ေပါ့ဘာက လက္ရွိကလပ္အသင္းမွာ မေပ်ာ္ေတာ့ဘူးလို႔ ျပင္သစ္နည္းျပ ဒက္ခ်မ့္ ေဖာ္ထုတ္
ျပင္သစ္ လက္ေရြးစင္ အသင္း နည္းျပ ဒက္ခ်မ့္က သူရဲ႕ကစားသမားျဖစ္တဲ့ ကြင္းလယ္လူေပါ့ဘာအေနနဲ႔ လက္ရွိကလပ္ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္မွာ မေပ်ာ္မရႊင္ ျဖစ္ေနေၾကာင္း ထုတ္ေဖာ္ ေျပာခဲ့ပါတယ္။
ေပါ့ဘာကို ရီးရဲလ္မက္ဒရစ္ အသင္းက ေခၚယူဖို႔ေစာင့္ၾကည့္ေနသလို ကစားသမား ကိုယ္တိုင္က လည္း ရီးရဲလ္မွာ ကစားခ်င္တယ္လို႔ ဝန္ခံထားတာေၾကာင့္ ယူႏိုက္တက္ အသင္း တာဝန္ရွိသူေတြနဲ႔ ေပါ့ဘာတို႔ အဆင္မေျပ ျဖစ္ေနတာလို႔ သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။
ၿပီးခဲ့တဲ့ဇန္နဝါရီအေျပာင္းအေရႊ႕တုန္းက ဖာနန္ဒက္စ္ေရာက္လာၿပီးေနာက္ ယူႏိုက္တက္အသင္းရဲ႕ကြင္းလယ္မွာ ေပါ့ဘာရဲ႕ အေရးပါမႈေလ်ာ့က်လာခဲ့ၿပီး ေႏြရာသီ အေျပာင္းအေရႊ႕မွာ ေအဂ်က္က ဗန္ဒီဘိတ္ခ္ေရာက္လာခ်ိန္မွာေတာ့ ယူႏိုက္တက္အ သင္းပရိသတ္ေတြအေနနဲ႔ အသင္းရဲ႕ကြင္းလယ္မွာ ေပါ့ဘာထက္ ဖာနန္ဒက္စ္နဲ႔ ဗန္ဒီဘိတ္ခ္တို႔ကို ပိုၿပီး အလိုရွိခဲ့ၾကတယ္ လို႔လည္း သိရပါတယ္။
နိုင္ငံတကာပြဲစဥ္ေတြ မတိုင္ခင္ျပဳလုပ္တဲ့ သတင္းစာရွင္း လင္းပြဲမွာေတာ့ ျပင္သစ္နည္းျပ ဒက္ခ်မ့္က “ ကြ်န္ေတာ္အေနနဲ႔ ေပါ့ဘာကို အၾကံအမ်ားႀကီးမေပးခ်င္ပါဘူး။ သူအေနနဲ႔ ဘာလုပ္ရမယ္ဆိုတာကို သိပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ ယူႏိုက္တက္မွာေတာ့ သူမေပ်ာ္ဘူးဆိုတာ ေသခ်ာပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ေပါ့ဘာဟာ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ ယူႏိုက္တက္အတြက္ မိနစ္ ၉၀ အျပည့္ ကစားခဲ့ရတဲ့ပြဲက ႏွစ္ပြဲသာရွိခဲ့ၿပီး စပါးနဲ႔ အာဆင္နယ္တို႔ကို အေရးနိမ့္ခဲ့တဲ့ပြဲစဥ္ေတြပဲ ျဖစ္ပါတယ္။
Unicode
ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒက်ချမ့်က သူရဲ့ကစားသမားဖြစ်တဲ့ ကွင်းလယ်လူပေါ့ဘာအနေနဲ့ လက်ရှိကလပ်ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်မှာ မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြောခဲ့ပါတယ်။
ပေါ့ဘာကို ရီးရဲလ်မက်ဒရစ် အသင်းက ခေါ်ယူဖို့စောင့်ကြည့်နေသလို ကစားသမား ကိုယ်တိုင်က လည်း ရီးရဲလ်မှာ ကစားချင်တယ်လို့ ဝန်ခံထားတာကြောင့် ယူနိုက်တက် အသင်း တာဝန်ရှိသူတွေနဲ့ ပေါ့ဘာတို့ အဆင်မပြေ ဖြစ်နေတာလို့ သတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့တုန်းက ဖာနန်ဒက်စ်ရောက်လာပြီးနောက် ယူနိုက်တက်အသင်းရဲ့ကွင်းလယ်မှာ ပေါ့ဘာရဲ့ အရေးပါမှုလျော့ကျလာခဲ့ပြီး နွေရာသီ အပြောင်းအရွှေ့မှာ အေဂျက်က ဗန်ဒီဘိတ်ခ်ရောက်လာချိန်မှာတော့ ယူနိုက်တက်အ သင်းပရိသတ်တွေအနေနဲ့ အသင်းရဲ့ကွင်းလယ်မှာ ပေါ့ဘာထက် ဖာနန်ဒက်စ်နဲ့ ဗန်ဒီဘိတ်ခ်တို့ကို ပိုပြီး အလိုရှိခဲ့ကြတယ် လို့လည်း သိရပါတယ်။
နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင်ပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာတော့ ပြင်သစ်နည်းပြ ဒက်ချမ့်က “ ကျွန်တော်အနေနဲ့ ပေါ့ဘာကို အကြံအများကြီးမပေးချင်ပါဘူး။ သူအနေနဲ့ ဘာလုပ်ရမယ်ဆိုတာကို သိပါတယ်။ ဒါပေမယ့် လက်ရှိအချိန် ယူနိုက်တက်မှာတော့ သူမပျော်ဘူးဆိုတာ သေချာပါတယ်” လို့ ပြောခဲ့ပါတယ်။
ပေါ့ဘာဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ယူနိုက်တက်အတွက် မိနစ် ၉၀ အပြည့် ကစားခဲ့ရတဲ့ပွဲက နှစ်ပွဲသာရှိခဲ့ပြီး စပါးနဲ့ အာဆင်နယ်တို့ကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။