ဗန္ဒီဘိခ္ မကစားရလို႔ သိပ္ စိတ္ပူမေနၾကနဲ႕လို႔ ေခၽြးသိပ္လိုက္ျပန္တဲ့ ဆိုးရွား
မန္ခ်က္စတာယူႏိုက္တက္နည္းျပ အိုလီဂန္နာဆိုးလ္ရွားက ဒီရာသီမွာ ဗန္ဒီဘိခ္ကို ေပါင္သန္း ၄၀ နဲ႔ေခၚထားတယ္ဆိုတာ အသင္းရဲ႕ အရမ္း၊ အရမ္းကိုအေရးႀကီးတဲ့ေနရာမွာ ပါဝင္ေနတဲ့သူျဖစ္လို႔ ေခၚထားတာပါဆိုၿပီး ေျပာဆိုခဲ့ပါတယ္။
ကြင္းလယ္ကစားသမားဟာ အသင္းအတြက္ ကစားခြင့္ရခဲ့တဲ့ ၇ ပြဲမွာ ၂ ပြဲသာ ပြဲထြက္လူစာရင္းမွာ ပါဝင္ခြင့္ ရရွိထားၿပီး ႏွစ္ပြဲစလုံးက EFL ဖလားပြဲေတြျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ စေနေန႔က ခ်ဲလ္ဆီးနဲ႔ ဂိုးမရွိ သေရက်ခဲ့တဲ့ ပြဲစဥ္မွာလည္း ပါဝင္ခြင့္ မရရွိခဲ့ပါဘူး။
နည္းျပဆိုးလ္ရွားကေတာ့ “ ကြၽန္ေတာ္တို႔ သူ႔ကိုပြဲတိုင္းအသုံးျပဳဖို႔ မလိုေသးလို႔ မသုံးတာပါ၊ သူ႔မွာ အရည္အခ်င္းေတြ အမ်ားႀကီးရွိတယ္ဆိုတာ ကြၽန္ေတာ္သိပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။ ဗုဒၶဟူးေန႔မွာ ကစားမယ့္ လိုက္ပ္ဇစ္အသင္းနဲ႔ ပြဲစဥ္အတြက္ သတင္းစာရွင္းလင္းပြဲမွာ ေနာ္ေဝသားနည္းျပႀကီးက သူ႔အသင္းဟာ တစ္ပတ္ကို ႏွစ္ပြဲသုံးပြဲကစားေနရတာေၾကာင့္ တစ္သင္းလုံးကို အသုံးျပဳရမွာျဖစ္ေၾကာင္း ေျပာသြားခဲ့ပါတယ္။
ဒါေပမယ့္ ၂၃ ႏွစ္အ႐ြယ္ နယ္သာလန္သားရဲ႕ ပြဲကစားခ်ိန္ နည္းပါးေနမႈနဲ႔ ပက္သက္ၿပီး ေဘာလုံးေဝဖန္သူေတြျဖစ္တဲ့ ပက္ထရစ္အီဗရာ၊ ေဂ်မီကာေရဂါနဲ႔ ဂယ္ရီနဗီးလ္တို႔က အသင္းမွာ အရမ္းေကာင္းတဲ့ ကြင္းလယ္ကစားသမားေတြ ရွိေနတယ္ဆိုရင္လည္း ဘာျဖစ္လို႔ ဗန္ဒီဘိခ္ကို ေခၚေနေသးလဲဆိုၿပီး ေမးခြန္းထုတ္ခဲ့ၾကပါတယ္။
အဲ့ဒါေၾကာင့္ ဆိုးလ္ရွားက “ အခုလိုမ်ိဳး အသင္းကစားသမားေဟာင္းေတြနဲ႔ အစီအစဥ္ တင္ဆက္သူအခ်ိဳ႕က ဒီကိစၥကို စိတ္ဝင္စားေနၾကတာ ေတြ႕ရေတာ့ ဝမ္းသာပါတယ္။ သူတို႔ တြီဗြီမွာပါခြင့္ရတဲ့ အခ်ိန္က တိုတယ္ေလ၊ အဲ့ဒီေတာ့ သူတို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို ျမန္ျမန္ဆန္ဆန္ေျပာၾကရမွာပါပဲ။
ဒါေပမယ့္ တစ္ခုသိထားဖို႔လိုတာက ရာသီအစ ပြဲစဥ္ သုံးပြဲမွာ ပါဝင္ကစားခြင့္ရထားတယ္ဆိုရင္ အဲ့ဒီကစားသမားဟာ အသင္းအတြက္ အေရးႀကီးတဲ့ ကစားသမားပါ။ တစ္ခ်ိဳ႕ေသာ ကြၽန္ေတာ့္အသင္းေဖာ္ေဟာင္းေတြက ဒြန္နီ႔ကို ပြဲထြက္မသုံးတာနဲ႔ ပက္သက္ၿပီး ကြၽန္ေတာ့္ကို မန္ခ်က္စတာယူႏိုက္တက္မွာ အေရးမပါတဲ့ လူတစ္ေယာက္လို ေျပာေနၾကတာေတြကို ေတြ႕ရေတာ့ စိတ္ပ်က္မိတယ္။ ဒြန္နီက ကြၽန္ေတာ္တို႔အတြက္ အရမ္းအရမ္းကို အေရးႀကီးတဲ့ ကစားသမားတစ္ေယာက္ ျဖစ္လို႔ စိတ္မပူၾကပါနဲ႔ေတာ့ ” လို႔ ေျပာခဲ့ပါတယ္။
Unicode
မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားက ဒီရာသီမှာ ဗန်ဒီဘိခ်ကို ပေါင်သန်း ၄၀ နဲ့ခေါ်ထားတယ်ဆိုတာ အသင်းရဲ့ အရမ်း၊ အရမ်းကိုအရေးကြီးတဲ့နေရာမှာ ပါဝင်နေတဲ့သူဖြစ်လို့ ခေါ်ထားတာပါဆိုပြီး ပြောဆိုခဲ့ပါတယ်။
ကွင်းလယ်ကစားသမားဟာ အသင်းအတွက် ကစားခွင့်ရခဲ့တဲ့ ၇ ပွဲမှာ ၂ ပွဲသာ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့် ရရှိထားပြီး နှစ်ပွဲစလုံးက EFL ဖလားပွဲတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ချဲလ်ဆီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ပါဝင်ခွင့် မရရှိခဲ့ပါဘူး။
နည်းပြဆိုးလ်ရှားကတော့ “ ကျွန်တော်တို့ သူ့ကိုပွဲတိုင်းအသုံးပြုဖို့ မလိုသေးလို့ မသုံးတာပါ၊ သူ့မှာ အရည်အချင်းတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်သိပါတယ် ” လို့ ပြောခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် လိုက်ပ်ဇစ်အသင်းနဲ့ ပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲမှာ နော်ဝေသားနည်းပြကြီးက သူ့အသင်းဟာ တစ်ပတ်ကို နှစ်ပွဲသုံးပွဲကစားနေရတာကြောင့် တစ်သင်းလုံးကို အသုံးပြုရမှာဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။
ဒါပေမယ့် ၂၃ နှစ်အရွယ် နယ်သာလန်သားရဲ့ ပွဲကစားချိန် နည်းပါးနေမှုနဲ့ ပက်သက်ပြီး ဘောလုံးဝေဖန်သူတွေဖြစ်တဲ့ ပက်ထရစ်အီဗရာ၊ ဂျေမီကာရေဂါနဲ့ ဂယ်ရီနဗီးလ်တို့က အသင်းမှာ အရမ်းကောင်းတဲ့ ကွင်းလယ်ကစားသမားတွေ ရှိနေတယ်ဆိုရင်လည်း ဘာဖြစ်လို့ ဗန်ဒီဘိခ်ကို ခေါ်နေသေးလဲဆိုပြီး မေးခွန်းထုတ်ခဲ့ကြပါတယ်။
အဲ့ဒါကြောင့် ဆိုးလ်ရှားက “ အခုလိုမျိုး အသင်းကစားသမားဟောင်းတွေနဲ့ အစီအစဉ် တင်ဆက်သူအချို့က ဒီကိစ္စကို စိတ်ဝင်စားနေကြတာ တွေ့ရတော့ ဝမ်းသာပါတယ်။ သူတို့ တွီဗွီမှာပါခွင့်ရတဲ့ အချိန်က တိုတယ်လေ၊ အဲ့ဒီတော့ သူတို့ရဲ့ ထင်မြင်ချက်တွေကို မြန်မြန်ဆန်ဆန်ပြောကြရမှာပါပဲ။
ဒါပေမယ့် တစ်ခုသိထားဖို့လိုတာက ရာသီအစ ပွဲစဉ် သုံးပွဲမှာ ပါဝင်ကစားခွင့်ရထားတယ်ဆိုရင် အဲ့ဒီကစားသမားဟာ အသင်းအတွက် အရေးကြီးတဲ့ ကစားသမားပါ။ တစ်ချို့သော ကျွန်တော့်အသင်းဖော်ဟောင်းတွေက ဒွန်နီ့ကို ပွဲထွက်မသုံးတာနဲ့ ပက်သက်ပြီး ကျွန်တော့်ကို မန်ချက်စတာယူနိုက်တက်မှာ အရေးမပါတဲ့ လူတစ်ယောက်လို ပြောနေကြတာတွေကို တွေ့ရတော့ စိတ်ပျက်မိတယ်။ ဒွန်နီက ကျွန်တော်တို့အတွက် အရမ်းအရမ်းကို အရေးကြီးတဲ့ ကစားသမားတစ်ယောက် ဖြစ်လို့ စိတ်မပူကြပါနဲ့တော့ ” လို့ ပြောခဲ့ပါတယ်။