ယူနိုက္တက္ကို ရွံဳးေၾကြး ျပန္ဆပ္ဖို႔ အသင့္ပဲလို႔ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ဘတ္ပီ ေၾကြးေၾကာ္
ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းဟာ အံ့အားသင့္ဖြယ္ေကာင္းစြာနဲ႔ အိမ္ကြင္းမွာ မန္ခ်က္စတာယူႏိုက္တက္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီဟာ စိတ္ပ်က္စရာကစားပုံေၾကာင့္ ေဝဖန္မႈေတြခံခဲ့ရေပမယ့္လည္း ရႈံးေႂကြးျပန္ဆပ္ဖို႔အတြက္ အဆင္သင့္ျဖစ္ေနၿပီလို႔ ဘတ္ပီက ႀကဳံးဝါးခဲ့တာျဖစ္ပါတယ္။
“အုပ္စုအဆင့္ပထမဆုံးပြဲကိုရႈံးတာ ဒါက ပထမအႀကိမ္မဟုတ္ပါဘူး။ ဘယ္လိုတုံ႔ျပန္ရမလဲဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္။ ပြဲေတြက လ်င္လ်င္ျမန္ျမန္ၿပီးသြားခဲ့ၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ အသင္းအတြက္ ဂုဏ္ယူရဖို႔ အစၥတန္ဘူလ္မွာ ႏိုင္ပြဲရေအာင္ ႀကိဳးစားသြားမွာပါ။ ပြဲအားလုံးက အေရးႀကီးပါတယ္။ ဒါေပမယ့္ ၃ ရက္တိုင္း တစ္ပြဲကစားရတဲ့အခါ ၿပိဳင္ပြဲႀကီးျဖစ္ေနရင္ ပိုၿပီးေတာ့ခက္ခဲပါတယ္”
ရာသီအစဟာ ဒဏ္ရာျပႆနာေတြ၊ ကိုဗစ္-၁၉ ေရာဂါပိုးကူးစက္မႈေတြ ခံခဲ့ရတဲ့ ပီအက္စ္ဂ်ီအတြက္ စိန္ေခၚမႈႀကီးမားခဲ့သလို ခက္ခဲခဲ့ေၾကာင္း ဘတ္ပီက ဝန္ခံေျပာၾကားသြားခဲ့ပါတယ္။
“႐ုပ္ပိုင္းဆိုင္ပိုင္အရ ရာသီအစက ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္တို႔မွာျပင္ဆင္ခ်ိန္မရွိခဲ့ပါဘူး။ ဩဂုတ္လကုန္မွာဖိုင္နယ္ပြဲကေန ျပန္လာခဲ့ၿပီးေတာ့ ႏိုင္ငံပြဲေတြ ကစားရတယ္။ တျခား လူေတြလည္း ကိုဗစ္ကူးခံခဲ့ရတယ္။ တကယ့္ကို ခက္ခဲတဲ့ႏွစ္ပါပဲ။ ရာသီသစ္မဟုတ္ပဲ မႏွစ္က ရာသီကို ဆက္ကစားေနရသလိုခံစားရပါတယ္”
“ကြၽန္ေတာ္တို႔ ရာသီရဲ႕ ပြဲ ၆ဝေျမာက္ ပြဲစဥ္ကို ကစားေနရပါတယ္။ ရာသီသစ္ရဲ႕ ၉ ပြဲေျမာက္ ပြဲစဥ္မဟုတ္ပါဘူး။ ပုံမွန္ဆိုရင္ ခ်န္ပီယံလိဂ္ဖိုင္နယ္ၿပီးရင္ ရႈံးရႈံးႏိုင္ႏိုင္ အားလပ္ရက္ ရတယ္။ ဒါမွမဟုတ္ ႏိုင္ငံပြဲၿပီးရင္ အားလပ္ရက္ေပါ့။ ဘာပဲျဖစ္ျဖစ္ အနားယူရတာပါပဲ။ အားျပန္ျဖည့္ရတယ္ေလ။ ဒါမွ ရာသီသစ္အတြက္ ေကာင္းေကာင္းျပင္ဆင္ႏိုင္မွာပါ။ အခု ကြၽန္ေတာ္တို႔က ဖိုင္နယ္မွာ ရႈံးၿပီးျပန္လာကတည္းက တစ္ပြဲၿပီးတစ္ပြဲ ဆက္ကစားခဲ့ရတယ္။
ကြၽန္ေတာ္ကေတာ့ ေဘာလံုး ကစားရတာကို သေဘာက်တယ္။ ေဘာလုံးအားကစားကိုခ်စ္တယ္။ ကြင္းထဲမွာ ေနရတာကိုေပ်ာ္တာေၾကာင့္ ဘယ္ေလာက္ကစားရပါေစ ေစာဒက တက္မွာ မဟုတ္ပါဘူး။ အခုေျပာေနတာက ေစာဒက တက္ေနတာမဟုတ္ပဲ အေျခအေနကို ရွင္းျပေနတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
Unicode
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ စိတ်ပျက်စရာကစားပုံကြောင့် ဝေဖန်မှုတွေခံခဲ့ရပေမယ့်လည်း ရှုံးကြွေးပြန်ဆပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဘတ်ပီက ကြုံးဝါးခဲ့တာဖြစ်ပါတယ်။
“အုပ်စုအဆင့်ပထမဆုံးပွဲကိုရှုံးတာ ဒါက ပထမအကြိမ်မဟုတ်ပါဘူး။ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ပွဲတွေက လျင်လျင်မြန်မြန်ပြီးသွားခဲ့ပြီး ကျွန်တော်တို့အနေနဲ့ အသင်းအတွက် ဂုဏ်ယူရဖို့ အစ္စတန်ဘူလ်မှာ နိုင်ပွဲရအောင် ကြိုးစားသွားမှာပါ။ ပွဲအားလုံးက အရေးကြီးပါတယ်။ ဒါပေမယ့် ၃ ရက်တိုင်း တစ်ပွဲကစားရတဲ့အခါ ပြိုင်ပွဲကြီးဖြစ်နေရင် ပိုပြီးတော့ခက်ခဲပါတယ်”
ရာသီအစဟာ ဒဏ်ရာပြဿနာတွေ၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေ ခံခဲ့ရတဲ့ ပီအက်စ်ဂျီအတွက် စိန်ခေါ်မှုကြီးမားခဲ့သလို ခက်ခဲခဲ့ကြောင်း ဘတ်ပီက ဝန်ခံပြောကြားသွားခဲ့ပါတယ်။
“ရုပ်ပိုင်းဆိုင်ပိုင်အရ ရာသီအစက ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့မှာပြင်ဆင်ချိန်မရှိခဲ့ပါဘူး။ ဩဂုတ်လကုန်မှာဖိုင်နယ်ပွဲကနေ ပြန်လာခဲ့ပြီးတော့ နိုင်ငံပွဲတွေ ကစားရတယ်။ တခြား လူတွေလည်း ကိုဗစ်ကူးခံခဲ့ရတယ်။ တကယ့်ကို ခက်ခဲတဲ့နှစ်ပါပဲ။ ရာသီသစ်မဟုတ်ပဲ မနှစ်က ရာသီကို ဆက်ကစားနေရသလိုခံစားရပါတယ်”
“ကျွန်တော်တို့ ရာသီရဲ့ ပွဲ ၆ဝမြောက် ပွဲစဉ်ကို ကစားနေရပါတယ်။ ရာသီသစ်ရဲ့ ၉ ပွဲမြောက် ပွဲစဉ်မဟုတ်ပါဘူး။ ပုံမှန်ဆိုရင် ချန်ပီယံလိဂ်ဖိုင်နယ်ပြီးရင် ရှုံးရှုံးနိုင်နိုင် အားလပ်ရက် ရတယ်။ ဒါမှမဟုတ် နိုင်ငံပွဲပြီးရင် အားလပ်ရက်ပေါ့။ ဘာပဲဖြစ်ဖြစ် အနားယူရတာပါပဲ။ အားပြန်ဖြည့်ရတယ်လေ။ ဒါမှ ရာသီသစ်အတွက် ကောင်းကောင်းပြင်ဆင်နိုင်မှာပါ။ အခု ကျွန်တော်တို့က ဖိုင်နယ်မှာ ရှုံးပြီးပြန်လာကတည်းက တစ်ပွဲပြီးတစ်ပွဲ ဆက်ကစားခဲ့ရတယ်။
ကျွန်တော်ကတော့ ဘောလုံး ကစားရတာကို သဘောကျတယ်။ ဘောလုံးအားကစားကိုချစ်တယ်။ ကွင်းထဲမှာ နေရတာကိုပျော်တာကြောင့် ဘယ်လောက်ကစားရပါစေ စောဒက တက်မှာ မဟုတ်ပါဘူး။ အခုပြောနေတာက စောဒက တက်နေတာမဟုတ်ပဲ အခြေအနေကို ရှင်းပြနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။