ဥရုေဂြးအတြက္ ဂိုးသြင္းျပီး ဆိုးရွားကို သတိေပးေနတဲ့ တိုက္စစ္မွဴးၾကီး ကာဗာနီ
မန္ခ်က္စတာယူနိုက္တက္အသင္း တိုက္စစ္မႈး ကာဗာနီ ကေတာ့ ဒီေန႔ မနက္ပိုင္းက ကစားခဲ့တဲ့ ဥ႐ုေဂြး အသင္းက ကိုလံဘီယာ အသင္းကို အနိုင္ရတဲ့ ပြဲမွာ ဥ႐ုေဂြး အသင္းအတြက္ တစ္ဂိုးသြင္းယူနိုင္ခဲ့ပါတယ္။(၂၀၂၂) ကမၻာ့ဖလား ေျခစစ္ပြဲအျဖစ္ ကစားခဲ့တဲ့ ဒီပြဲမွာ ဥ႐ုေဂြး အသင္းက ကာဗာနီ၊ ဆြာရက္စ္၊ ႏူနက္စ္ တို႔ရဲ့သြင္းဂိုးေတြနဲ႔ ကိုလံဘီယာ အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။
ကာဗာနီ ဟာ ဒီပြဲမွာပြဲစထဲက ဥ႐ုေဂြး အသင္းအတြက္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး ပြဲခ်ိန္(၅)မိနစ္မွာပဲ အဖြင့္ဂိုးသြင္းယူေပးနိုင္ခဲ့တာျဖစ္ပါတယ္။ ကာဗာနီ ဟာ ဥ႐ုေဂြး အသင္း အတြက္ ပြဲခ်ိန္ျပည့္ပါဝင္မကစားခဲ့ပဲ ပြဲခ်ိန္(၇၈)မိနစ္အထိသာ ပါဝင္ကစားခဲ့ပါတယ္။ မန္ခ်က္စတာယူနိုက္တက္ တိုက္စစ္မႈးဟာ ဒီပြဲမွာ ပါဝင္ခဲ့တာေၾကာင့္ ဥ႐ုေဂြးလက္ေရြးစင္ အသင္းရဲ႕ တတိယေျမာက္ပြဲအမ်ားဆုံးကစားတဲ့သူလည္းျဖစ္လာခဲ့ပါတယ္။
ကာဗာနီ ဟာ ဥ႐ုေဂြး အသင္းအတြက္ (၁၁၇)ပြဲပါဝင္ကစားထားတာျဖစ္ၿပီး သူ႔ရဲ့အထက္မွာ ပါရဲရား(၁၂၅)ပြဲ၊ ဂိုဒင္ (၁၃၈)ပြဲ ရွိေနတာျဖစ္ၿပီး ဆြာရက္စ္ ကေတာ့ (၁၁၆)ပြဲနဲ႔ သူ႔ရဲ့ေအာက္မွာ ရွိေနတာပါ။ ကာဗာနီ ဟာ ဥ႐ုေဂြး အသင္းအတြက္ (၅၁)ဂိုးသြင္းယူထားပါတယ္။ ကာဗာနီ ဟာ အဲဗာတန္ အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ ကစားသမားဘဝ ပထမဆုံးသြင္းဂိုးကို ရယူထားတာေၾကာင့္ ေနာက္ဆုံးကစားခဲ့တဲ့ (၂)ပြဲမွာ (၂)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။
ကာဗာနီ ကေတာ့ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ အခုအခ်ိန္ထိ ပြဲစထဲက ပါဝင္ကစားခြင့္မရေသးေပမယ့္ ဒီပြဲမွာ ပြဲစထဲက ပါဝင္ကစားခဲ့ၿပီး သူကို ပြဲအစက အသုံးျပဳဖို႔ နည္းၿပ ဆိုးလ္ရွား ကို အခ်က္ေပးလိုက္တာလည္း ျဖစ္ပါတယ္။ ဥ႐ုေဂြး အသင္း ဟာ အခုလ (၁၈)ရက္မွာ ဘရာဇီးလ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး မန္ခ်က္စတာယူနိုက္တက္ အသင္းကေတာ့ အခုလ (၂၂)ရက္မွာ ဝက္စ္ဘရြမ္း နဲ႔ ကစားရမွာပါ။
Unicode
မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှုး ကာဗာနီ ကတော့ ဒီနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ဥရုဂွေး အသင်းက ကိုလံဘီယာ အသင်းကို အနိုင်ရတဲ့ ပွဲမှာ ဥရုဂွေး အသင်းအတွက် တစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။(၂၀၂၂) ကမ္ဘာ့ဖလား ခြေစစ်ပွဲအဖြစ် ကစားခဲ့တဲ့ ဒီပွဲမှာ ဥရုဂွေး အသင်းက ကာဗာနီ၊ ဆွာရက်စ်၊ နူနက်စ် တို့ရဲ့သွင်းဂိုးတွေနဲ့ ကိုလံဘီယာ အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ကာဗာနီ ဟာ ဒီပွဲမှာပွဲစထဲက ဥရုဂွေး အသင်းအတွက် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး ပွဲချိန်(၅)မိနစ်မှာပဲ အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ကာဗာနီ ဟာ ဥရုဂွေး အသင်း အတွက် ပွဲချိန်ပြည့်ပါဝင်မကစားခဲ့ပဲ ပွဲချိန်(၇၈)မိနစ်အထိသာ ပါဝင်ကစားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟာ ဒီပွဲမှာ ပါဝင်ခဲ့တာကြောင့် ဥရုဂွေးလက်ရွေးစင် အသင်းရဲ့ တတိယမြောက်ပွဲအများဆုံးကစားတဲ့သူလည်းဖြစ်လာခဲ့ပါတယ်။
ကာဗာနီ ဟာ ဥရုဂွေး အသင်းအတွက် (၁၁၇)ပွဲပါဝင်ကစားထားတာဖြစ်ပြီး သူ့ရဲ့အထက်မှာ ပါရဲရား(၁၂၅)ပွဲ၊ ဂိုဒင် (၁၃၈)ပွဲ ရှိနေတာဖြစ်ပြီး ဆွာရက်စ် ကတော့ (၁၁၆)ပွဲနဲ့ သူ့ရဲ့အောက်မှာ ရှိနေတာပါ။ ကာဗာနီ ဟာ ဥရုဂွေး အသင်းအတွက် (၅၁)ဂိုးသွင်းယူထားပါတယ်။ ကာဗာနီ ဟာ အဲဗာတန် အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝ ပထမဆုံးသွင်းဂိုးကို ရယူထားတာကြောင့် နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ (၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
ကာဗာနီ ကတော့ မန်ချက်စတာယူနိုက်တက် အသင်းမှာ အခုအချိန်ထိ ပွဲစထဲက ပါဝင်ကစားခွင့်မရသေးပေမယ့် ဒီပွဲမှာ ပွဲစထဲက ပါဝင်ကစားခဲ့ပြီး သူကို ပွဲအစက အသုံးပြုဖို့ နည်းပြ ဆိုးလ်ရှား ကို အချက်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဥရုဂွေး အသင်း ဟာ အခုလ (၁၈)ရက်မှာ ဘရာဇီးလ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက် အသင်းကတော့ အခုလ (၂၂)ရက်မှာ ဝက်စ်ဘရွမ်း နဲ့ ကစားရမှာပါ။