မန္ခ်က္စတာ ယူႏိုက္တက္အသင္း လက္၀ယ္ပိုင္ထားျပီ ျဖစ္တဲ့ ေသာမတ္စ္ မူလာ လက္သစ္
မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနည္းျပ အိုေလဂန္နာဆိုးလ္ရွားဟာ အိုးထရက္ဖို႔ဒ္မွာ ေသာမတ္စ္ မူလာလက္သစ္ကို ပိုင္ဆိုင္ထားျပိျဖစ္တယ္လို႔ အိုဝင္ဟားဂေရ႕ဗ္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္ ကြင္းလယ္ ကစားသမားေဟာင္း အိုဝင္ဟားဂေရ႕ဗ္က ယူႏိုက္တက္ရဲ႕ ေပါင္ ၃၅ သန္းတန္ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ဗန္ဒီဘိခ္ကို ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစ္ၿပီး ဂ်ာမနီၾကယ္ပြင့္ တိုက္စစ္မႉး ေသာမတ္စ္မူလာနဲ႔ ႏႈိင္းယွဥ္ခဲ့တာျဖစ္ပါတယ္။
ဗန္ဒီဘိခ္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ဗုဒၶဟူးေန႔ည ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ရွားရွားပါးပါး ပြဲထြက္ပါဝင္ကစားခြင့္ရရွိခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္က လိုက္ပ္ဇစ္ကို ၅-၀ နဲ႔ အႏိုင္ ရရွိခဲ့တာျဖစ္ပါတယ္။
ဟားဂေရ႕ဗ္ဟာ ေဟာ္လန္သား ကြင္းလယ္ကစားသမားဆီကေန ျမင္ေတြ႕ခဲ့ရတဲ့အရာေတြေၾကာင့္ အထင္ႀကီးခဲ့ရၿပီး ဗန္ဒီဘိခ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ေပါ့ဂ္ဘာတို႔ရဲ႕ ေနာက္မွာသာ ကစားခဲ့ရတာျဖစ္ပါတယ္။ အိုဝင္ဟားဂေရ႕ဗ္က ဗန္ဒီဘိခ္ဟာ ဆိုးလ္ရွားရဲ႕အသင္းမွာ အၿမဲတမ္းပြဲထြက္ကစားသမားျဖစ္လာဖို႔ သိပ္မလိုေတာ့ဘူးလို႔ အခိုင္အမာေျပာၾကားခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ ေသာမတ္စ္မူလာကိုေတာင္ အမွတ္ရေစတယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့တာျဖစပါတယ္။
“သူက တကယ္ကိုေကာင္းတဲ့ကစားသမားလို႔ ကြၽန္ေတာ္ ထင္တယ္။ သူ အဲဒါကို ျပသဖို႔ အခြင့္အေရးမရခဲ့တာပါ။ သူက ဘိုင္ယန္ျမဴးနစ္အတြက္ ေသာမတ္စ္မူလာလိုမ်ိဳး ကစားသမားျဖစ္လာႏိုင္ပါတယ္။ ကစားဟန္ေပါ့”
“အားလုံးက ေသာမတ္စ္မူလာကို အသင္းရဲ႕အျပင္ဘက္ကို ေရာက္ေအာင္ ႀကိဳးပမ္းၾကတယ္။ ဒါေပမယ့္ သူ ဝင္လာရင္ေတာ့ ခင္ဗ်ား သြင္းဂိုးေတြ၊ ဂိုးဖန္တီးမႈေတြနဲ႔ ပတ္သက္ၿပီး အခက္ႀကဳံရမွာမဟုတ္ပါဘူး။ သူက အရမ္း တကိုယ္ေကာင္းမဆန္တဲ့ကစားသမားပါ။ သူ ေဘာလုံးပိုင္ဆိုင္မႈကို ရယူႏိုင္တယ္။ သူ ကြင္းလယ္ ၃ ေနရာမွာ အလုပ္လုပ္ႏိုင္တယ္။ သူ ေက်ာနံပါတ္ ၈ ဒါမွမဟုတ္ ၁၀ အျဖစ္လည္း ကစားႏိုင္တယ္”
“ဗန္ဒီဘိခ္ကလည္း အဲဒီလိုကစားသမားေတြထဲက တစ္ေယာက္ပါ။ သူ အသင္းထဲမွာ ပါဝင္ခြင့္ရတဲ့အခါမွာ အိုေလက သူ႔ကို လူစားလဲဖို႔အတြက္ အေၾကာင္းအရင္းရွာရခက္သြားေရာ”
“ခင္ဗ်ားမွာ ျပႆနာရွိတာက ေပါင္သန္း ၁၀၀ တန္ ေပါ့ဂ္ဘာ၊ ဘ႐ူႏိုဖာနန္ဒက္စ္ ရွိေနတာပဲ။ သူတို႔အားလုံးကို တစ္သင္းထဲမွာ တိုက္စစ္ ၃ ဦးနဲ႔အတူ ထည့္လိုက္ရင္ သူတို႔ေတြ အိုေလအတြက္ စိန္ေခၚမႈ ျဖစ္လာေတာ့မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
Unicode
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ အိုးထရက်ဖို့ဒ်မှာ သောမတ်စ် မူလာလက်သစ်ကို ပိုင်ဆိုင်ထားပြိဖြစ်တယ်လို့ အိုဝင်ဟားဂရေ့ဗ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ယူနိုက်တက်ရဲ့ ပေါင် ၃၅ သန်းတန် နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဗန်ဒီဘိခ်ကို ချီးကျူးပြောဆိုခဲ့တာဖြစ်ပြီး ဂျာမနီကြယ်ပွင့် တိုက်စစ်မှူး သောမတ်စ်မူလာနဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်ပါတယ်။
ဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှားရှားပါးပါး ပွဲထွက်ပါဝင်ကစားခွင့်ရရှိခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်က လိုက်ပ်ဇစ်ကို ၅-၀ နဲ့ အနိုင် ရရှိခဲ့တာဖြစ်ပါတယ်။
ဟားဂရေ့ဗ်ဟာ ဟော်လန်သား ကွင်းလယ်ကစားသမားဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေကြောင့် အထင်ကြီးခဲ့ရပြီး ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဘရူနိုဖာနန်ဒက်စ်နဲ့ ပေါ့ဂ်ဘာတို့ရဲ့ နောက်မှာသာ ကစားခဲ့ရတာဖြစ်ပါတယ်။ အိုဝင်ဟားဂရေ့ဗ်က ဗန်ဒီဘိခ်ဟာ ဆိုးလ်ရှားရဲ့အသင်းမှာ အမြဲတမ်းပွဲထွက်ကစားသမားဖြစ်လာဖို့ သိပ်မလိုတော့ဘူးလို့ အခိုင်အမာပြောကြားခဲ့ပြီး ဘိုင်ယန်မြူးနစ်ကြယ်ပွင့် သောမတ်စ်မူလာကိုတောင် အမှတ်ရစေတယ်လို့ ချီးကျူးပြောဆိုခဲ့တာဖြစပါတယ်။
“သူက တကယ်ကိုကောင်းတဲ့ကစားသမားလို့ ကျွန်တော် ထင်တယ်။ သူ အဲဒါကို ပြသဖို့ အခွင့်အရေးမရခဲ့တာပါ။ သူက ဘိုင်ယန်မြူးနစ်အတွက် သောမတ်စ်မူလာလိုမျိုး ကစားသမားဖြစ်လာနိုင်ပါတယ်။ ကစားဟန်ပေါ့”
“အားလုံးက သောမတ်စ်မူလာကို အသင်းရဲ့အပြင်ဘက်ကို ရောက်အောင် ကြိုးပမ်းကြတယ်။ ဒါပေမယ့် သူ ဝင်လာရင်တော့ ခင်ဗျား သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ ပတ်သက်ပြီး အခက်ကြုံရမှာမဟုတ်ပါဘူး။ သူက အရမ်း တကိုယ်ကောင်းမဆန်တဲ့ကစားသမားပါ။ သူ ဘောလုံးပိုင်ဆိုင်မှုကို ရယူနိုင်တယ်။ သူ ကွင်းလယ် ၃ နေရာမှာ အလုပ်လုပ်နိုင်တယ်။ သူ ကျောနံပါတ် ၈ ဒါမှမဟုတ် ၁၀ အဖြစ်လည်း ကစားနိုင်တယ်”
“ဗန်ဒီဘိခ်ကလည်း အဲဒီလိုကစားသမားတွေထဲက တစ်ယောက်ပါ။ သူ အသင်းထဲမှာ ပါဝင်ခွင့်ရတဲ့အခါမှာ အိုလေက သူ့ကို လူစားလဲဖို့အတွက် အကြောင်းအရင်းရှာရခက်သွားရော”
“ခင်ဗျားမှာ ပြဿနာရှိတာက ပေါင်သန်း ၁၀၀ တန် ပေါ့ဂ်ဘာ၊ ဘရူနိုဖာနန်ဒက်စ် ရှိနေတာပဲ။ သူတို့အားလုံးကို တစ်သင်းထဲမှာ တိုက်စစ် ၃ ဦးနဲ့အတူ ထည့်လိုက်ရင် သူတို့တွေ အိုလေအတွက် စိန်ခေါ်မှု ဖြစ်လာတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။