ထရိန္နင္မွာ အသင္းေဖာ္ရဲ႕ ေဘာလံုးေပး အဆင္မေျပလို႔ ေပါက္ကြဲခဲ့တဲ့ ဖာနန္ဒက္စ္

ယူႏိုက္တက္ကြင္းလယ္လူဘ႐ူႏိုဖာနန္ဒက္စ္ဟာ အသင္းေဖာ္ဂရင္းဝုဒ္ရဲ႕ ေလ့က်င့္ေရးကြင္းမွာ ျပဳလုပ္ခဲ့တဲ့ အျပဳအမူေတြအေပၚမွာ ေတာ္ေတာ္ေလးစိတ္ပ်က္ေနတယ္လို႔ သိရပါတယ္။

အဲဗာတန္နဲ႔ ကစားခဲ့တဲ့ပြဲမတိုင္ခင္ ျပဳလုပ္ခဲ့တဲ့ ေလ့က်င့္ခန္းအစီအစဥ္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး အဂၤလန္လူငယ္ကစားသမားအေပၚ ဖာနန္ဒက္စ္က စိတ္တိုင္းမက် ျဖစ္ေနခဲ့တယ္လို႔ The Times က ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့တပတ္ ေသာၾကာေန႔က ကာရင္တန္မွာ ေလ့က်င့္ခန္းဆင္းေနခဲ့တာျဖစ္ၿပီး ဖာနန္ဒက္စ္က ေဘာလုံးေပးပို႔ခ်ိန္မွာ ဂရင္းဝုဒ္က အားထုတ္ေျပးလႊားျခင္းမရွိခဲ့တဲ့အေပၚ စိတ္ကြက္ခဲ့တာျဖစ္ပါတယ္။ အဲဗာတန္နဲ႔ပြဲမွာ ဂရင္းဝုဒ္ ပါဝင္ကစားေပးခဲ့ရျခင္း မရွိခဲ့ဘဲ နည္းျပဆိုးလ္ရွားကေတာ့ ေနမေကာင္းျဖစ္ေနတယ္လို႔ အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။

ယူႏိုက္တက္အကယ္ဒမီထြက္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစုံ ၄၉ ပြဲအထိ ကစားခြင့္ရရွိခဲ့ကာ ၁၇ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ ဒီရာသီမွာ အားကိုးအားထားျပဳရလိမ့္မယ္လို႔ ပိုမိုေမွ်ာ္လင့္ခဲ့ရေပမယ့္လည္း သူ႔ရဲ႕ စည္းကမ္းပိုင္းအားနည္းခ်က္ေတြက ျပသနာျဖစ္လာခဲ့ၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း တစ္ႀကိမ္ေ႐ြးခ်ယ္ခံရၿပီးေနာက္ ျပန္လည္ခ်န္လွပ္ခံခဲ့ရပါတယ္။

ဖာနန္ဒက္စ္အတြက္ေတာ့ အသင္းေဖာ္ေတြကို ေဒါသထြက္တာက မၾကာခဏ ဆိုသလိုျဖစ္ေနခဲ့တာလည္းျဖစ္ပါတယ္။ မၾကာေသးမီကလည္း အသင္းေဖာ္သစ္ အဲလက္စ္တဲလက္စ္နဲ႔ ေဘာလုံးေပးပို႔မႈမွာ ဟန္ခ်က္မညီျဖစ္ခဲ့လို႔ ေအာ္ဟစ္ေျပာဆိုမႈေတြရွိထားခဲ့ပါတယ္။

Unicode

ယူနိုက်တက်ကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်ဟာ အသင်းဖော်ဂရင်းဝုဒ်ရဲ့ လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ အပြုအမူတွေအပေါ်မှာ တော်တော်လေးစိတ်ပျက်နေတယ်လို့ သိရပါတယ်။

အဲဗာတန်နဲ့ ကစားခဲ့တဲ့ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အင်္ဂလန်လူငယ်ကစားသမားအပေါ် ဖာနန်ဒက်စ်က စိတ်တိုင်းမကျ ဖြစ်နေခဲ့တယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့တပတ် သောကြာနေ့က ကာရင်တန်မှာ လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က ဘောလုံးပေးပို့ချိန်မှာ ဂရင်းဝုဒ်က အားထုတ်ပြေးလွှားခြင်းမရှိခဲ့တဲ့အပေါ် စိတ်ကွက်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်နဲ့ပွဲမှာ ဂရင်းဝုဒ် ပါဝင်ကစားပေးခဲ့ရခြင်း မရှိခဲ့ဘဲ နည်းပြဆိုးလ်ရှားကတော့ နေမကောင်းဖြစ်နေတယ်လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

ယူနိုက်တက်အကယ်ဒမီထွက် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၉ ပွဲအထိ ကစားခွင့်ရရှိခဲ့ကာ ၁၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဒီရာသီမှာ အားကိုးအားထားပြုရလိမ့်မယ်လို့ ပိုမိုမျှော်လင့်ခဲ့ရပေမယ့်လည်း သူ့ရဲ့ စည်းကမ်းပိုင်းအားနည်းချက်တွေက ပြသနာဖြစ်လာခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း တစ်ကြိမ်ရွေးချယ်ခံရပြီးနောက် ပြန်လည်ချန်လှပ်ခံခဲ့ရပါတယ်။

ဖာနန်ဒက်စ်အတွက်တော့ အသင်းဖော်တွေကို ဒေါသထွက်တာက မကြာခဏ ဆိုသလိုဖြစ်နေခဲ့တာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း အသင်းဖော်သစ် အဲလက်စ်တဲလက်စ်နဲ့ ဘောလုံးပေးပို့မှုမှာ ဟန်ချက်မညီဖြစ်ခဲ့လို့ အော်ဟစ်ပြောဆိုမှုတွေရှိထားခဲ့ပါတယ်။