ျပည္တြင္းမွာ လီဗာပူးနဲ႕ စီးတီးတို႔ လႊမ္းမိုးေနတာကို ဒီနွစ္ အတြင္း ခ်ိဳးဖ်က္ျပဖို႔ ဆိုးရွား ေမွ်ာ္လင့္
မန္ခ်က္စတာယူႏိုက္တက္ နည္းျပ ဆိုးလ္ရွားက လီဗာပူးနဲ႔ မန္စီးတီးတို႔ပရီးမီးယားလိဂ္မွာ လႊမ္းမိုးေနမႈကို ယခုႏွစ္အတြင္း မိမိတို႔ခ်ိဳးဖ်က္ႏိုင္ရန္ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ ယူႏိုက္တက္ဟာ လက္ရွိတြင္ ပရီးမီးယားလိဂ္ ဇယားလယ္မွာ ရပ္တည္ေနၿပီး အာဆင္နယ္နဲ႔ပြဲမတိုင္မီ အဖြင့္၅ပြဲမွာ ရမွတ္ ၇မွတ္သာ ရယူထားကာ အသင္းငယ္ေတြ ေျခစြမ္းျပမႈေၾကာင့္ အသင္းတိုင္းဟာလည္း ရႈံးပြဲကိုယ္စီ ႀကဳံေတြ႕ထားၿပီ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ ၂ႏွစ္အတြင္း လီဗာပူးႏွင့္ မန္စီးတီးတို႔သာ ပရီးမီးယားလိဂ္ကို လႊမ္းမိုးထားခဲ့ၿပီး ေအာင္ျမင္မႈ စံခ်ိန္ေကာင္းေတြလည္း စိုက္ထူထားႏိုင္ခဲ့ၾကပါတယ္ ဒါေပမဲ့ ႏွစ္သင္းစလုံးဟာ ယခုႏွစ္မွာေတာ့ ေျခစြမ္းေကာင္း မရဘဲ ႐ုန္းကန္ေနရပါတယ္။
ယူႏိုက္တက္လိုပဲ ယခုတစ္ပတ္မွာ ရင္ဆိုင္မည့္ အာဆင္နယ္ဟာလည္း ေႏြရာသီအတြင္း မန္စီးတီး၊ လီဗာပူးတို႔ရဲ႕ လႊမ္းမိုးမႈကို လိုက္မီႏိုင္ရန္ အင္အားျဖည့္တင္းမႈေတြ လုပ္ထားတဲ့ အသင္းျဖစ္ၿပီး ဆိုးလ္ရွားကေတာ့ သူရဲ႕အသင္းဟာ ယခုႏွစ္အတြင္း ထိပ္သီး၂သင္းကို လိုက္မီဖို႔စိန္ေခၚႏိုင္ေၾကာင္း ယုံၾကည္ေနပါတယ္။
“လီဗာပူး မန္စီးတီးတို႔က လြန္ခဲ့တဲ့ ႏွစ္သင္းအတြင္း ေတာက္ေလ်ာက္ အားၿပိဳင္ေနခဲ့ၾကတယ္ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ကြၽန္ေတာ္တို႔အားလုံး စိန္ေခၚမႈ လုပ္ဖို႔ေမွ်ာ္လင့္ေနပါတယ္” လို႔ ၄င္းက ဆိုပါတယ္။
ဆိုးလ္ရွားကိုယ္တိုင္လည္းကစားသမားဘဝမွာ နည္းျပႀကီး ဖာဂူဆနလက္ထက္တြင္ ဆယ္စုႏွစ္ ႏွစ္ခုနည္းပါး ယူႏိုက္တက္ဟာ ထိပ္သီးကလပ္အျဖစ္ ရွိေနခဲ့ၿပီး အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔ကလည္း ထိပ္သီးၿပိဳင္ဘက္ အသင္းေတြ အျဖစ္ ရပ္တည္ခဲ့ၾကပါတယ္။ မတူညီတဲ့ စိန္ေခၚသူေတြ မ်ားျပားလာျခင္းနဲ႔အတူ ပရီးမီးယားလိဂ္ဟာ ပိုၿပီး စိတ္လႈပ္ရွားစရာ ေကာင္းလာတယ္လို႔ေနာ္ေဝသား နည္းျပႀကီးက ယုံၾကည္ေနၿပီး အပတ္တိုင္းမွာ အံ့ၾသစရာေတြ ျဖစ္ပ်က္ႏိုင္တယ္လို႔ဆိုပါတယ္။
“ကြၽန္ေတာ္ ကစားခဲ့တုန္းက အာဆင္နယ္က ထိပ္သီးၿပိဳင္ဘက္ပါ ေနာက္ေတာ့ ခ်ဲလ္ဆီး ျဖစ္လာတယ္ ဒါေပမဲ့ အခုက်ေတာ့ ပိုၿပီး ပရိသတ္ေတြအတြက္ စိတ္လႈပ္ရွားစရာ ပိုေကာင္းလာတယ္ အံ့အားသင့္စရာေတြ ဘယ္အခ်ိန္မဆို ျဖစ္ပ်က္ႏိုင္တယ္ ယခုရာသီမွာ မ်က္ျမင္ကိုယ္ေတြ႕ပါပဲ ကြၽန္ေတာ္တို႔တစ္ပြဲခ်င္းစီကို အခ်ိန္ယူၿပီး ျပင္ဆင္ရမွာပါ” ဟု ေျပာၾကားသြားခဲ့ပါတယ္။
Unicode
မန်ချက်စတာယူနိုက်တက် နည်းပြ ဆိုးလ်ရှားက လီဗာပူးနဲ့ မန်စီးတီးတို့ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနေမှုကို ယခုနှစ်အတွင်း မိမိတို့ချိုးဖျက်နိုင်ရန် မျှော်လင့်ကြောင်း ပြောပါတယ်။ ယူနိုက်တက်ဟာ လက်ရှိတွင် ပရီးမီးယားလိဂ် ဇယားလယ်မှာ ရပ်တည်နေပြီး အာဆင်နယ်နဲ့ပွဲမတိုင်မီ အဖွင့်၅ပွဲမှာ ရမှတ် ၇မှတ်သာ ရယူထားကာ အသင်းငယ်တွေ ခြေစွမ်းပြမှုကြောင့် အသင်းတိုင်းဟာလည်း ရှုံးပွဲကိုယ်စီ ကြုံတွေ့ထားပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂နှစ်အတွင်း လီဗာပူးနှင့် မန်စီးတီးတို့သာ ပရီးမီးယားလိဂ်ကို လွှမ်းမိုးထားခဲ့ပြီး အောင်မြင်မှု စံချိန်ကောင်းတွေလည်း စိုက်ထူထားနိုင်ခဲ့ကြပါတယ် ဒါပေမဲ့ နှစ်သင်းစလုံးဟာ ယခုနှစ်မှာတော့ ခြေစွမ်းကောင်း မရဘဲ ရုန်းကန်နေရပါတယ်။
ယူနိုက်တက်လိုပဲ ယခုတစ်ပတ်မှာ ရင်ဆိုင်မည့် အာဆင်နယ်ဟာလည်း နွေရာသီအတွင်း မန်စီးတီး၊ လီဗာပူးတို့ရဲ့ လွှမ်းမိုးမှုကို လိုက်မီနိုင်ရန် အင်အားဖြည့်တင်းမှုတွေ လုပ်ထားတဲ့ အသင်းဖြစ်ပြီး ဆိုးလ်ရှားကတော့ သူရဲ့အသင်းဟာ ယခုနှစ်အတွင်း ထိပ်သီး၂သင်းကို လိုက်မီဖို့စိန်ခေါ်နိုင်ကြောင်း ယုံကြည်နေပါတယ်။
“လီဗာပူး မန်စီးတီးတို့က လွန်ခဲ့တဲ့ နှစ်သင်းအတွင်း တောက်လျောက် အားပြိုင်နေခဲ့ကြတယ် ဒါပေမဲ့ ဒီနှစ်မှာတော့ ကျွန်တော်တို့အားလုံး စိန်ခေါ်မှု လုပ်ဖို့မျှော်လင့်နေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ဆိုးလ်ရှားကိုယ်တိုင်လည်းကစားသမားဘဝမှာ နည်းပြကြီး ဖာဂူဆနလက်ထက်တွင် ဆယ်စုနှစ် နှစ်ခုနည်းပါး ယူနိုက်တက်ဟာ ထိပ်သီးကလပ်အဖြစ် ရှိနေခဲ့ပြီး အာဆင်နယ်၊ ချဲလ်ဆီးတို့ကလည်း ထိပ်သီးပြိုင်ဘက် အသင်းတွေ အဖြစ် ရပ်တည်ခဲ့ကြပါတယ်။ မတူညီတဲ့ စိန်ခေါ်သူတွေ များပြားလာခြင်းနဲ့အတူ ပရီးမီးယားလိဂ်ဟာ ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာတယ်လို့နော်ဝေသား နည်းပြကြီးက ယုံကြည်နေပြီး အပတ်တိုင်းမှာ အံ့သြစရာတွေ ဖြစ်ပျက်နိုင်တယ်လို့ဆိုပါတယ်။
“ကျွန်တော် ကစားခဲ့တုန်းက အာဆင်နယ်က ထိပ်သီးပြိုင်ဘက်ပါ နောက်တော့ ချဲလ်ဆီး ဖြစ်လာတယ် ဒါပေမဲ့ အခုကျတော့ ပိုပြီး ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာ ပိုကောင်းလာတယ် အံ့အားသင့်စရာတွေ ဘယ်အချိန်မဆို ဖြစ်ပျက်နိုင်တယ် ယခုရာသီမှာ မျက်မြင်ကိုယ်တွေ့ပါပဲ ကျွန်တော်တို့တစ်ပွဲချင်းစီကို အချိန်ယူပြီး ပြင်ဆင်ရမှာပါ” ဟု ပြောကြားသွားခဲ့ပါတယ်။