ယူနိုက္တက္နဲ႕ နည္းျပ အျဖစ္ ပြဲ ၁၀၀ ျပည့္မွာ နုိင္ပြဲ ေကာင္း ယူနိုင္မယ္လို႔ ဆိုးရွား ယံုၾကည္ေန

မန္ခ်က္စတာယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ၂၀၁၈ ဒီဇင္ဘာလမွာ ေမာ္ရင္ဟိုရဲ႕ နည္းျပရာထူးကို ဆက္ခံခဲ့သူျဖစ္ၿပီး ယူႏိုက္တက္ကို ထိပ္တန္းအဆင့္ျပန္ေရာက္ေစဖို႔ အစြမ္းကုန္ႀကိဳးစားေနသူျဖစ္ါပတယ္။

ယခုရာသီအစမွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းကို အိမ္ကြင္းမွာ ၆-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာေတာ့ လိုက္ပ္ဇစ္ကို အံ့အားသင့္ဖြယ္ ၅ ဂိုးျပတ္ အႏိုင္ရခဲ့ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာျဖစ္ၿပီး ယေန႔ညမွာေတာ့ ဆိုးလ္ရွားရဲ႕ယူႏိုက္တက္ဟာ အစဥ္အလာၿပိဳင္ဘက္ကို အိုးထရက္ဖို႔ဒ္မွာ လက္ခံ ယွဥ္ၿပိဳင္ သြားရေတာ့မွာျဖစ္ပါတယ္။

ဆိုးလ္ရွားအတြက္ ယေန႔ည အာဆင္နယ္နဲ႔ပြဲစဥ္ဟာ ယူႏိုက္တက္ကို နည္းျပအျဖစ္ကိုင္တြယ္ခဲ့တဲ့ ပြဲ ၁၀၀ ေျမာက္ ပြဲစဥ္ျဖစ္လာေတာ့မွာျဖစ္ၿပီး ယခုရာသီ ပထမဆုံးအိမ္ကြင္း ပရီးမီးယားလိဂ္ႏိုင္ပြဲကို ရရွိဖို႔အတြက္ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

“အာဆင္နယ္နဲ႔ကစားရတာက အၿမဲတမ္း ခက္ခဲမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔က နည္းျပေကာင္းရွိတဲ့ အရမ္းေကာင္းတဲ့အသင္းတစ္သင္းျဖစ္ေနလို႔ပါ။ နည္းျပကလည္း ဘယ္လိုကစားမယ္ဆိုတာနဲ႔ပတ္သက္လို႔ အႀကံေကာင္းေတြရွိတယ္။ ဒါေၾကာင့္ သူတို႔အသင္းနဲ႔ ရင္ဆိုင္ရဖို႔ကို ေမွ်ာ္လင့္ေနပါတယ္”

“ကြၽန္ေတာ့္နည္းျပဘဝ ပြဲ ၁၀၀ ေတာင္ရွိၿပီဆိုေတာ့ အံ့ဩမိပါတယ္။ အေၾကာင္းအရာေတြ အမ်ားႀကီး ျဖစ္ပ်က္ခဲ့ေပမယ့္လည္း အခ်ိန္ေတြကုန္တာ ျမန္လိုက္တာ။ ဘာပဲျဖစ္ျဖစ္ ပြဲ ၁၀၀ ျပည့္ကို ေျခစြမ္းေကာင္း၊ ရလဒ္ေကာင္းနဲ႔ ေအာင္ပြဲခံႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဒီမွာရွိခဲ့တဲ့အခ်ိန္ေတြကို ကြၽန္ေတာ္ အရမ္းေက်နပ္ခဲ့ပါတယ္”လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ၂၀၁၈ ဒီဇင်ဘာလမှာ မော်ရင်ဟိုရဲ့ နည်းပြရာထူးကို ဆက်ခံခဲ့သူဖြစ်ပြီး ယူနိုက်တက်ကို ထိပ်တန်းအဆင့်ပြန်ရောက်စေဖို့ အစွမ်းကုန်ကြိုးစားနေသူဖြစ်ါပတယ်။

ယခုရာသီအစမှာ တော့တင်ဟမ်ဟော့စပါးအသင်းကို အိမ်ကွင်းမှာ ၆-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ လိုက်ပ်ဇစ်ကို အံ့အားသင့်ဖွယ် ၅ ဂိုးပြတ် အနိုင်ရခဲ့အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပြီး ယနေ့ညမှာတော့ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ အစဉ်အလာပြိုင်ဘက်ကို အိုးထရက်ဖို့ဒ်မှာ လက်ခံ ယှဉ်ပြိုင် သွားရတော့မှာဖြစ်ပါတယ်။

ဆိုးလ်ရှားအတွက် ယနေ့ည အာဆင်နယ်နဲ့ပွဲစဉ်ဟာ ယူနိုက်တက်ကို နည်းပြအဖြစ်ကိုင်တွယ်ခဲ့တဲ့ ပွဲ ၁၀၀ မြောက် ပွဲစဉ်ဖြစ်လာတော့မှာဖြစ်ပြီး ယခုရာသီ ပထမဆုံးအိမ်ကွင်း ပရီးမီးယားလိဂ်နိုင်ပွဲကို ရရှိဖို့အတွက် မျှော်လင့်နေတာဖြစ်ပါတယ်။

“အာဆင်နယ်နဲ့ကစားရတာက အမြဲတမ်း ခက်ခဲမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့က နည်းပြကောင်းရှိတဲ့ အရမ်းကောင်းတဲ့အသင်းတစ်သင်းဖြစ်နေလို့ပါ။ နည်းပြကလည်း ဘယ်လိုကစားမယ်ဆိုတာနဲ့ပတ်သက်လို့ အကြံကောင်းတွေရှိတယ်။ ဒါကြောင့် သူတို့အသင်းနဲ့ ရင်ဆိုင်ရဖို့ကို မျှော်လင့်နေပါတယ်”

“ကျွန်တော့်နည်းပြဘဝ ပွဲ ၁၀၀ တောင်ရှိပြီဆိုတော့ အံ့ဩမိပါတယ်။ အကြောင်းအရာတွေ အများကြီး ဖြစ်ပျက်ခဲ့ပေမယ့်လည်း အချိန်တွေကုန်တာ မြန်လိုက်တာ။ ဘာပဲဖြစ်ဖြစ် ပွဲ ၁၀၀ ပြည့်ကို ခြေစွမ်းကောင်း၊ ရလဒ်ကောင်းနဲ့ အောင်ပွဲခံနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒီမှာရှိခဲ့တဲ့အချိန်တွေကို ကျွန်တော် အရမ်းကျေနပ်ခဲ့ပါတယ်”လို့ ဆိုးလ်ရှားက ပြောဆိုခဲ့တာဖြစ်ပါတယ်။