ယူနိုက္တက္ရဲ႕ ဒီရာသီ ခ်န္ပီယံလိဂ္ အလားအလာကို ဘက္မလိုက္ဘဲ ဖာဒီနန္ သံုးသပ္

မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္ကစားသမားႀကီး ရီယိုဖာဒီနန္ကေတာ့ ၄င္းရဲ႕ အသင္းေဟာင္း ဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ကို လြန္ေျမာက္ႏိုင္မွာျဖစ္ေပမဲ့ ဗိုလ္စြဲေလာက္တဲ့အထိေတာ့ ေရပန္းစားမွာ မဟုတ္ဘူးလို႔ ဘက္မလိုက္ဘဲ ပြင့္ပြင့္လင္းလင္း သုံးသပ္လာခဲ့ပါတယ္။

ဆိုးရွားရဲ႕အသင္းဟာ ပီအက္စ္ဂ်ီအသင္းကို ၿပီးခဲ့တဲ့တစ္ပတ္က အုပ္စုအဖြင့္ပြဲစဥ္မွာ ၁-၂ ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ဒီေန႔မွာေတာ့ ဂ်ာမန္ကလပ္ လိုက္ပ္ဇစ္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာ ျဖစ္ပါတယ္။ လိုက္ပ္ဇစ္ဟာလည္း အုပ္စုအဖြင့္ပြဲစဥ္တုန္းက တူရကီကလပ္ အစၥတန္ဘူလ္ဘာဆာဆီရာအသင္းကို ၂ ဂိုးျပတ္အႏိုင္ကစားထားတဲ့အျပင္ ၿပီးခဲ့တဲ့ရာသီမွာလည္း ဆီမီးဖိုင္နယ္အဆင့္အထိ တက္လွမ္းႏိုင္ခဲ့တဲ့ အသင္းျဖစ္တာေၾကာင့္ ယူႏိုက္တက္တို႔အဖို႔ ေနာက္ထပ္ပြဲၾကပ္တစ္ပြဲနဲ႔ ရင္ဆိုင္ရဖို႔ ရွိေနတာပါ။

အုပ္စုတြင္းမွာ ထိပ္တန္းကလပ္အသင္းေတြနဲ႔ ရင္ဆိုင္ေနရေပမဲ့လည္း ဖာဒီနန္ကေတာ့ မန္ယူႏိုက္တက္ဟာ ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္လိမ့္မယ္လို႔ေတာ့ ယုံၾကည္ေနၿပီး ဗိုလ္စြဲဖို႔အထိေတာ့ ျဖစ္လာႏိုင္ေျခနည္းတယ္လို႔ မွတ္ခ်က္ျပဳလာခဲ့ပါတယ္။

“ကြၽန္ေတာ့္အျမင္မွာေတာ့ မန္ယူႏိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ဖလား ရေလာက္တဲ့အထိေတာ့ ေရပန္းစားလာမယ္ မထင္ပါဘူး။ ကြၽန္ေတာ္လည္း ဒီလိုျဖစ္လာမယ္လို႔ သိပ္မထင္ပါဘူး။ ကြၽန္ေတာ္ အေလးေပးတဲ့ စာရင္းထဲမွာ မန္ယူႏိုက္တက္ မပါပါဘူး။”

“ဒါေပမဲ့လည္း အနည္းဆုံးေတာ့ အုပ္စုအဆင့္ကို သူတို႔ ေက်ာ္ျဖတ္ႏိုင္လိမ့္မယ္လို႔ ကြၽန္‌ေတာ္ ထင္ပါတယ္။ ပီအက္စ္ဂ်ီအသင္းကို အႏိုင္ရခဲ့ၿပီးေနာက္ သူတို႔ဟာ အုပ္စုအဆင့္ကို အေကာင္းဆုံး စတင္ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။”

ဖာဒီနန္က “ဒီလိုမ်ိဳးပဲ ေရွ႕ဆက္သြားႏိုင္ရင္ ပုံမွန္ေျခစြမ္းကို ထိန္းထားႏိုင္ရင္ေတာ့ အမ်ားႀကီး ေမွ်ာ္လင့္လို႔ ရပါတယ္။ ေျခစြမ္းပိုင္းတည္ၿငိမ္မႈက ဒီႏွစ္ရာသီမွာ မန္ယူႏိုက္တက္အတြက္ အဓိကေသာ့ခ်က္ ျဖစ္လာမွာပါ။ အရင္ရာသီကထက္ ပိုေကာင္းတဲ့အဆင့္မ်ိဳးကို ျပသႏိုင္ဖို႔အတြက္ေပါ့။” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

ပက္ဂြာဒီယိုလာရဲ႕ မန္စီးတီးအသင္းဟာလည္း မေန႔ညက ကစားခဲ့တဲ့ ပြဲစဥ္မွာ မာေဆးလ္အသင္းကို အႏိုင္ရခဲ့ၿပီး ရလဒ္ေကာင္းတစ္ခု ရယူထားႏိုင္ခဲ့ေပမဲ့ ဂ်ာမန္ထိပ္တန္းကလပ္ ဘိုင္ယန္ျမဴးနစ္နဲ႔အၿပိဳင္ ခ်န္ပီယံလိဂ္ဖလားကို စိန္ေခၚႏိုင္တဲ့ အဂၤလိပ္အသင္းဟာ လီဗာပူးလ္တစ္သင္းသာ ရွိေနတယ္လို႔ ဖာဒီနန္က ယုံၾကည္ေနပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက် ဂန္ထဝင်ကစားသမားကြီး ရီယိုဖာဒီနန်ကတော့ ၎င်းရဲ့ အသင်းဟောင်း ဟာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကို လွန်မြောက်နိုင်မှာဖြစ်ပေမဲ့ ဗိုလ်စွဲလောက်တဲ့အထိတော့ ရေပန်းစားမှာ မဟုတ်ဘူးလို့ ဘက်မလိုက်ဘဲ ပွင့်ပွင့်လင်းလင်း သုံးသပ်လာခဲ့ပါတယ်။

ဆိုးရှားရဲ့အသင်းဟာ ပီအက်စ်ဂျီအသင်းကို ပြီးခဲ့တဲ့တစ်ပတ်က အုပ်စုအဖွင့်ပွဲစဉ်မှာ ၁-၂ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ဒီနေ့မှာတော့ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်ဟာလည်း အုပ်စုအဖွင့်ပွဲစဉ်တုန်းက တူရကီကလပ် အစ္စတန်ဘူလ်ဘာဆာဆီရာအသင်းကို ၂ ဂိုးပြတ်အနိုင်ကစားထားတဲ့အပြင် ပြီးခဲ့တဲ့ရာသီမှာလည်း ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းဖြစ်တာကြောင့် ယူနိုက်တက်တို့အဖို့ နောက်ထပ်ပွဲကြပ်တစ်ပွဲနဲ့ ရင်ဆိုင်ရဖို့ ရှိနေတာပါ။

အုပ်စုတွင်းမှာ ထိပ်တန်းကလပ်အသင်းတွေနဲ့ ရင်ဆိုင်နေရပေမဲ့လည်း ဖာဒီနန်ကတော့ မန်ယူနိုက်တက်ဟာ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်လို့တော့ ယုံကြည်နေပြီး ဗိုလ်စွဲဖို့အထိတော့ ဖြစ်လာနိုင်ခြေနည်းတယ်လို့ မှတ်ချက်ပြုလာခဲ့ပါတယ်။

“ကျွန်တော့်အမြင်မှာတော့ မန်ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဖလား ရလောက်တဲ့အထိတော့ ရေပန်းစားလာမယ် မထင်ပါဘူး။ ကျွန်တော်လည်း ဒီလိုဖြစ်လာမယ်လို့ သိပ်မထင်ပါဘူး။ ကျွန်တော် အလေးပေးတဲ့ စာရင်းထဲမှာ မန်ယူနိုက်တက် မပါပါဘူး။”

“ဒါပေမဲ့လည်း အနည်းဆုံးတော့ အုပ်စုအဆင့်ကို သူတို့ ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ကျွန်‌တော် ထင်ပါတယ်။ ပီအက်စ်ဂျီအသင်းကို အနိုင်ရခဲ့ပြီးနောက် သူတို့ဟာ အုပ်စုအဆင့်ကို အကောင်းဆုံး စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။”

ဖာဒီနန်က “ဒီလိုမျိုးပဲ ရှေ့ဆက်သွားနိုင်ရင် ပုံမှန်ခြေစွမ်းကို ထိန်းထားနိုင်ရင်တော့ အများကြီး မျှော်လင့်လို့ ရပါတယ်။ ခြေစွမ်းပိုင်းတည်ငြိမ်မှုက ဒီနှစ်ရာသီမှာ မန်ယူနိုက်တက်အတွက် အဓိကသော့ချက် ဖြစ်လာမှာပါ။ အရင်ရာသီကထက် ပိုကောင်းတဲ့အဆင့်မျိုးကို ပြသနိုင်ဖို့အတွက်ပေါ့။” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာလည်း မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မာဆေးလ်အသင်းကို အနိုင်ရခဲ့ပြီး ရလဒ်ကောင်းတစ်ခု ရယူထားနိုင်ခဲ့ပေမဲ့ ဂျာမန်ထိပ်တန်းကလပ် ဘိုင်ယန်မြူးနစ်နဲ့အပြိုင် ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အင်္ဂလိပ်အသင်းဟာ လီဗာပူးလ်တစ်သင်းသာ ရှိနေတယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်။