ဂြတ္ဒီဆင္ပါ့ခ္မွာ သံုးဂိုးသြင္း အမွတ္ျပည့္ယူျပီး ေအာင္ပြဲခံခဲ့တဲ့ သရဲနီမ်ား (သို႔) အဲဗာတန္ ၁-၃ ယူနိုက္တက္

နည္းျပရာထူး အတြက္ပါ ရိုက္ခတ္မႈေတါ ရွိေနျပီး မျဖစ္မေန အႏိုင္ယူရမဲ့ပြဲျဖစ္ေနတာေၾကာင့္ ဆိုးရွားဟာ ဒီေန႔ပြဲမွာ သူ႔အတြက္ အေကာင္းဆုံးျဖစ္ႏိုင္တဲ့ လူစာရင္းမ်ိဳးကို ခင္းက်င္းလာခဲ့ပါတယ္။ ေပါ့ဂ္ဘာနဲ႔ ဗန္ဒဘိတ္တို႔ကို အရန္ခုံမွာပဲ ထိုင္ခိုင္းထားဆဲျဖစ္ၿပီး ဖရက္ဒ္၊ တြန္မေနး၊ ဖာနန္ဒက္စ္တို႔ ကြင္းလယ္အတြဲနဲ႔ ပြဲထြက္လာခဲ့တယ္။

ဘယ္ညာေတာင္ပံႏွစ္ဖက္မွာေတာ့ မားကပ္စ္ရက္ရွ္ဖို႔ဒ္နဲ႔ မာတာတို႔ ကစားခဲ့ၿပီး အေထာင္တိုက္စစ္ကို မာစီယဲလ္က တာဝန္ယူခဲ့တယ္။ ခံစစ္မွာေတာ့ ဘစ္ဆာကာ၊ လင္ဒေလာ့ဖ္၊ မက္ဂြိဳင္းယားနဲ႔ လုခ္ေရွာတို႔ျဖစ္ၿပီး ဂိုးသမားေနရာမွာ ဒေဟးယား ရွိေနခဲ့ပါတယ္။ အဲဗာတန္အသင္းကလည္း ဒဏ္ရာေၾကာင့္ ရစ္ခ်ာလီဆင္ မပါဝင္ႏိုင္တာကလြဲလို႔ အေတာင့္တင္းဆုံး လူစာရင္းနဲ႔ပဲ မန္ယူႏိုက္တက္ကို ဧည့္ခံခဲ့တာ ျဖစ္ပါတယ္။

အေစာပိုင္းပြဲခ်ိန္ေတြမွာေတာ့ အိမ္ရွင္အဲဗာတန္အသင္း အသာစီးရခဲ့တယ္လို႔ ဆိုႏိုင္ၿပီး အားနည္းခ်က္ေတြ ရွိေနေသးတဲ့ မန္ယူႏိုက္တက္အသင္းကို ဖိအားေပး ကစားသြားႏိုင္ခဲ့ပါတယ္။ အယ္လန္၊ ဒူကူးေရး၊ ဆီဂတ္ဒ္ဆန္နဲ႔ ႐ိုဒရီဂတ္ဒ္တို႔ ကြင္းလယ္ပိုင္းက ပြဲကို ထိန္းေက်ာင္းႏိုင္ခဲ့ၿပီး အခြင့္အေရးေတြလည္း ရခဲ့ပါတယ္။

အထူးသျဖင့္ ဘစ္ဆာကာနဲ႔ လင္ဒေလာ့ဖ္တို႔ ညာျခမ္းမွာ ေနရာလြတ္ေတြႀကီးမားခဲ့တာေၾကာင့္ အဆိုပါေနရာလြတ္ေတြကို ဘားနက္ဒ္ အေကာင္းဆုံးအသုံးခ်သြားခဲ့ၿပီး ဖိအားေပးႏိုင္ခဲ့ကာ ဦးေဆာင္ဂိုးကိုလည္း ရယူသြားႏိုင္ခဲ့ပါတယ္။ ၁၉ မိနစ္မွာတင္ပဲ ဘားနက္ဒ္ရဲ႕ သြင္းဂိုးနဲ႔အတူ အဲဗာတန္ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီဂိုးမွာ ပစ္ဖို႔ဒ္ရဲ႕ ကန္တင္ေပးမႈကို တားဆီးခဲ့တဲ့ လင္ဒေလာ့ဖ္ေရာ၊ ဘားနက္ဒ္ကို စိတ္ႀကိဳက္ကစားခြင့္ေပးခဲ့တဲ့ ဘစ္ဆာကာေရာ အမွားမကင္းခဲ့ဘဲ ဧရိယာအစပ္က ကန္ခ်က္နဲ႔အတူ ဦးေဆာင္ဂိုး ခြင့္ျပဳခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမဲ့လည္း အေစာပိုင္း အဲဗာတန္အသင္း သာေနခ်ိန္ကတည္းက ရက္ရွ္ဖို႔ဒ္၊ မာစီယဲလ္တို႔ရဲ႕ တိုးအားလႈပ္အားေတြနဲ႔အတူ အဲဗာတန္ခံစစ္ကို မန္ယူႏိုက္တက္အသင္း အႀကိမ္ႀကိမ္ ဒုကၡေပးႏိုင္ခဲ့တာျဖစ္ၿပီး ဦးေဆာင္ဂိုးေပးလိုက္ရၿပီးေနာက္ပိုင္းမွာေတာ့ အသာစီးကစားတဲ့အသင္းက မန္ယူႏိုက္တက္ပဲ ျဖစ္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ပြဲမွာ ပုံစံေကာင္းေပ်ာက္ဆုံးေနတဲ့ ဘ႐ူႏိုဖာနန္ဒက္စ္က ဒီေန႔ပြဲမွာေတာ့ အေကာင္းဆုံး ကစားသြားႏိုင္ခဲ့ၿပီး မန္ယူႏိုက္တက္ တိုက္စစ္ ကစားကြက္ တည္ေဆာက္မႈေတြမွာ အခရာ က်ခဲ့ပါတယ္။ ဖာနန္ဒက္စ္ရဲ႕ အျမင္၊ ေပးပို႔မႈေတြနဲ႔ လုပ္တတ္ကိုင္တတ္မႈေတြက စကားေျပာခဲ့ၿပီး အဲဗာတန္ ထိန္းခ်ဳပ္ရခက္ခဲ့ေနခဲ့ပါတယ္။

ဒါေၾကာင့္လည္း ပြဲခ်ိန္ ၂၅ မိနစ္မွာပဲ မန္ယူႏိုက္တက္အသင္း ေခ်ပဂိုး ျပန္ရခဲ့ပါတယ္။ လုခ္ေရွာရဲ႕ တိက်တဲ့ျဖတ္တင္ေဘာကို ဖာနန္ဒက္စ္က ေသေသသပ္သပ္ပဲ ေခါင္းတိုက္အဆုံးသတ္ခဲ့တာ ျဖစ္ပါတယ္။ ၁-၁ စီသေရ ျဖစ္သြားခဲ့ၿပီးေနာက္မွာေတာ့ မန္ယူႏိုက္တက္ရဲ႕ အရွိန္အဟုန္နဲ႔ ဖိအားေပးမႈေတြကို အဲဗာတန္ ေတာင့္ခံႏိုင္ျခင္း မရွိေတာ့ဘဲ ေနာက္ထပ္ ၇ မိနစ္အၾကာမွာပဲ ဒုတိယဂိုး ထပ္ေပးခဲ့ရပါတယ္။

ဒီဂိုးကိုလည္း ေျခစြမ္းျပသေနတဲ့ ဖာနန္ဒက္စ္က မားကပ္စ္ရက္ရွ္ဖို႔ဒ္ရဲ႕ ဖန္တီးေပးပို႔မႈကို လွလွပပပဲ ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ အန္ခ်ေလာ့တီရဲ႕ အဲဗာတန္အေနနဲ႔ေတာ့ ခံစစ္ပိုင္းမွာ အားနည္းခ်က္ေတြ ရွိေနတာက ႐ုန္းကန္ရေစတဲ့ အေၾကာင္းအရင္းေတြ မန္ယူႏိုက္တက္ တိုက္စစ္ကစားသမားေတြကို ထိထိေရာက္ေရာက္ ထိန္းခ်ဳပ္ႏိုင္ခဲ့ျခင္း မရွိခဲ့ပါဘူး။

ဒုတိယပိုင္းကေတာ့ အဲဗာတန္အသင္း ေခ်ပဂိုးရဖို႔ ႀကိဳးစားတဲ့ အခိုက္အတန႔္ေတြပါပဲ။ အခ်ိန္တိုင္းလိုလို ဖိအားေပးကစားသြားခဲ့ၿပီး မန္ယူႏိုက္တက္ရဲ႕ ခံစစ္ပိုင္းကို ေက်ာ္ျဖတ္ႏိုင္ဖို႔ အေျဖရွာခဲ့ပါတယ္။ မန္ယူႏိုက္တက္ကလည္း ခံစစ္ကို အေသအခ်ာအာ႐ုံစိုက္ကစားခဲ့ၿပီး သူတို႔အားသာတဲ့ တန္ျပန္တိုက္စစ္ေတြနဲ႔ တုံ႔ျပန္ခဲ့တယ္။

ဒီႏွစ္ရာသီမွာ စြမ္းေဆာင္ရည္ပိုင္းနဲ႔ပတ္သက္လို႔ ေဝဖန္မႈေတြ ခံေနရတဲ့ မက္ဂြိဳင္းယားက ဒီေန႔မွာေတာ့ အေကာင္းဆုံး ကစားသြားခဲ့ၿပီး မန္ယူႏိုက္တက္ခံစစ္တန္းကို ဦးေဆာင္ခဲ့ပါတယ္။ အဲဗာတန္ကေတာ့ ဖိအားေပးကစားေနေပမဲ့ တိုက္စစ္ကစားပုံက ထိေရာက္မႈမရွိခဲ့တာေၾကာင့္ ဂိုးေတြေတာ့ ျဖစ္မလာခဲ့ပါဘူး။ အျမင့္ေဘာအားသာတဲ့ ကဲလ္ဗတ္-လီဝင္ဆီက တစ္ခ်ိန္လုံး ျဖတ္တင္ေပးပို႔ဖို႔ ႀကိဳးစားေနတာေၾကာင့္ မန္ယူႏိုက္တက္အသင္း တားဆီးရလြယ္ေနခဲ့တယ္။

တဖက္မွာေတာ့ တန္ျပန္တိုက္စစ္ကေနတဆင့္ မားကပ္စ္ရက္ရွ္ဖို႔ဒ္တစ္ေယာက္ အပိုင္အခြင့္အေရး ရခဲ့ေပမဲ့လည္း အသုံးမခ်ႏိုင္ခဲ့တာလည္း ပြဲကို ေစာေစာစီးစီး ျဖတ္ႏိုင္မဲ့ အခြင့္အေရးနဲ႔ မန္ယူႏိုက္တက္အသင္း ေဝးခဲ့ရပါတယ္။ ပြဲခ်ိန္ ၆၇ မိနစ္မွာ ေျခစြမ္းမျပႏိုင္တဲ့ ဆီဂတ္ဒ္ဆန္အစား အီဝိုဘီဝင္လာၿပီးေနာက္ပိုင္း အဲဗာတန္တိုက္စစ္ တက္လာခဲ့ေပမဲ့ အေပၚကဆိုခဲ့သလို ထိေရာက္မႈအားနည္းေနတာေၾကာင့္ ေခ်ပဂိုးနဲ႔ ေဝးေနခဲ့တယ္။

မန္ယူႏိုက္တက္ကလည္း လုခ္ေရွာအစား တူအန္ဇီဘီကို ထည့္သြင္းကစားခဲ့တယ္။ ပယ္နယ္တီဧရိယာအတြင္း မက္ဂြိဳင္းယားကို ပစ္ဖို႔ဒ္ ဖ်က္ထုတ္ပုံ ၾကမ္းခဲ့ေပမဲ့လည္း အဲဒီမတိုင္မီမွာ မက္ဂြိဳင္းယားက ပစ္ဖို႔ဒ္ကို တြန္းမိခဲ့တာေၾကာင့္ ဒိုင္က ပယ္နယ္တီအျဖစ္ေတာ့ သတ္မွတ္မေပးခဲ့ဘူး။ ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဆိုးရွားက ေပါ့ဂ္ဘာနဲ႔ ကာဗာနီတို႔ပါ ထပ္ထည့္ခဲ့ၿပီး ပြဲကို ထိန္းကစားဖို႔ ျပင္ဆင္ခဲ့ပါတယ္။

ပြဲၿပီးကာနီးအခ်ိန္ေတြမွာလည္း အဲဗာတန္အသင္း ဖိကစားေပမဲ့ ေခ်ပဂိုးရေလာက္တဲ့အထိေတာ့ ျဖစ္မလာခဲ့ဘဲ မန္ယူႏိုက္တက္အသင္းကသာ တန္ျပန္တိုက္စစ္ကေန တဆင့္ ကာဗာနီက နာက်င္အခ်ိန္ပိုမွာ တတိယဂိုး ထပ္သြင္းႏိုင္ခဲ့ပါတယ္။ ဒီနိုင္ပြဲၾကာင့္ ႏိုင္ငံတကာပြဲရက္ေတြမတိုင္မီမွာ ယူနိုက္တက္ဟာ ဂိုးျပတ္ နုိင္ပြဲနဲ႕ လွပစြာ ကားလိပ္ ခ်နိုင္ခဲ့ျပီ ျဖစ္ပါတယ္။

Unicode

နည်းပြရာထူး အတွက်ပါ ရိုက်ခတ်မှုတေါ ရှိနေပြီး မဖြစ်မနေ အနိုင်ယူရမဲ့ပွဲဖြစ်နေတာကြောင့် ဆိုးရှားဟာ ဒီနေ့ပွဲမှာ သူ့အတွက် အကောင်းဆုံးဖြစ်နိုင်တဲ့ လူစာရင်းမျိုးကို ခင်းကျင်းလာခဲ့ပါတယ်။ ပေါ့ဂ်ဘာနဲ့ ဗန်ဒဘိတ်တို့ကို အရန်ခုံမှာပဲ ထိုင်ခိုင်းထားဆဲဖြစ်ပြီး ဖရက်ဒ်၊ တွန်မနေး၊ ဖာနန်ဒက်စ်တို့ ကွင်းလယ်အတွဲနဲ့ ပွဲထွက်လာခဲ့တယ်။

ဘယ်ညာတောင်ပံနှစ်ဖက်မှာတော့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ မာတာတို့ ကစားခဲ့ပြီး အထောင်တိုက်စစ်ကို မာစီယဲလ်က တာဝန်ယူခဲ့တယ်။ ခံစစ်မှာတော့ ဘစ်ဆာကာ၊ လင်ဒလော့ဖ်၊ မက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ဖြစ်ပြီး ဂိုးသမားနေရာမှာ ဒဟေးယား ရှိနေခဲ့ပါတယ်။ အဲဗာတန်အသင်းကလည်း ဒဏ်ရာကြောင့် ရစ်ချာလီဆင် မပါဝင်နိုင်တာကလွဲလို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ပဲ မန်ယူနိုက်တက်ကို ဧည့်ခံခဲ့တာ ဖြစ်ပါတယ်။

အစောပိုင်းပွဲချိန်တွေမှာတော့ အိမ်ရှင်အဲဗာတန်အသင်း အသာစီးရခဲ့တယ်လို့ ဆိုနိုင်ပြီး အားနည်းချက်တွေ ရှိနေသေးတဲ့ မန်ယူနိုက်တက်အသင်းကို ဖိအားပေးကစားသွားနိုင်ခဲ့ပါတယ်။ အယ်လန်၊ ဒူကူးရေး၊ ဆီဂတ်ဒ်ဆန်နဲ့ ရိုဒရီဂတ်ဒ်တို့ ကွင်းလယ်ပိုင်းက ပွဲကို ထိန်းကျောင်းနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။

အထူးသဖြင့် ဘစ်ဆာကာနဲ့ လင်ဒလော့ဖ်တို့ ညာခြမ်းမှာ နေရာလွတ်တွေကြီးမားခဲ့တာကြောင့် အဆိုပါနေရာလွတ်တွေကို ဘားနက်ဒ် အကောင်းဆုံးအသုံးချသွားခဲ့ပြီး ဖိအားပေးနိုင်ခဲ့ကာ ဦးဆောင်ဂိုးကိုလည်း ရယူသွားနိုင်ခဲ့ပါတယ်။ ၁၉ မိနစ်မှာတင်ပဲ ဘားနက်ဒ်ရဲ့ သွင်းဂိုးနဲ့အတူ အဲဗာတန် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးမှာ ပစ်ဖို့ဒ်ရဲ့ ကန်တင်ပေးမှုကို တားဆီးခဲ့တဲ့ လင်ဒလော့ဖ်ရော၊ ဘားနက်ဒ်ကို စိတ်ကြိုက်ကစားခွင့်ပေးခဲ့တဲ့ ဘစ်ဆာကာရော အမှားမကင်းခဲ့ဘဲ ဧရိယာအစပ်က ကန်ချက်နဲ့အတူ ဦးဆောင်ဂိုး ခွင့်ပြုခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း အစောပိုင်း အဲဗာတန်အသင်း သာနေချိန်ကတည်းက ရက်ရှ်ဖို့ဒ်၊ မာစီယဲလ်တို့ရဲ့ တိုးအားလှုပ်အားတွေနဲ့အတူ အဲဗာတန်ခံစစ်ကို မန်ယူနိုက်တက်အသင်း အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့တာဖြစ်ပြီး ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာတော့ အသာစီးကစားတဲ့အသင်းက မန်ယူနိုက်တက်ပဲ ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲမှာ ပုံစံကောင်းပျောက်ဆုံးနေတဲ့ ဘရူနိုဖာနန်ဒက်စ်က ဒီနေ့ပွဲမှာတော့ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး မန်ယူနိုက်တက် တိုက်စစ် ကစားကွက် တည်ဆောက်မှုတွေမှာ အခရာ ကျခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့ အမြင်၊ ပေးပို့မှုတွေနဲ့ လုပ်တတ်ကိုင်တတ်မှုတွေက စကားပြောခဲ့ပြီး အဲဗာတန် ထိန်းချုပ်ရခက်ခဲ့နေခဲ့ပါတယ်။

ဒါကြောင့်လည်း ပွဲချိန် ၂၅ မိနစ်မှာပဲ မန်ယူနိုက်တက်အသင်း ချေပဂိုး ပြန်ရခဲ့ပါတယ်။ လုခ်ရှောရဲ့ တိကျတဲ့ဖြတ်တင်ဘောကို ဖာနန်ဒက်စ်က သေသေသပ်သပ်ပဲ ခေါင်းတိုက်အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ၁-၁ စီသရေ ဖြစ်သွားခဲ့ပြီးနောက်မှာတော့ မန်ယူနိုက်တက်ရဲ့ အရှိန်အဟုန်နဲ့ ဖိအားပေးမှုတွေကို အဲဗာတန် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ နောက်ထပ် ၇ မိနစ်အကြာမှာပဲ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။

ဒီဂိုးကိုလည်း ခြေစွမ်းပြသနေတဲ့ ဖာနန်ဒက်စ်က မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးပို့မှုကို လှလှပပပဲ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အန်ချလော့တီရဲ့ အဲဗာတန်အနေနဲ့တော့ ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာက ရုန်းကန်ရစေတဲ့ အကြောင်းအရင်းတွေ မန်ယူနိုက်တက် တိုက်စစ်ကစားသမားတွေကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

ဒုတိယပိုင်းကတော့ အဲဗာတန်အသင်း ချေပဂိုးရဖို့ ကြိုးစားတဲ့ အခိုက်အတန့်တွေပါပဲ။ အချိန်တိုင်းလိုလို ဖိအားပေးကစားသွားခဲ့ပြီး မန်ယူနိုက်တက်ရဲ့ ခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ဖို့ အဖြေရှာခဲ့ပါတယ်။ မန်ယူနိုက်တက်ကလည်း ခံစစ်ကို အသေအချာအာရုံစိုက်ကစားခဲ့ပြီး သူတို့အားသာတဲ့ တန်ပြန်တိုက်စစ်တွေနဲ့ တုံ့ပြန်ခဲ့တယ်။

ဒီနှစ်ရာသီမှာ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ခံနေရတဲ့ မက်ဂွိုင်းယားက ဒီနေ့မှာတော့ အကောင်းဆုံး ကစားသွားခဲ့ပြီး မန်ယူနိုက်တက်ခံစစ်တန်းကို ဦးဆောင်ခဲ့ပါတယ်။ အဲဗာတန်ကတော့ ဖိအားပေးကစားနေပေမဲ့ တိုက်စစ်ကစားပုံက ထိရောက်မှုမရှိခဲ့တာကြောင့် ဂိုးတွေတော့ ဖြစ်မလာခဲ့ပါဘူး။ အမြင့်ဘောအားသာတဲ့ ကဲလ်ဗတ်-လီဝင်ဆီက တစ်ချိန်လုံး ဖြတ်တင်ပေးပို့ဖို့ ကြိုးစားနေတာကြောင့် မန်ယူနိုက်တက်အသင်း တားဆီးရလွယ်နေခဲ့တယ်။

တဖက်မှာတော့ တန်ပြန်တိုက်စစ်ကနေတဆင့် မားကပ်စ်ရက်ရှ်ဖို့ဒ်တစ်ယောက် အပိုင်အခွင့်အရေး ရခဲ့ပေမဲ့လည်း အသုံးမချနိုင်ခဲ့တာလည်း ပွဲကို စောစောစီးစီး ဖြတ်နိုင်မဲ့ အခွင့်အရေးနဲ့ မန်ယူနိုက်တက်အသင်း ဝေးခဲ့ရပါတယ်။ ပွဲချိန် ၆၇ မိနစ်မှာ ခြေစွမ်းမပြနိုင်တဲ့ ဆီဂတ်ဒ်ဆန်အစား အီဝိုဘီဝင်လာပြီးနောက်ပိုင်း အဲဗာတန်တိုက်စစ် တက်လာခဲ့ပေမဲ့ အပေါ်ကဆိုခဲ့သလို ထိရောက်မှုအားနည်းနေတာကြောင့် ချေပဂိုးနဲ့ ဝေးနေခဲ့တယ်။

မန်ယူနိုက်တက်ကလည်း လုခ်ရှောအစား တူအန်ဇီဘီကို ထည့်သွင်းကစားခဲ့တယ်။ ပယ်နယ်တီဧရိယာအတွင်း မက်ဂွိုင်းယားကို ပစ်ဖို့ဒ် ဖျက်ထုတ်ပုံ ကြမ်းခဲ့ပေမဲ့လည်း အဲဒီမတိုင်မီမှာ မက်ဂွိုင်းယားက ပစ်ဖို့ဒ်ကို တွန်းမိခဲ့တာကြောင့် ဒိုင်က ပယ်နယ်တီအဖြစ်တော့ သတ်မှတ်မပေးခဲ့ဘူး။ ပွဲချိန် ၈၂ မိနစ်မှာတော့ ဆိုးရှားက ပေါ့ဂ်ဘာနဲ့ ကာဗာနီတို့ပါ ထပ်ထည့်ခဲ့ပြီး ပွဲကို ထိန်းကစားဖို့ ပြင်ဆင်ခဲ့ပါတယ်။

ပွဲပြီးကာနီးအချိန်တွေမှာလည်း အဲဗာတန်အသင်း ဖိကစားပေမဲ့ ချေပဂိုးရလောက်တဲ့အထိတော့ ဖြစ်မလာခဲ့ဘဲ မန်ယူနိုက်တက်အသင်းကသာ တန်ပြန်တိုက်စစ်ကနေ တဆင့် ကာဗာနီက နာကျင်အချိန်ပိုမှာ တတိယဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြာင့် နိုင်ငံတကာပွဲရက်တွေမတိုင်မီမှာ ယူနိုက်တက်ဟာ ဂိုးပြတ် နိုင်ပွဲနဲ့ လှပစွာ ကားလိပ် ချနိုင်ခဲ့ပြီ ဖြစ်ပါတယ်။