ေဘာလံုးသမားတိုင္း ပြဲကစားခ်င္ၾကတယ္ လို႔ ဆိုးရွားကို ခပ္ပါးပါး သတိေပးလိုက္တဲ့ ဗန္ဒီဘိခ္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေႏြရာသီအဓိကကစားသမားေခၚယူမႈျဖစ္တဲ့ ဗန္ဒီဘိခ္ဟာ ေအဂ်က္အသင္းကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပြဲထြက္ စာရင္းက ပါ၀င္ခြင့္ မရဘဲ ပြဲကစားခ်ိန္ နည္းပါးေနတဲ့ကိစၥနဲ႔ပတ္သက္ၿပီး နည္းျပဆိုးရွားကို သတင္းစကား ေပးပို႔ခဲ့တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးရွားဟာ နယ္သာလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ေပါင္သန္း ၄၀ နဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ ဗန္ဒီဘိခ္ဟာ ပထမအသင္းမွာ အသားက်ဖို႔အတြက္ ေႏွးေကြးေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ကစားသမားဟာ လိုက္ပ္ဇစ္အသင္းကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ ပြဲထြက္ ပါဝင္ကစားခြင့္ရရွိခဲ့ေပမယ့္ ယူႏိုက္တက္က ၄ ဂိုးအထိ သြင္းယူထားႏိုင္ၿပီျဖစ္တဲ့ေနာက္ ဒုတိယပိုင္းမွာ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ တနဂၤေႏြေန႔ညေနမွာ အာဆင္နယ္အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဗန္ဒီဘိခ္က အဲဒီလို အေရးႀကီးတဲ့ပြဲစဥ္ေတြမွာ ပါဝင္ကစားလို ေနပါတယ္။

“ကစားသမားေတြကေတာ့ အၿမဲတမ္း ပြဲေတြကစားခ်င္ေနတာပါ။ ေလ့က်င့္ေနရတာကလည္း ေကာင္းပါတယ္။ ဒါေပမယ့္ ပြဲကစားရတာက ပိုေကာင္းတာေပါ့။ ဒါေၾကာင့္ပဲ ခင္ဗ်ား ေဘာလုံးကစားေနတာေလ။ ပြဲအမ်ားႀကီးကစားရတာက ကြၽန္ေတာ္တို႔ အၿမဲတမ္း တိုးတက္ေစႏိုင္တယ္လို႔ ထင္မိပါတယ္။ ကြၽန္ေတာ္တို႔ အာ႐ုံစိုက္ထားႏိုင္ရင္ ပိုၿပီးေတာ့ အႏိုင္ရလိမ့္မယ္ဆိုတာ ေသခ်ာပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ဗန္ဒီဘိခ္ဟာ ပရီးမီးယားလိဂ္မွာ ပြဲထြက္ပါဝင္ကစားခြင့္မရရွိေသးဘဲ ခ်ယ္ဆီးအသင္းနဲ႔ကစားခဲ့တဲ့ စေနေန႔ပြဲစဥ္မွာ ပါဝင္ကစားခြင့္မရခဲ့တာနဲ႔ပတ္သက္ၿပီး ယူႏိုက္တက္ ဂႏၲဝင္ေတြျဖစ္တဲ့ ဂယ္ရီနဗီး၊ အီဗရာတို႔က ေမးခြန္းထုတ္ခဲ့တဲ့အျပင္ မလိုအပ္ဘဲေခၚယူမႈအျဖစ္ ေ၀ဖန္ ေျပာဆိုထားၾကပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နွေရာသီအဓိကကစားသမားခေါ်ယူမှုဖြစ်တဲ့ ဗန်ဒီဘိခ်ဟာ အေဂျက်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက ပွဲထွက် စာရင်းက ပါဝင်ခွင့် မရဘဲ ပွဲကစားချိန် နည်းပါးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး နည်းပြဆိုးရှားကို သတင်းစကား ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးရှားဟာ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို နွေရာသီအပြောင်းအရွှေ့ကာလမှာ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဗန်ဒီဘိခ်ဟာ ပထမအသင်းမှာ အသားကျဖို့အတွက် နှေးကွေးနေခဲ့တာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ကစားသမားဟာ လိုက်ပ်ဇစ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ ပွဲထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့် ယူနိုက်တက်က ၄ ဂိုးအထိ သွင်းယူထားနိုင်ပြီဖြစ်တဲ့နောက် ဒုတိယပိုင်းမှာ လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညနေမှာ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဗန်ဒီဘိခ်က အဲဒီလို အရေးကြီးတဲ့ပွဲစဉ်တွေမှာ ပါဝင်ကစားလို နေပါတယ်။

“ကစားသမားတွေကတော့ အမြဲတမ်း ပွဲတွေကစားချင်နေတာပါ။ လေ့ကျင့်နေရတာကလည်း ကောင်းပါတယ်။ ဒါပေမယ့် ပွဲကစားရတာက ပိုကောင်းတာပေါ့။ ဒါကြောင့်ပဲ ခင်ဗျား ဘောလုံးကစားနေတာလေ။ ပွဲအများကြီးကစားရတာက ကျွန်တော်တို့ အမြဲတမ်း တိုးတက်စေနိုင်တယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့ အာရုံစိုက်ထားနိုင်ရင် ပိုပြီးတော့ အနိုင်ရလိမ့်မယ်ဆိုတာ သေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ပါဝင်ကစားခွင့်မရရှိသေးဘဲ ချယ်ဆီးအသင်းနဲ့ကစားခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်မရခဲ့တာနဲ့ပတ်သက်ပြီး ယူနိုက်တက် ဂန္တဝင်တွေဖြစ်တဲ့ ဂယ်ရီနဗီး၊ အီဗရာတို့က မေးခွန်းထုတ်ခဲ့တဲ့အပြင် မလိုအပ်ဘဲခေါ်ယူမှုအဖြစ် ဝေဖန် ပြောဆိုထားကြပါတယ်။