အသင္းေခါင္းေဆာင္ စြမ္းရည္ေတြ ထုတ္လိုက္စမ္းပါလို႔ မက္ဂြိဳင္းယားကို ဖာဒီနန္ တိုက္တြန္း

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ေနာက္ခံကစားသမား ရီယိုဖာဒီနန္က ယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟယ္ရီ မက္ဂြိဳင္းယားကို ေခါင္းေဆာင္မႈအရည္အေသြးကို ပိုမိုျပသဖို႔အတြက္ ေျပာၾကားခဲ့ပါတယ္။

ဖာဒီနန္က အာဆင္နယ္အသင္းကို ရႈံးနိမ့္ခဲ့တဲ့ အသင္းရဲ႕ပြဲစဥ္အၿပီးမွာ ေပးခဲ့တဲ့ မက္ဂြိဳင္းယားရဲ႕ မွတ္ခ်က္စကား ေနာက္ပိုင္း အဂၤလန္လက္ေ႐ြးစင္ေနာက္ခံကစားသမားရဲ႕ အသင္းေခါင္းေဆာင္ ပါ၀ါ ကို ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။ မက္ဂြိဳင္းယားက အာဆင္နယ္ကို အိမ္ကြင္းမွာ ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ တနဂၤေႏြေန႔ပြဲစဥ္မွာ ယူႏိုက္တက္ လိုက္ပ္ဇစ္နဲ႔ ပီအက္စ္ဂ်ီတို႔ကို အႏိုင္ရခဲ့တာကိုပဲ ေက်နပ္ေနခဲ့တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယခုရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၆ ပြဲမွာ ၇ မွတ္သာ ရယူထားႏိုင္ခဲ့တာေၾကာင့္ အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနရတာျဖစ္ၿပီး ၂၀၁၃-၂၀၁၄ ရာသီ ေဒးဗစ္မိုရက္စ္ေနာက္ပိုင္း ရာသီအစမွာ ရမွတ္အနည္းဆုံးရရွိထားတာျဖစ္ပါတယ္။

ဒ့ါအျပင္ မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္ဆုံးပရီးမီးယားလိဂ္အိမ္ကြင္း ၆ ပြဲအထိ ႏိုင္ပြဲမရရွိခဲ့တာျဖစ္ၿပီး ၁၉၇၂-၁၉၇၃ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အိုးထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၄ ပြဲမွာ အႏိုင္မရခဲ့တဲ့ စံခ်ိန္ကို ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပရီးမီးယားလိဂ္ဖလား ၆ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမႇာက္ႏိုင္ခဲ့တဲ့ ဖာဒီနန္က အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကို အိုးထရက္ဖို႔ဒ္မွာ ယခုထက္ပိုမိုၿပီး ေခါင္းေဆာင္မႈအရည္အေသြးကို ျပသဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ယုံၾကည္ခ်က္ကင္းမဲ့ေနတယ္။ ကြၽန္ေတာ္တို႔ ရက္သတၱပတ္အလယ္မွာ ယုံၾကည္ခ်က္နည္းနည္းေတာ့ ရခဲ့ေပမယ့္ သူတို႔ေတြ ယုံၾကည္မႈလြန္ကဲသြားၾကတာမ်ားလား”

“ကြၽန္ေတာ္ မက္ဂြိဳင္းယားနဲ႔ သူ႔ရဲ႕ မွတ္ခ်က္ေတာ္ေတာ္မ်ားမ်ားကို ျမင္ေတြ႕ခဲ့ရၿပီး ပြဲအၿပီးမွာ ေျပာတာေတြက သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းေဘာ္လီေဘာပုတ္ေနခဲ့ၾကတာလည္း ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ နားလည္ထားရမွာက သူက အသင္းေခါင္းေဆာင္ပါ”

“သူ အသင္းထဲက လူေတြအားလုံးရဲ႕အလယ္မွာ ‘ဒီမွာနားေထာင္။ ငါတို႔ေတြ အဆုံး မသတ္ရေသးဘူး။ ငါတို႔မွာ လုပ္စရာေတြရွိတယ္။ ငါတို႔ဆီကေန အမ်ားႀကီး ထပ္အားစိုက္ထုတ္ရဦးမယ္။ မင္းတို႔ရဲ႕ ေျခအိတ္ကို ဆြဲတင္လိုက္ၾက’လို႔ ေျပာႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Unicode

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ရီယိုဖာဒီနန်က ယူနိုက်တက်အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို ခေါင်းဆောင်မှုအရည်အသွေးကို ပိုမိုပြသဖို့အတွက် ပြောကြားခဲ့ပါတယ်။

ဖာဒီနန်က အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အသင်းရဲ့ပွဲစဉ်အပြီးမှာ ပေးခဲ့တဲ့ မက်ဂွိုင်းယားရဲ့ မှတ်ချက်စကား နောက်ပိုင်း အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားရဲ့ အသင်းခေါင်းဆောင် ပါဝါ ကို မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။ မက်ဂွိုင်းယားက အာဆင်နယ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်မှာ ယူနိုက်တက် လိုက်ပ်ဇစ်နဲ့ ပီအက်စ်ဂျီတို့ကို အနိုင်ရခဲ့တာကိုပဲ ကျေနပ်နေခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲမှာ ၇ မှတ်သာ ရယူထားနိုင်ခဲ့တာကြောင့် အဆင့် ၁၅ နေရာမှာ ရပ်တည်နေရတာဖြစ်ပြီး ၂၀၁၃-၂၀၁၄ ရာသီ ဒေးဗစ်မိုရက်စ်နောက်ပိုင်း ရာသီအစမှာ ရမှတ်အနည်းဆုံးရရှိထားတာဖြစ်ပါတယ်။

ဒ့ါအပြင် မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးပရီးမီးယားလိဂ်အိမ်ကွင်း ၆ ပွဲအထိ နိုင်ပွဲမရရှိခဲ့တာဖြစ်ပြီး ၁၉၇၂-၁၉၇၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၄ ပွဲမှာ အနိုင်မရခဲ့တဲ့ စံချိန်ကို ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်နိုင်ခဲ့တဲ့ ဖာဒီနန်က အသင်းခေါင်းဆောင် မက်ဂွိုင်းယားကို အိုးထရက်ဖို့ဒ်မှာ ယခုထက်ပိုမိုပြီး ခေါင်းဆောင်မှုအရည်အသွေးကို ပြသဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ နေရာတော်တော်များများမှာ ယုံကြည်ချက်ကင်းမဲ့နေတယ်။ ကျွန်တော်တို့ ရက်သတ္တပတ်အလယ်မှာ ယုံကြည်ချက်နည်းနည်းတော့ ရခဲ့ပေမယ့် သူတို့တွေ ယုံကြည်မှုလွန်ကဲသွားကြတာများလား”

“ကျွန်တော် မက်ဂွိုင်းယားနဲ့ သူ့ရဲ့ မှတ်ချက်တော်တော်များများကို မြင်တွေ့ခဲ့ရပြီး ပွဲအပြီးမှာ ပြောတာတွေက သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အရမ်းဘော်လီဘောပုတ်နေခဲ့ကြတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နားလည်ထားရမှာက သူက အသင်းခေါင်းဆောင်ပါ”

“သူ အသင်းထဲက လူတွေအားလုံးရဲ့အလယ်မှာ ‘ဒီမှာနားထောင်။ ငါတို့တွေ အဆုံး မသတ်ရသေးဘူး။ ငါတို့မှာ လုပ်စရာတွေရှိတယ်။ ငါတို့ဆီကနေ အများကြီး ထပ်အားစိုက်ထုတ်ရဦးမယ်။ မင်းတို့ရဲ့ ခြေအိတ်ကို ဆွဲတင်လိုက်ကြ’လို့ ပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။