သူ႔ေၾကာင့္ အာဆင္နယ္ဘက္ ပင္နယ္တီ ေပးခဲ့ရတဲ့ အေပၚ ေပါ့ဘာ ေတာင္းပန္ စကားဆို

ယူနိုက္တက္ ကြင္းလယ္သမား ေပါလ္ ေပါ့ဘာဟာ ယမန္ေန႔ညက အာဆင္နယ္ရဲ႕ အႏိုင္ဂိုး ျဖစ္ေစမယ့္ ပင္နယ္တီကို သူ႔ရဲ႕ ဆိုး႐ြားတဲ့ အမွားေၾကာင့္ ခြင့္ျပဳခဲ့ရတာ ျဖစ္တယ္လို႔ ဝန္ခံျပီး ေတာင္းပန္စကား ဆိုသြားခဲ့ပါတယ္။

လိုက္ပ္ဇစ္ကို ၅ဂိုးျပတ္ အႏိုင္ယူထားတဲ့ ယူႏိုက္တက္အား အာဆင္နယ္က အူဘာမီယန္းရဲ႕ ပင္နယ္တီသြင္းဂိုးနဲ႔အတူ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။ ျပင္သစ္သားကေတာ့ အသင္းရဲ႕ စြမ္းေဆာင္ရည္ဟာ လုံေလာက္မႈ မရွိဘူးလို႔ ဝန္ခံခဲ့ၿပီး အႏိုင္ဂိုး ရေစမယ့္ ပင္နယ္တီအျဖစ္ ဘယ္လာရင္ကို သြားခ်မိခဲ့တဲ့အတြက္ သူ႔မွာ တာဝန္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ေပါ့ဘာက “လိုက္ပ္ဇစ္နဲ႔ပြဲမွာ အေကာင္းဆုံး စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ေပမဲ့ ဒီေန႔ပြဲမွာေတာ့ မလုပ္ႏိုင္ခဲ့ပါဘူး။ အဲ့ဒါဘာေၾကာင့္လဲဆိုတာကို ကြၽန္ေတာ္ ကိုယ္တိုင္ အပါအဝင္ အေသးစိတ္က်က် အေျဖရွာရပါမယ္။ ဒီလို ျပစ္ဒဏ္ေဘာမ်ိဳး ကြၽန္ေတာ္ မေပးသင့္ပါဘူး။ ကြၽန္ေတာ္က ေဘာလုံးထိတယ္ ထင္လိုက္ေပမဲ့ မထိခဲ့ပဲ အဲ့ဒါက ကြၽန္ေတာ္တို႔အတြက္ ရႈံးပြဲေတြ႕ေစခဲ့ပါတယ္။ ကြၽန္ေတာ္တိ့ု ဒီထက္ ပိုေကာင္းၿပီး ဂိုးသြင္းႏိုင္ဖို႔ လိုအပ္ပါတယ္။ ေဘာလုံးကိုင္ၿပီး ပိုထိေရာက္တဲ့ တိုက္စစ္ဆင္မႈကို ျပဳလုပ္ႏိုင္ဖို႔ လိုပါတယ္။ ကြၽန္ေတာ္ကေန စၿပီး ဒီထက္ပိုေကာင္းေအာင္ လုပ္သင့္ပါၿပီ”လို႔ ေျပာခဲ့ပါတယ္။

ဒါ့အျပင္ ေပါ့ဘာက ဧရိယာထဲ ခံစစ္ကစားျခင္းက သူ ကြၽမ္းက်င္တဲ့ အရာ မဟုတ္ဘဲ ဒီထက္ ပိုတိုးတက္ဖို႔ လိုေသးေၾကာင္းလည္း ေျပာဆိုခဲ့ပါတယ္။

“သူ႔ကို မထိခင္ ေဘာလုံးထိခဲ့တယ္လို႔ ထင္ခဲ့ေပမဲ့ တကယ္တမ္းမွာ ေတာ္ေတာ္ထိမိခဲ့တာ ျမင္ခဲ့ရပါတယ္။ ကြၽန္ေတာ္ ဧရိယာထဲမွာ ေရာက္ေနတာကို သိခဲ့ၿပီး အဲ့ဒါက အမွားဆိုတာ သိပါတယ္။ ေနာက္ဆုံးမွာ ကြၽန္ေတာ္ ဒီလို ပင္နယ္တီမ်ိဳး မေပးသင့္ပါဘူး။ သူ႔ကို ေဘာလုံးေပးကိုင္ၿပီး ျဖတ္တင္ေဘာကို ပိတ္ဆို႔ဖို႔ ႀကိဳးစားရမွာပါ။

ကြၽန္ေတာ္ ေျပးလြန္းလို႔ ေမာဟိုက္ေနတာ ျဖစ္ႏိုင္ၿပီး အဲ့ဒီမွာ အမွားက်ဴးလြန္ခဲ့တာပါပဲ။ အဲ့ဒီအမွားကေန ကြၽန္ေတာ္ သင္ယူရပါမယ္။ ကြၽန္ေတာ္က ခံစစ္ပိုင္းမွာ အေကာင္းဆုံး မကစားႏိုင္ပဲ ဒီထက္ ပိုေကာင္းေအာင္ ႀကိဳးစားရပါမယ္။ အဲ့ဒီေနရာအတြက္ ကြၽန္ေတာ္ အၿမဲတိုးတက္ဖို႔ ႀကိဳးစားရပါမယ္”လို႔လည္း ေပါ့ဘာက ဆိုခဲ့ပါတယ္။

Unicode

ယူနိုက်တက် ကွင်းလယ်သမား ပေါလ် ပေါ့ဘာဟာ ယမန်နေ့ညက အာဆင်နယ်ရဲ့ အနိုင်ဂိုး ဖြစ်စေမယ့် ပင်နယ်တီကို သူ့ရဲ့ ဆိုးရွားတဲ့ အမှားကြောင့် ခွင့်ပြုခဲ့ရတာ ဖြစ်တယ်လို့ ဝန်ခံပြီး တောင်းပန်စကား ဆိုသွားခဲ့ပါတယ်။

လိုက်ပ်ဇစ်ကို ၅ဂိုးပြတ် အနိုင်ယူထားတဲ့ ယူနိုက်တက်အား အာဆင်နယ်က အူဘာမီယန်းရဲ့ ပင်နယ်တီသွင်းဂိုးနဲ့အတူ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ်သားကတော့ အသင်းရဲ့ စွမ်းဆောင်ရည်ဟာ လုံလောက်မှု မရှိဘူးလို့ ဝန်ခံခဲ့ပြီး အနိုင်ဂိုး ရစေမယ့် ပင်နယ်တီအဖြစ် ဘယ်လာရင်ကို သွားချမိခဲ့တဲ့အတွက် သူ့မှာ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ဘာက “လိုက်ပ်ဇစ်နဲ့ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပေမဲ့ ဒီနေ့ပွဲမှာတော့ မလုပ်နိုင်ခဲ့ပါဘူး။ အဲ့ဒါဘာကြောင့်လဲဆိုတာကို ကျွန်တော် ကိုယ်တိုင် အပါအဝင် အသေးစိတ်ကျကျ အဖြေရှာရပါမယ်။ ဒီလို ပြစ်ဒဏ်ဘောမျိုး ကျွန်တော် မပေးသင့်ပါဘူး။ ကျွန်တော်က ဘောလုံးထိတယ် ထင်လိုက်ပေမဲ့ မထိခဲ့ပဲ အဲ့ဒါက ကျွန်တော်တို့အတွက် ရှုံးပွဲတွေ့စေခဲ့ပါတယ်။ ကျွန်တော်တိ့ု ဒီထက် ပိုကောင်းပြီး ဂိုးသွင်းနိုင်ဖို့ လိုအပ်ပါတယ်။ ဘောလုံးကိုင်ပြီး ပိုထိရောက်တဲ့ တိုက်စစ်ဆင်မှုကို ပြုလုပ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်ကနေ စပြီး ဒီထက်ပိုကောင်းအောင် လုပ်သင့်ပါပြီ”လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပေါ့ဘာက ဧရိယာထဲ ခံစစ်ကစားခြင်းက သူ ကျွမ်းကျင်တဲ့ အရာ မဟုတ်ဘဲ ဒီထက် ပိုတိုးတက်ဖို့ လိုသေးကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

“သူ့ကို မထိခင် ဘောလုံးထိခဲ့တယ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာ တော်တော်ထိမိခဲ့တာ မြင်ခဲ့ရပါတယ်။ ကျွန်တော် ဧရိယာထဲမှာ ရောက်နေတာကို သိခဲ့ပြီး အဲ့ဒါက အမှားဆိုတာ သိပါတယ်။ နောက်ဆုံးမှာ ကျွန်တော် ဒီလို ပင်နယ်တီမျိုး မပေးသင့်ပါဘူး။ သူ့ကို ဘောလုံးပေးကိုင်ပြီး ဖြတ်တင်ဘောကို ပိတ်ဆို့ဖို့ ကြိုးစားရမှာပါ။

ကျွန်တော် ပြေးလွန်းလို့ မောဟိုက်နေတာ ဖြစ်နိုင်ပြီး အဲ့ဒီမှာ အမှားကျူးလွန်ခဲ့တာပါပဲ။ အဲ့ဒီအမှားကနေ ကျွန်တော် သင်ယူရပါမယ်။ ကျွန်တော်က ခံစစ်ပိုင်းမှာ အကောင်းဆုံး မကစားနိုင်ပဲ ဒီထက် ပိုကောင်းအောင် ကြိုးစားရပါမယ်။ အဲ့ဒီနေရာအတွက် ကျွန်တော် အမြဲတိုးတက်ဖို့ ကြိုးစားရပါမယ်”လို့လည်း ပေါ့ဘာက ဆိုခဲ့ပါတယ်။