အမ္ဘတ္ပီရဲ႕ မွတ္တမ္းကို ခ်ိဳးဖ်က္ျပီး ခ်န္ပီယံလိဂ္ စံခ်ိန္သစ္ တင္လိုက္တဲ့ မားကပ္ ရက္ဖို႔ဒ္
ညက မန္ယူနိုက္တက္ အသင္းနဲ႔ လိုက္ပ္ဇစ္ အသင္းတို႔ရဲ႕ ပြဲစဥ္မွာေတာ့ အိမ္ရွင္ ယူနိုက္တက္ အသင္းဟာ တိုက္စစ္မႉးေတြရဲ႕ သြင္းဂိုး အမ်ားစုနဲ႔အတူ ၅-၀ ဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္ ႏိုင္ပြဲတစ္ပြဲ ကို ရရွိခဲ့ပါတယ္။
ယူနိုက္တက္ဟာ ယခုပြဲစဥ္မတိုင္မီမွာ ကစားခဲ့တဲ့ အိမ္ကြင္း ပြဲစဥ္ေတြ အားလုံးမွာ အျမင့္ဆုံး အေနနဲ႔ သေရရလဒ္သာ ရခဲ့တာေၾကာင့္ ပြဲမစတင္မီ ဖိအားတခ်ိဳ႕ ရွိေနခဲ့ေပမယ့္ ပြဲအတြင္းမွာေတာ့ အေကာင္းဆုံး ေျခစြမ္း ရရွိခဲ့ၿပီး လူစားဝင္ တိုက္စစ္မႉး မားကပ္ ရက္ဖို႔ဒ္ရဲ႕ ဟက္ထရစ္နဲ႔အတူ ဂိုးျပတ္ အႏိုင္ရရွိခဲ့တာပါ။
ဒီပြဲမွာ ယူနိုက္တက္ အသင္းအတြက္ သြင္းဂိုးေတြကိုေတာ့ ပြဲကစားခ်ိန္ ၂၁မိနစ္မွာ ဂရင္းဝုဒ္ ၊ ပြဲခ်ိန္ ၇၄မိနစ္ ၊ ၇၈မိနစ္နဲ႔ ၉၂မိနစ္တို႔မွာ ရက္ဖို႔ဒ္နဲ႔ ပြဲခ်ိန္ ၈၇မိနစ္မွာ ပင္နယ္တီကေန တဆင့္ မာရွယ္တို႔က အသီးသီး သြင္းယူေပးခဲ့ၾကတာပါ။
မားကပ္ရက္ဖို႔ဒ္ဟာ ဒီပြဲမွာ လူစားဝင္သာ ကစားခဲ့ရေပမယ့္ ဟက္ထရစ္ သြင္းယူႏိုင္ခဲ့တာေၾကာင့္ လက္ရွိမွာ မန္ယူနိုက္တက္အသင္းရဲ႕ နည္းျပသစ္ တာဝန္ကို ထမ္းေဆာင္ေနတဲ့ ဆိုးလ္ရွားၿပီးေနာက္ အရန္ခုံကေန ထလာၿပီး အသင္း အတြက္ ဟက္ထရစ္ သြင္းယူေပးႏိုင္ခဲ့တဲ့ ဒုတိယေျမာက္ ကစားသမား ဆိုတဲ့ စံခ်ိန္ကို ရရွိခဲ့ပါတယ္။
ဒါ့အျပင္ ရက္ဖို႔ဒ္ဟာ ခ်န္ပီယံလိဂ္မွာလည္း ပီအက္စ္ဂ်ီအသင္းရဲ႕ လူငယ္ တိုက္စစ္မႉး အမ္ဘတ္ပီ တင္ခဲ့တဲ့ စံခ်ိန္ေကာင္း တစ္ခုကိုလည္း ေက်ာ္ျဖတ္ ႏိုင္ခဲ့ေၾကာင္း အခ်က္အလက္ မွတ္တမ္းေတြအရ သိရပါတယ္။ ရက္ဖို႔ဒ္ ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ အမ္ဘတ္ပီ ရဲ႕ စံခ်ိန္ေကာင္း တစ္ခုကေတာ့ ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲမွာ လူစားဝင္ လာၿပီး ဟက္ထရစ္ ရရွိခဲ့တဲ့ အျမန္ဆုံး ကစားသမားဆိုတဲ့ စံခ်ိန္ပဲ ျဖစ္ပါတယ္။
ရက္ဖို႔ဒ္ဟာ လိုက္ပ္ဇစ္ အသင္းနဲ႔ ပြဲစဥ္မွာ ပြဲကစားခ်ိန္ ၆၃မိနစ္မွာမွ ဂရင္းဝုဒ္အစား ဝင္ေရာက္ ကစားခဲ့ရတာ ျဖစ္ေပမယ့္ ပြဲကစားခ်ိန္ ၉၁မိနစ္ စြန္းစြန္းမွာပဲ ဟက္ထရစ္ သြင္းယူ ႏိုင္ခဲ့တာေၾကာင့္ အရန္ခုံကေန ထလာၿပီး အျမန္ဆုံး ဟက္ထရစ္ ရခဲ့တဲ့ ကစားသမားအျဖစ္ အခ်ိန္ ၂၈မိနစ္နဲ႔ စံခ်ိန္တင္ႏိုင္ခဲ့တာပါ။
ရက္ဖို႔ဒ္ရဲ႕ ေနာက္မွာေတာ့ ပီအက္စ္ဂ်ီအသင္းရဲ႕ လူငယ္ တိုက္စစ္မႉး အမ္ဘတ္ပီက ၃၈မိနစ္ဆိုတဲ့ မွတ္တမ္း တစ္ရပ္နဲ႔ ဒုတိယေနရာ ေရာက္ရွိ သြားခဲ့ပါတယ္။
Unicode
ညက မန်ယူနိုက်တက် အသင်းနဲ့ လိုက်ပ်ဇစ် အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ယူနိုက်တက် အသင်းဟာ တိုက်စစ်မှူးတွေရဲ့ သွင်းဂိုး အများစုနဲ့အတူ ၅-၀ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် နိုင်ပွဲတစ်ပွဲ ကို ရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ ယခုပွဲစဉ်မတိုင်မီမှာ ကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ်တွေ အားလုံးမှာ အမြင့်ဆုံး အနေနဲ့ သရေရလဒ်သာ ရခဲ့တာကြောင့် ပွဲမစတင်မီ ဖိအားတချို့ ရှိနေခဲ့ပေမယ့် ပွဲအတွင်းမှာတော့ အကောင်းဆုံး ခြေစွမ်း ရရှိခဲ့ပြီး လူစားဝင် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ရဲ့ ဟက်ထရစ်နဲ့အတူ ဂိုးပြတ် အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက် အသင်းအတွက် သွင်းဂိုးတွေကိုတော့ ပွဲကစားချိန် ၂၁မိနစ်မှာ ဂရင်းဝုဒ် ၊ ပွဲချိန် ၇၄မိနစ် ၊ ၇၈မိနစ်နဲ့ ၉၂မိနစ်တို့မှာ ရက်ဖို့ဒ်နဲ့ ပွဲချိန် ၈၇မိနစ်မှာ ပင်နယ်တီကနေ တဆင့် မာရှယ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။
မားကပ်ရက်ဖို့ဒ်ဟာ ဒီပွဲမှာ လူစားဝင်သာ ကစားခဲ့ရပေမယ့် ဟက်ထရစ် သွင်းယူနိုင်ခဲ့တာကြောင့် လက်ရှိမှာ မန်ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် တာဝန်ကို ထမ်းဆောင်နေတဲ့ ဆိုးလ်ရှားပြီးနောက် အရန်ခုံကနေ ထလာပြီး အသင်း အတွက် ဟက်ထရစ် သွင်းယူပေးနိုင်ခဲ့တဲ့ ဒုတိယမြောက် ကစားသမား ဆိုတဲ့ စံချိန်ကို ရရှိခဲ့ပါတယ်။
ဒါ့အပြင် ရက်ဖို့ဒ်ဟာ ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘတ်ပီ တင်ခဲ့တဲ့ စံချိန်ကောင်း တစ်ခုကိုလည်း ကျော်ဖြတ် နိုင်ခဲ့ကြောင်း အချက်အလက် မှတ်တမ်းတွေအရ သိရပါတယ်။ ရက်ဖို့ဒ် ကျော်ဖြတ်နိုင်ခဲ့တဲ့ အမ်ဘတ်ပီ ရဲ့ စံချိန်ကောင်း တစ်ခုကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ လူစားဝင် လာပြီး ဟက်ထရစ် ရရှိခဲ့တဲ့ အမြန်ဆုံး ကစားသမားဆိုတဲ့ စံချိန်ပဲ ဖြစ်ပါတယ်။
ရက်ဖို့ဒ်ဟာ လိုက်ပ်ဇစ် အသင်းနဲ့ ပွဲစဉ်မှာ ပွဲကစားချိန် ၆၃မိနစ်မှာမှ ဂရင်းဝုဒ်အစား ဝင်ရောက် ကစားခဲ့ရတာ ဖြစ်ပေမယ့် ပွဲကစားချိန် ၉၁မိနစ် စွန်းစွန်းမှာပဲ ဟက်ထရစ် သွင်းယူ နိုင်ခဲ့တာကြောင့် အရန်ခုံကနေ ထလာပြီး အမြန်ဆုံး ဟက်ထရစ် ရခဲ့တဲ့ ကစားသမားအဖြစ် အချိန် ၂၈မိနစ်နဲ့ စံချိန်တင်နိုင်ခဲ့တာပါ။
ရက်ဖို့ဒ်ရဲ့ နောက်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ လူငယ် တိုက်စစ်မှူး အမ်ဘတ်ပီက ၃၈မိနစ်ဆိုတဲ့ မှတ်တမ်း တစ်ရပ်နဲ့ ဒုတိယနေရာ ရောက်ရှိ သွားခဲ့ပါတယ်။