ကစားသမား အလွည့္အေျပာင္းေတြ အသုံးျပဳဖို႔ရွိလာမွာျဖစ္ပါတယ္။
မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ အခုႏွစ္ရာသီ ၿပိဳင္ပြဲစုံ(၈)ပြဲကစားထားအၿပီးမွာ (၅)ပြဲႏိုင္ (၁)ပြဲသေရ (၂)ပြဲရႈံးနိမ့္ထားတာျဖစ္ပါတယ္။
Unicode
ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ် ကတော့ အသင်းကို ရောက်ရှိလာတဲ့ အချိန်ထဲက မဆုတ်မနစ် ကြိုးစားတက်တဲ့ ကြိုးစားအားထုတ်မှုကြောင့် မန်ချက်စတာယူနိုက်တက် အသင်း ပရိတ်သတ်တွေရဲ့အချစ်တော် ကစားသမားလည်းဖြစ်ခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းအတွက် နိုင်ပွဲတွေရရှိအောင် အကောင်းဆုံးကစားပေးနေတာဖြစ်ပြီး နည်းပြဆိုးလ်ရှား က သူ့ကို မာတစ်၊ပေါ့ဘာ တို့ အတွဲနဲ့ ဖရက်၊တော်မီနေး တို့ အတွဲတွေနဲ့ တွဲဖက်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။
ဘရူနိုဖာနန်ဒက်စ် ဟာ ဖရက်၊တော်မီနေး တို့နဲ့ တွဲဖက်ကစားရင် အသင်းဟာ ရလဒ်ပိုကောင်းတယ်လို့ အချက်အလက်တွေ က ဖော်ပြထားပါတယ်။ဘရူနိုဖာနန်ဒက်စ်၊ ဖရက်နဲ့ တော်မီနေး တို့ (၃)ဦးဟာ ပြိုင်ပွဲစုံ(၉)ပွဲကို ပွဲစထဲက တွဲဖက်ကစားခွင့်ရခဲ့ပြီး ဒီ(၉)ပွဲလုံးဟာ ရှုံးပွဲမရှိခဲ့ဘူးလို့ သိရပါတယ်။ဒီ(၉)ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ (၆)ပွဲနိုင်ပြီး (၃)ပွဲသရေကျခဲ့တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား ဟာ နိုင်ငံတကာပွဲအပြီး ပြန်ကစားတဲ့ ပရီးမီးယားလိဂ်(၂)ပွဲနဲ့ ချန်ပီယံလိဂ်(၁)ပွဲမှာ သူတို့ (၃)ဦးကိုသာ တွဲဖက်ပြီး ပွဲစထဲက အသုံးပြုနေတာဖြစ်ပါတယ်။ဒီ(၃)ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ (၂)ပွဲနိုင် (၁)ပွဲသရေကျခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ် ဟာ သူတို့(၂)ဦးနဲ့ တွဲဖက်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ် (၄)ပွဲနဲ့ အခြားသူတွေနဲ့ တွဲဖက်ကစားရတဲ့ ပွဲတွေမှာ စွမ်းဆောင်ရည်ကလည်းကွာခြားခဲ့တယ်လို့ Sky Sports က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုကြားရက်မှာ လိုက်ပ်ဇစ် အသင်းနဲ့ ချန်ပီယံလိဂ် ၊ အာဆင်နယ် အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ကစားဖို့ ရှိနေတာကြောင့် ကစားသမား အလှည့်အပြောင်းတွေ အသုံးပြုဖို့ရှိလာမှာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အခုနှစ်ရာသီ ပြိုင်ပွဲစုံ(၈)ပွဲကစားထားအပြီးမှာ (၅)ပွဲနိုင် (၁)ပွဲသရေ (၂)ပွဲရှုံးနိမ့်ထားတာဖြစ်ပါတယ်။